11 September, 2009
ရဟန်းတစ်ပါးအတွက် ကျောင်းသင်္ခန်း(၂)
အင်းခုတော့ တောတွေပြုံးတီး ဂေဟဗေဒစနစ်တွေ ကတိမ်းကပါးဖြစ်ကြလေတော့ သစ်ပင်ကို ကျောင်းအဖြစ်သုံးဖို့ မောင်ဖုန်းအကြံလည်း အငွေ့ပျံရလေသပေါ့။ ပြီးတော့ ရှိသေးသပ ဘုတ်အုပ်အထူကြီးတွေဖတ်ပြီး အိပ်မက်မြင့်မြင့်ကြီးတွေမက်ချင်လာတဲ့ ရောဂါလေ။ ဒီလိုနဲ့ စာသင်တိုက်တွေတက် တက္ကသိုလ်တွေဆက်နဲ့ ရွာလေးနဲ့လည်း ဝေးဝေးသွားတော့တာ။
“မောင်ပဇင်းပညာအရည်အချင်းတွေနဲ့ တို့များရွာလေးမှာ အလုပ်မရှိပါဘူးကွယ်” ဆိုတဲ့
ရွာဦးကျောင်းဆရာတော့်အမိန့်ရှိချက်က သူ့ရွာလေးမှာ ပြန်လည်အခြေချပြီး ကျေးလက်သာသနာဖွံဖြိုးရေးစိတ်ကူးလေးလည်း လွင့်ပါးခဲ့ရလေသပေါ့။ ရွာကအမျိုးတွေကလည်း နိုင်ငံခြားသာသနာပြုတို့ နိုင်ငံကျော်ဓမ္မကထိကဆရာတော်တို့ ဆိုတဲ့ ဝေါဟာရကြီးတွေကို သူတို့အမျိုးရဟန်းတော်လေးရဲ့ ဘွဲ့အမည်နဲ့ ကပ်ပြီး အနာဂတ်ကို ရွှေချနေကြလေသကိုး။
ရွာနဲ့ ငါနဲ့မဆိုင်တော့လေပြီတကား။ ဝေးချေပြီကော ရွာဦးက ကုက္ကိုပင်ကြီးရေ။
ဓမ္မာစရိယတစ်ဘွဲ့ဘွဲ့ ရပြီးရင် ခုလက်ရှိကျင့်သုံးနေတဲ့ ပရိယတ္တိသင်ရိုးညွှန်းတမ်းအတွက် လုံလောက်နေပါပြီ။ ဓမ္မာစရိယဘွဲ့လေးကို ဆုပ်ကိုင်မိတဲ့ အချိန် ကျေးလက်ခေါ်သံကို နားစွင့်မိပေမယ့် ရွာလေးရဲ့ တံခါးချပ်တွေက သူ့အတွက် ပိတ်နေခဲ့ပါပြီ။
မြို့ပြမှာကောတဲ့။ သူ့လို ရဟန်းငယ်တစ်ပါးအတွက် နေရာမရှိ။ အလုပ်မရှိပြန်ပါ။ ဒီလိုနဲ့ ကျောင်းတစ်ကျောင်းမှာ မီခိုကပ်ရပ်နေထိုင်ကာ လမ်းကြောင်းအသစ်တွေနောက် ဖောက်ထွက်ရပြန်ပါတယ်။ ရာသီတိုင်း ကျောင်းတက်ရင်း ဒီပလိုမာတွေ ၀ိဇ္ဖာဘွဲ့ မဟာဝိဇ္ဖာဘွဲ့တွေက သူ့ဘွဲအမည်နောက်မှာ လိပ်စာကဒ်အတွက် အသုံးဝင်လာခဲ့ပြန်ပါတယ်။ သူ့ရည်ရွယ်ထားမိတဲ့ အနာဂတ်ပရိယတ္တိစီမံကိန်းတွေအတွက်တော့ ငြင်းခုန်ရဆဲပါ။ အသိအမြင်များခြင်းဟာ မိတ်ဆွေ ရန်သူဆိုတာကို ခွဲခြားသိစေတဲ့ အတတ်ပညာဖြစ်ရင်တော့ သူ့ဆည်းပူးခဲ့သမျှကို ပစ်ချလိုက်ပါရစေတော့။
ဘာတွေဘယ်လိုစကြမလဲ။ ခေါင်းစဉ်အမျိုးမျိုးတွေအောက်မှာ ခပ်တည်တည်လက်မှတ်ထိုးလိုက်ကြပါစို့။ အမေရိကားနဲ့ အနောက်တိုင်းနိုင်ငံတွေ၊ ဂျပန်နဲ့ အရှေ့အာရှ၊ အရှေ့တောင် အာရှ နိုင်ငံတွေက နယ်ပယ်မျိုးစုံမှာ ခြေလှမ်းကြဲကြဲနဲ့ လျှောက်ကုန်ကြပြီ။ ဒီမှာတော့ စကားလုံးတွေနဲ့ပဲ အဆင်ပြေလေမလား။ သူကပြောကြည့်တယ်။ အနာဂတ်ပရိယတ္တိပညာရေးဟာ ဘယ်ဘက်ကို ဦးတည်နေမလဲ ဆိုတဲ့ မေးခွန်းကို ကိုယ်တိုင်ဖြေနေမိတော့တာ။
10 September, 2009
ရဟန်းတစ်ပါးအတွက် ကျောင်းသင်္ခန်း
အောဇီးက ဒကာမတစ်စု တောင်းပန်မှုကလည်း မဟာဗုဒ္ဓ၀င်ကို ရုပ်ရှင်သဖွယ် မွှန်းပါဆိုသကိုး။ ကိုမိုက်တီး၊ ကိုမီးပွား ၊မောင်မျိုးမင်းနဲ့ ကိုစင်ရော်ကြီးတို့ကို ကင်မရာကိုင်ခိုင်းပြီး ဒကာကိုနေ၀င်းမြင့်ကြီးကို ဇာတ်ညွှန်း ရေးခိုင်းရလေမှာပ။ အင်း မင်းခိုက်စိုးစံတို့ နီကိုရဲတို့ အရိုးတို့ကလည်း ရှိသေး။ အကယ်ဒမီဦးငြိမ်းမင်းကြီး ကိုတော့ ဆွမ်းပဲချက်ကပ်တော့ဗျာလို့ ပြောရတော့မှာပဲ။
ပန်းမြိုင်လယ်က ဥယျာဉ်မှူးဇာတ်ဝင်ခန်းထဲမှာ ကျောင်းဆရာကိုနေအောင်ကြီးပြောတဲ့ “လူဆိုတာ ဆိုးချင်သလောက်ဆိုး မိုက်ချင်သလောက် မိုက်၊ ဘယ်တော့မှ မယုတ်မာရဘူးကွ“ လို့ပြောတာက ရောက်မသွားဘဲ တာတီးဇာတ်ကောင် ဒကာကိုကျော်ဟိန်း( ခုတော့ ဘုန်းကြီးဝတ်နေဆိုလား) ကြီးရဲ့ “ အဘရေ
သောက် သောက်” ဆိုပြီး ထန်းပင်အောက်မှာ မြောက်ခဲ့တာကြီးက ပေါက်သွားခဲ့တာကိုး။အင်း ဟောလီးဝုဒ်နဲ့ဘောလီးဝုဒ်ကပုဂ္ဂိုလ်ကြီးငယ်တွေကိုတော့ မျက်စိမှိတ်လိုက်ရပေမပ။ မွှမ်းမယ် လုပ်ချ လိုက်ဦးမယ်။ စောင့်ကြည့်ကြပေတော့။ အင်းဒီအချိုးမျိုးကြောင့်ပဲ ၀ါဆိုကျောင်း လက်မဲ့ဖြစ်ခဲ့ရပေါင်းများ လှပြီ။ ပိုးဖလံမျိုး အပြောဆိုး အဲ မီးကိုတိုး ကိုယ်ကျိုးနည်းလှပြီ။ကျောင်းရိုးကိုးပေါက် ပျောက်ခဲ့ပြီ။
ခုတော့ ကျောင်းအလှူအကြောင်းပြောရဦးမယ်။ ကျောင်းက အကြီးကြီးဆောက်မှာပါ။ အရင်က ဆောက်ပြီးသားကျောင်းကိုပဲ မုဒိတာနဲ့ ပြန်ဆောက်ကြည့်တာပါ။
မန္တလေးက မစိုးရိမ်တိုက်ကြီးလေ။ မစိုးရိမ်ကျောင်းဒကာအကြောင်းဖတ်မိရင် အဲဒီဒကာကြီးရဲ့ အဇ္ဈတ္တအတွင်း သားနဲ့ လုပ်ဆောင်ချက်တွေက လင်းလင်းလက်လက်ရှိလွန်းလှပါတယ်။တကယ်ပါ မစိုးရိမ်ဆရာ တော်ဘုရား ကြီး အတ္ထုပ္ပတ္တိကို ဖတ်ကြည့်ရင်ကျောင်းဒကာမိသားစုတွေရဲ့ ပုံရိပ်တွေကို ခိုက်သွားမှာ။ ခုလက်ရှိ မစိုးရိမ် တိုက်သစ်ဆရာတော်ဘုရားကြီး အရှင်ရာဇဓမ္မာဘိဝံသပြုစုတော်မူတာပါ။အဲဒီစာအုပ်ရဲ့ စာမျက်နှာ တိုင်းမှာ ပါတဲ့ ဇာတ်ကောင်တွေက တကယ်လှပါတယ်။
ကျောင်းဒကာကြီးက ဦးသက်ရှည်တဲ့။ သူ့သားက မောင်ကျော်ပါ။ အမရပူရ ဥယျာဉ်တော်ရွာသားတွေပေါ့။ အလွန်ဆင်းရဲပါတယ်။ အမရပူရကနေ မန္တလေးကို ဟင်းသီးဟင်းရွက်တွေ လာရောင်းရတာပါ။ ဘတ်စ်ကားတွေ မရှိသေးတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာက အမရပူရ မန္တလေးခရီးဟာ ချွေးပြိုက်ပြိုက်ကျစရာပါ။ ဗိုက်တွေလည်း ဟာစရာပါ။ သားအဖနှစ်ယောက် မုန့်ပြားသလက်တစ်ချပ်ကို နှစ်ယောက်ခွဲဝေစားခဲ့ကြပါသတဲ့။
သူတို့သားအဖနှစ်ယောက်ကို မန္တလေးက ပွဲရုံသူဌေးက မျက်စိကျခဲ့ပါလေရော။ ရိုးသားမှုနဲ့ မမေ့ မလျော့မှုသတိတရားဟာ ချမ်းသာခြင်းဆီကို ပို့ပေးတတ်ပါတယ်။ ပွဲရုံမှာ သားအဖနှစ်ယောက် အလုပ်ရ သွားပါတယ်။ သူတို့က ပွဲရုံအလုပ်ဆိုပေမယ့် သူတို့ကိုယ်ပိုင်အလုပ်လိုကို အားထုတ်ကြတော့တာပါ။ ပွဲရုံလည်းစီးပွားတက်သလို သူတို့သားအဖနှစ်ယောက်မှာလည်း စုမိဆောင်းမိလေးဖြစ်သွားခဲ့တာပါ။ ပွဲရုံပိုင်ရှင် သူဌေးကလည်း သူတော်ကောင်းပါ။ သူတို့ကို ပွဲရုံခွဲထောင်ပေးလိုက်ပါတယ်။
အဓိကအရေးကြီးတာက သူတို့သားအဖရဲ့ အဓိပတိတရားတွေပါ။ ငယ်စဉ်ကတည်းက သားအဖနှစ်ယောက်ရဲ့ စကားဝိုင်းမှာ ကျောင်းဒကာဖြစ်ရေးခေါင်းစဉ်က ကြီးစိုးနေခဲ့တယ်ဆိုပဲ။ သာသနာပြုချင်တဲ့စိတ်က သူတို့ သားအဖနှစ်ယောက်ကို လူရိုးလူကောင်းတွေ ဖြစ်အောင်တွန်းပို့နေတော့တာပါ။ ပြောကြပါစို့ သူတို့သားအဖ တည်ထောင်တဲ့ လက်ဘက်ပွဲရုံလေးက အောင်မြင်လာပါတယ်။ သူတို့မှာ အိမ်ဆောက်ဖို့ထက် ကျောင်း ဆောက်ဖို့ စိတ်ကူးက ရှေ့က ဥသြဆွဲတာပါ။ ရှိတဲ့ ငွေစလေးတွေ ပိုက်ပြီး ရွာပြန်ပြေးကြတာပါ။ ကိုယ့်ငယ်ဆရာ ကျောင်းမှာ ကျောင်းဆောက်မယ်လေ။ အိုးစည်ဗုံမောင်းတွေနဲ့ ဟိုတုန်းက လူဆင်းရဲသားအဖ ကျောင်းရေစက် ချမယ်လေ။
မိုက်တယ်။တကယ် လှတယ်။ ဒီဇာတ်ဝင်ခန်းကို တိုက်တန်းနစ်ရိုက်တဲ့ ဒါရိုက်တာကြီးမစ္စတာကင်မရွန်းတော့ ကင်မရာကို ဘယ်ဘက်က ချိန်မလဲ။ ကြည့်။ရွာဦးကျောင်းဆရာတော်ကြီကလည်း အထင်ကရ အဘိဓမ္မာ ပညာရှင်ဆရာတော်ကြီးပါ။ မြို့ပြင်ကြီးဆရာတော်ဆိုပြီး ကျော်ဇောတော်မူတာပါ။
ကင်မရာက ဆရာတော်ကြီးမျက်နှာကို ချိန်လိုက်ရမှာပါ။ မီးတွေလင်းနေအောင် ထိုးကြကွာ။
“ဟ မောင်သက်ရှည်ရ ဒီရွာမှာ ကျောင်းဆောက်တော့ ဘာအကျိုးများမတုန်းကွ။ ငါလည်း တစ်သက်တာလုံး အဘိဓမ္မာကျမ်းတွေပို့ချခဲ့ပြီးပြီ။ ခု သက်ရွယ်အိုမင်းလို့ အေးအေးလူလူသီတင်းသုံးနေတာ၊ စာသင်သားတွေ လည်း လက်မခံနိုင်တော့ပါဘူးကွယ်။ အကျိုးများအောင် ကျောင်းဆောက်ချင်ရင်တော့ မန္တလေးက စာသင်တိုက်ကြီးတွေမှာ အနေဆင်းရဲနေတဲ့ စာသင်သားတွေအတွက်သာ ကျောင်းဆောက်ဖို့ စီမံပါလေကွယ်”တဲ့။
CUT!
ကောင်းတယ်။ ဒီဇာတ်ဝင်ခန်းကို အကယ်ဒမီပေးကြစို့။ ဂုဏ်ထူးဆောင်အကယ်ဒမီဆရာတော်ပေါ့လေ။
ကျောင်းဒကာလောင်းသားအဖကလည်း သဘောပေါက်လွယ်ပါတယ်။ မန္တလေးမြို့က စာသင်စာချကျောင်းတော် ဘုရားကြီးတိုက်အတွင်းမှာ ကျောင်းဆောက်လှူခဲ့ပါတယ်။ စာသင်သားတွေ စုစုရုံးရုံးစာတက်နေတဲ့ မိုးယိုယိုင်နဲ့နေတဲ့ကျောင်းလေးကိုမှ ရှာဖွေလှူဒါန်းခဲ့တာပါ။ အဲဒီကျောင်းရဲ့ ဆရာတော်ဘွဲ့အမည်ကိုတောင် သိကြဟန်မတူပါဘူး။
စမ်းချောင်းလေးသက်ဆိုင်ချင်သော ကဗျာ
ရွှေပြည်ကြီးမှာ စာဝါပို့ချခဲ့စဉ် တပည့် ရှင်ငယ် ရဟန်းငယ်လေးတွေကို မအအောင် မြန်မာစာ စာစီစာကုံး အနှုံးအဖွဲ့လေးတွေလုပ်ပေးခဲ့လေသပေါ့။ ယုတ်စွအဆုံး မေတ္တာစာလေးလောက်တော့ ရေးတတ်ရမယ်လေ။
ခုရေးနေတဲ့စာဟာ သူ့ဘေးနားက သူ့ကို ထမင်း အဲ ဆွမ်းချက်ကျွေးနေတဲ့ မိတ်ဆွေရဟန်းတော်က စမ်းချောင်းဆိုတဲ့ စကားမပါပဲ စာရေးခွင့်မပြုဆိုလို့ စမ်းချောင်းလေးအကြောင်း ထည့်ရေးနေမိတာ။
ဒီနေ့တော့ ရွှေကျင်ဆရာတော်ကြီးအကြောင်းလည်း ပြောဖြစ်တယ်။ ဆရာတော်ကြီးက ၀ိနည်းဓိုရ်လွန်းတော့ ကိုယ့်အဖေကိုတောင် ကိုယ်မယုံတာတဲ့။ အိမ်ကို ကြွပြီး တစ်ခုခု အလှူခံတိုင်း အမေနဲ့ မတွေ့ရင် အလှူမခံဘူးတဲ့။ အဲဒါကို အဖေက ဖီလင်ဖြစ်နေတာပါ။ ၀ိနည်းတရားတော်အရ ဆွေမျိုးမတော်ရင် အလှူမခံရဆိုတော့ ရွှေကျင်ဆရာတော်လောင်းလျာမောင်ပဇင်းလေးကလည်း သူ့ဖခင်ဆီမှာ ဘယ်တော့မှ အလှူမခံတာတဲ့။ ဆရာတော်လေးက အမေကတော့ သေချာတယ်။ အဖေက မရေရာဘူးလို့ ကြံတော်မူသကိုး။ ဆရာတော်လေးရဲ့ ခမည်းတော်ကလည်း ဒီလောက်တောင် ၀ိနည်းသည်းလွန်းတာ “ မယုံရင် ကိုယ်တော့်အမေကို မေးဗျား“တဲ့။
အဟတ်။ ဆရာတော်ကြီး မေးမမေးတော့ မသိပေါင်။ ရတနာပုံနေပြည်တော်ကြီးမှာတော့ မင်းဆရာဖြစ်ခဲ့လေသပေါ့။
အဲဒီဆရာတော်ကြီးကြောင့်ပဲ ရွှေပြည်ကြီးမှာ ရွှေကျင်ဂိုဏ်းကြီးရယ်လို့ ပေါ်ထွန်းခဲ့လေသပေါ့။
ရေးချင်တာက စမ်းချောင်းလေး အကြောင်းပါ။ ရေးမိတာက စပ်မိစပ်ရာ။
09 September, 2009
သစ္စာရှာဖို့ မြင်းစီးသူနောက်ဆက်တွဲ
သူ့မိတ်ဆွေ ညီငယ်မောင်ပဇင်းလေးက သူ့ရပ်ရွာလေးမှာ လေးစားလောက်ဖွယ်လုပ်ရပ်တွေနဲ့ဂုဏ်ယူစရာစာမျက်နှာတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဇာတိရွာလေးမှာ အထင်ကရ သိမ်တော်ကြီးကို တည်ဆောက်ပေးနိုင်ခဲ့သလို ရွာလေးရဲ့ မျိုးဆက်သစ်လူငယ်လူရွယ်တွေအတွက် သင်တန်းမျိုးစုံတွေ ဦးဆောင်ဖွင့်လှစ်နိုင်ခဲ့တာ ပျော်စရာကြီးပါ ။မကြာမီမှာ သိမ်တော်ကြီးရေစက်ချကုသိုလ်တော်အလှူပွဲ ဆင်နွှဲနိုင်တော့မှာဆိုပဲ။
အံ့သြစရာကတော့ ကရုဏာဝိဟာရပညာရေးဗိမာန်တည်ထောင်ရေးစီမံကိန်းကတော့ သာသနာ့ညီငယ်လေးရဲ့ ခမ်းနားတဲ့ ပရောဂျက်တစ်ခုဖြစ်နေခဲ့ပါတယ်။ သူအရွယ်နဲ့ သူ လောကီထဲက လောကုတ္တရာကို လှအောင် ရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ပဲဖြစ်ပါလိမ့်မယ်။ ရွာလေးက ထူးချွန်ကလေးတွေကို ပညာရေးထောက်ပံ့ငွေတွေ နှစ်စဉ်ပေးနိုင်အောင် အားထုတ်နေတာ သူမို့ စွမ်းနိုင်တာပါ။
ပြောချင်တာက ညီငယ်လေးရဲ့ ကျောပိုးအိပ်ထဲက စာအုပ်ပါ။ အဲဒီစာအုပ်ရဲ့ ခေါင်းစဉ်က '' Buddhism made plain" တဲ့။ရွှေပြည်ကြီးရဲ့ လေးစားလောက်တဲ့ ဘာသာပြန်ဆရာ (ဦး) ကျော်ဝင်းကတော့ “ သစ္စာရှာဖို့ မြင်းစီးသူ” ဆိုပြီးလှအောင်လုပ်လိုက်တာပါ။ မောင်သာနိုးကြီးရဲ့ အာရှတိုက်အလင်းရောင်ဘာသာပြန်ထဲက စကားလုံးတွေကို ကြိုက်လို့ဆိုပဲ။
တကယ်တော့ ဆရာကျော်ဝင်းဘာသာပြန်ပြီးတဲ့ အချိန်မှာမှ မူရင်းစာရေးသူနဲ့ သူက တွေ့ခဲ့ရတာပါ။ အမှန်တကယ်ရေးသူက Mr. Antony Fernando ဖြစ်ပါတယ်။ ကြီးကြပ်သူက Leonard Swidler ဖြစ်ပါတယ်။ မစ္စတာဆွစ်ဒလားက ပါမောက္ခကြီးပါ။ ကျမ်းရေးသူက ကျောင်းသားအဆင့်ပဲရှိပါတယ်။ မစ္စတာဆွစ်ဒလားကတော့ ကျမ်းရေးဆရာရဲ့ ကျမ်ကြီးကြပ်သူဆရာဖြစ်ပါတယ်.။ မစ္စတာဆွစ်ဒလားမြန်မာပြည်ရောက်ချိန်မှာ သူနဲ့ တွေ့လိုက်ရပေမယ့် ဆရာကျော်ဝင်းရဲ့ သစ္စာရှာဖို့မြင်းစီးသူရဲ့ ဖန်တီးသူရယ်လို့ မသိခဲ့ပါဘူး။
ဘာပဲဖြစ်ဖြစ် မစ္စတာဆွစ်ဒလားရဲ့ နာမည်ကို ဂူးဂဲလ်မှာ ရိုက်ထည့်လိုက်ရင်တော့ သစ္စာရှာဖို့ မြင်းစီးသူ ဇာတ်ဝင်ခန်းထဲတော့ ကျော့ကျော့လေးရောက်သွားမှာပါ။ ပြောရရင်တော့ သူက မစ္စတာ ဆွစ်းဒလားနဲ့ နံနက်စာကို မြန်မာလေဆိပ်အနားက Milliom coins စားသောက်ဆိုင်လေးမှာ ထိုင်ဘုန်းပေးရင်း စကားစမြည်တွေပြောခဲ့ကြသေးတာကိုး။ ဆရာဂျက်ကွမ်းခြံကုန်းကြီးလုပ်သလို ငါကားဖြစ်ချေပြီအပေါက်မျိုးပေါ့။
ဆရာကြီးက ဒိုင်ယာလော့ခ်ဘာသာရပ်ကို ပို့ချခဲ့တာစိတ်ဝင်စားစရာပါ။ ဒီနေ့ခေတ်မှာ ဒီဘိတ်တွေ မရှိသင့်တော့ဘူးတဲ့။ ဒိုင်ယာလောခ်တွေနဲ့ နွေးထွေးရမယ့်အချိန်ရောက်ပြီတဲ့။ သူဆွေမျိုးစပ်ပြလိုက်တော့လည်း အဟုတ်သားပေါ့။ ဂျူး၊ ခရစ်ယာန်။ အစ္စလာမ်နဲ့ ဟိန္ဒူဘာသာတို့က ထာဝရဘုရားကိုးကွယ်သူအချင်းချင်းမို့ ပထမဆုံးစကားပြောရမယ်တဲ့။ ဗုဒ္ဓဘာသာတို့ ဂျိန်းဘာသာတို့ကတော့ ထာဝရဘုရားကိုးကွယ်မှုကနေ ဖောက်ထွက်လာတာဆိုတော့ ဆွေမျိုးစပ်မယ်ဆိုရင် မဝေးဘူးတဲ့။ ဒီတော့ ငြင်းခုန်ရန်ဖြစ် ဒီဘိတ်တွေထက် ဒိုင်ယာလော့ခ်သာ ဖြစ်သင့်တာပါတဲ့။ ကမ္ဘာ့မိသားစုအိမ်ကျဉ်းကျဉ်းလေးထဲမှာ ညီအကို မောင်နှမတွေ အတွေးအခေါ်မတူ အယူအဆကွဲရုံနဲ့ ထမင်းလက်ဆုံမစားနိုင်ကြတာတော့ ၀မ်းနည်းစရာကောင်းတာပေါ့တဲ့။ စသည် စသည်ပေါ့လေ။
ဆရာကြီးက အသက်ကလည်း (၇၉) နှစ်ရှိပါပြီ။ ချမ်းမြေ့ဆရာတော်နဲ့ စကားပြောဖို့ သူက မိတ်ဆက်ပေးခွင့်ရခဲ့ပါတယ်။ ဆရာတော်ကြီးက သက်တော် (၈၀) ရှိပါပြီ။ပညာရှင်ကြီးနှစ်ဦးကြားက စကားတွေက တစ်သက်တာအောက်မေ့ဖွယ်ရာ သာရဏီယကထာအစစ် ဖြစ်ခဲ့ပါတယ်။
ဆရာကြီးမစ္စတာဆွစ်ဒလားနဲ့ အင်းစိန်၊ကြို့ကုန်းမှာရှိတဲ့ ခရစ်ယန်ဓမ္မတက္ကသိုလ်မှာ တွေ့ခွင့်ရတာပါ။ သူကလည်း အဲဒီတက္ကသိုလ်ရဲ့ ဧည့်ကထိကအဖြစ် ကမ္ဘာ့ဘာသာကြီးများဌာနမှာ သောကြာနေ့တိုင်းရောက်ဖြစ်ခဲ့တာပါ။ သူက Humanism ဆိုတာကို ကြိုက်နှစ်သက်တော်မူတဲ့ ဗုဒ္ဓအရှင်အကြောင်း သတင်းကောင်းပါးဖို့ ကြိုးစားခဲ့တာပါ။ ခရစ်ယန်ဘာသာဝင်မိသားစုတွေနဲ့ အပြုံးတွေ စကားလုံးတွေ ဖလှယ်ခွင့်ရခဲ့တာ အမှတ်ရစရာပါပဲ။
ီဘာပဲဖြစ်ဖြစ်ပေါ့ ညီငယ်လေးလို တက်ကြွလေးနက်တဲ့ ရဟန်းတစ်ပါးရဲ့ ကျောပိုးအိပ်ထဲက စာအုပ်တစ်အုပ်ထဲမှာ တစ်ခုခုတော့ သိပ်သိပ်သည်းသည်း ပါဝင်နေခဲ့ပါလိမ့်မယ်။ အမေရိကားက ဖုန်းခေါ်သံတော့ ကြားရပါသေးတယ်။ မစ္စတာ ဆွစ်ဒလား ကျန်းမာလျက်ရှိကြောင်း။
08 September, 2009
“ထိကေ” အခန်းအပြင်ဘက်မှာ
သူလည်း တက္ကသိုလ်ဗိုက်ဗာ( ဆိုရရင်တော့) အင်တာဗျူးပေါ့လေ အောင်အောင်မြင်မြင် ပြီးသွားပါပြီ။ အမှန်တကယ်တော့ ဗိုက်ဗာဆိုတာက သူထင်တာထက်နည်းနည်းတော့ ပိုပါတယ်။ တက္ကသိုလ်အဓိပတိရုံးခန်းမှာပြုလုပ်တဲ့ အင်တာဗျူးဟာ ပေါ့ပေါ့ပါးပါးမဟုတ်တာ သေချာခဲ့ပါတယ်။ ကံကောင်းတာလားတော့ မသိဘူး။ ဒုတိယအဓိပတိက အခါတိုင်း ပါရဂူကျောင်းသားတွေရဲ့ ဗိုက်ဗာကို ကိုယ်တိုင်တက်ရောက်လေ့ရှိပေမယ့် ဒီနေ့တော့ ခရီးလွန်နေဆိုပဲ။
သူ့ကို ဌာနဆိုင်ရာပါမောက္ခက ပါရဂူကျောင်းသားအဖြစ် လက်ခံလိုက်ပြီဆိုပေမယ့် လက်ခံလိုက်တဲ့ ကျောင်းသားက ပါရဂူကျမ်းပြုဖို့ အရည်အချင်းပြည့်မီကြောင်း အခြားတက္ကသိုလ်က ဆရာတွေရှေ့မှာ သက်သေပြရတဲ့သဘောပါ။ အဲဒီတော့ သူ့အတွက် မေးခွန်းတွေက ချိန်ကိုက်ဗုံးတွေလို ပေါက်ကွဲဖို့ အသင့်ရှိနေခဲ့လေမလား။
ပါမောက္ခဂုရုကြီးတွေ စုဝေးရာ အခန်းထဲ သူဝင်ရောက်သွားတာနဲ့ သူ့ရဲ့ ထူးခြားတဲ့ ရဟန်းအသွင်အပြင်က အားလုံးကို ဖမ်းစားလိုက်တယ်ထင်ပါတယ်။ ဟိန္ဒူကျောင်းသားတွေကြားထဲမှာ သူဦးပြည်းစိမ်းစိမ်းက ဘာသာရပ်အသစ်ဖြစ်နေခဲ့တာပါ။
သူ့ပါမောက္ခက သူနဲ့ အနီးဆုံးက ခုံမှာထိုင်ခိုင်းပါတယ်။ ပြီးတော့ သူ့ကို ကြွရောက်လာကြကုန်သော ဂုဏ်သရေရှိပါမောက္ခဆရာကြီးတွေနဲ့ မိတ်ဆက်ပေးပါလေရော။ ဘယ်ဘာသာနဲ့ ဖြေမှာတုန်းလို့လည်း မေးပါသေးတယ်။ “ပါဠိဘာသာယစေ၀ အင်္ဂလိသဘာသာယစ ၀ိဿဇ္ဖေမိ ။” လို့ လုပ်ထည့်လိုက်တော့ ပါမောက္ခတော်တော်များများက ကုလားထိုင်ကို ခပ်တည်တည်နဲ့ နောက်မှီလိုက်ကြတော့တာပါ။ ပါဠိဘာသာကို နည်းနည်းတော့ တွန့်သွားတာပါ။ အသက်ရှစ်ဆယ်ကျော်ရှိပြီဖြစ်တဲ့ ဂုရုကြီးကတော့ ရှေ့တိုးလာပါတယ်။ သူ့အတွက်ပျော်စရာကောင်းတဲ့ မေးခွန်းတွေ တစ်ခုပြီး တစ်ခုမေးတော့တာပါ။ အဲဒီဆရာကြီးက သူ့ကို သိနေပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က သူနဲ့ စကားပြောခွင့်ရခဲ့ဖူးပါတယ်။ အင်္ဂလန်နိုင်ငံ ဘာမင်ဂန်ဆရာတော် ဒေါက်တာအရှင်ရေ၀တဓမ္မက သူ့တပည့် ဆိုပဲ။ အဲဒီတော့ သူကလည်း ဒေါက်တာရေ၀တဓမ္မဆီမှာ နှစ်ရက်ခန့်( ထေရ၀ါဒတက္ကသိုလ်တက်စဉ်က) တပည့်တော်ဖူးလေတော့ ဆရာ့ဆရာဆိုပြီး တရုတ်သိုင်းကားတွေထဲကလို ဆွေမျိုးစပ်ရတော့တာပါ။
ဆရာကြီးကလည်း ချစ်စရာဖြစ်သလို သူ့ပါမောက္ခကလည်း အားကိုးစရာကောင်းပါတယ်။ ဆရာကြီးရဲ့ ရေပက်မ၀င် ပါဠိဘာသာမေးခွန်းတွေက ၀ူတန်းတောင်ပေါ်က နဂါးနိုင်ဓားကွက်တွေလို လှပသိပ်သည်းနေသလို သူငယ်ငယ်တုန်းက အမြင်ကပ်ကပ်နဲ့ ကျက်ခဲ့တဲ့ စာတွေကလည်း နေလစကြာအတွင်းအားတွေဖြစ်နေခဲ့ပါရောလား။ ဆရာဂုရုကြီးကလည်း ပျော်နေတာပါ။ ပါမောက္ခကတော့ နှုတ်ခမ်းမွှေးတွေထောင်နေအောင် ပြုံးနေတော့တာ။ ကျန်တဲ့ ပါမောက္ခတွေကလည်း လေးစားလောက်တဲ့ ဆရာကြီးရဲ့ မေးခွန်းတွေနဲ့ သူ့ရဲ့ ဗရာမင်ဟန်အသံနဲ့
ံ( ကြိုတင်လေ့ကျင့်ထားခြင်းဖြစ်သည်)အဖြေတွေကို ခေါင်းတရမ်းရမ်းနဲ့ ကောင်းချီးပေးကြတာပါ။
နောက်တော့ ပါမောက္ခတစ်ယောက်က ငါလည်း အင်္ဂလိပ်လို မေးဦးမယ်ကွာလို့လုပ်တာပါ။ သူ့ပါမောက္ခကလည်း မေးချင်ရာမေးပေါ့။ အဲဒီပါမောက္ခကလည်း ဘာရယ်မဟုတ်တော့ပါဘူး။ ပါဠိဆရာဂုရုကြီးနဲ့ အမေးအဖြေလုပ်နေတာကို သူက ပျော်နေဟန်တူပါတယ်။ ဗာရမာဝါလားလေးတော့ မဆိုးဘူးပေါ့လေ။ ဖြေနိုင်တာတွေ မေးတာကိုး။ သူက “ ငါမေးချင်တာက ဒီနေ့ခေတ် အိန္ဒိယနိုင်ငံသား ဗုဒ္ဓဘာသာအဘိဓမ္မာစာပေပညာရှင်ကို သိလား”တဲ့။
သူ့စိတ်ထဲမှာ ပေါ်လာတာတွေက ရာဟုလာသံကစ္စည်း၊ အာနန္ဒာကောသလ္လာယန၊ ဓမ္မရက္ခိတ တို့ပါ။ သူတို့သုံးယောက်အမည်တွေကို ပြောပြလိုက်မိတယ်။ အဟတ် တစ်ပါးကျန်သွားတယ်။ ကျန်တဲ့ တစ်ပါးက အဖြေမှန်ပါ။ “ဇာဂဒိသ ကဿပကို မသိဘူးလား ” တဲ့။ “Oh Yes, he was the first director of Nava Nalanda Mahavira” အဲဒီအခါမှ ပေါက်သွားတာပါ။ နာလန္ဒာတက္ကသိုလ်အဟောင်းကြီးဘေးမှာ ဒီနေ့ခေတ် နာလန္ဒာတက္ကသိုလ်အသစ်ကို တည်ထောင်သူကိုယ်တော်ကြီးကို မေ့နေပါရောလား။
ဘာပဲဖြစ်ဖြစ် “ထိကေ ထိကေ“ အသံတွေနဲ့ အတူ သူထွက်လာနိုင်ခဲ့ပါတယ်။ ထိကေ ဆိုတာ အိုကေပေါ့။ အိန္ဒိယရောက်ရင် ထိကေလေးတော့ သိထားဦးမှ။ ထိကေရဲ့ အလွန်မှာ အပြုံးတွေ အပြုံးတွေ။
06 September, 2009
ကဲန်ဆယ်လေးရှင်းအလွန်
အခန်းတွင်းဝယ် ဘာသာရပ်ဆိုင်ရာပါမောက္ခဂုရုကြီးများက အသင့်မေးခွန်းများနှင့် တိုက်ပွဲခေါ်သံပေးနေကြလေသည်။ သူတို့လက်ထဲတွင် သူရေးသားမည့် ကျမ်းစာ၏ အကြိုပဏာမစာတမ်းငယ်များကိုယ်စီရှိနေခဲ့ပြီးပြီ။
04 September, 2009
ဓမ်ဖိုတိန်းမင့်တ်

“သောက်ပါ ဦးဘချစ် ဗမာပြည်မှာ ကျနော်တစ်ယောက်တည်း သောက်တဲ့ စီးကရက်လေ။ This is the only cigarette what I alone smoke in this country. ”(ဗိုလ်အောင်ဒင့် ရီသံ)
ဗိုလ်အောင်ဒင်လို ရယ်ခြင်းအတတ်ပညာတတ်မြောက်ဖို့ အရေးကြီးလေရဲ့။ ပြောချင်တာက လူဆိုး တစ်ယောက်ရဲ့ ကာရိုက်တာကိုတောင် အနုပညာမြောက်အောင် ဖျော်ဖြေ တင်ပြတတ်ရင် အပြစ်ဒေါသကလွတ်တတ်တာပါပဲ။
ငယ်ငယ်က သူနေခဲ့တဲ့ ရွာလေးမှာ ညည သာရေးနာရေးရှိပြီဆို လော်စပီကာ(Loud Speaker) လို့ခေါ်တဲ့ အသံချဲ့စက်ကနေ ဂန္ထ၀င်သီချင်းတွေ ၊ ဗုဒ္ဓ၀င်ဇာတ်လမ်းတွေနဲ့ ပြဇာတ်တိပ်ခွေတွေကို ကြားရတော့တာပါ။ တစ်ရွာလုံးလူကြီးလူငယ်တွေ ပြောလက်စစကားကို ဖွဖွလေးပြောလို့ အသံချဲ့စက်ဆီကိုပဲ သမာဓိပို့လွှတ်ပြီး လော်စပီကာကသိုဏ်းပွားကြတော့တာပဲ။ အသံထွက်မိရင်ပဲ (အသက်ရွယ်ကြီးလေးစားလောက်သူဆိုပြဿနာမတက်ပေမယ့်) ငယ်ရွယ်သူ၊ ပြောလို့ဆိုလို့ရမယ့် သူဆိုရင်တော့ အော်ငေါက်ခံရတော့တာပါပဲ။ဇာတ်ရှိန်တက်နေရင်တော့ ပြောခံရတာနဲ့ နေစရာရှိ တော့မှာ မဟုတ်ပေဘူး။ သိပါတယ်။ မြို့ပြကလူတွေအတွက်တော့ ရယ်ကြဲကြဲဖြစ်စရာပါ။ဖြစ်မှ ဖြစ်ရလေပေါ့။ လော်စပီကာယဉ်ကျေးမှုက လွဲပြီး ဖျော်ဖြေရေးဆိုတာက ရွာလေးမှာ ရှိမှရှိပဲကိုး။
ပျဉ်းမငုတ်တို၊ မေတ္တာစစ်ကို ထောက်ပြပါ၊စိုးမိုးမေတ္တာတို့လို (Drama) ဇာတ်လမ်းတွေ၊ အောင်ဖေအောင်ရွှေ၊သံမဏိဗိုလ်စံဖဲတို့လို(Action) ဇာတ်ကြမ်းတွေကြောက် မျက်ရှင်စိန်စိန်၊ မနုစာရီတို့လို (Fiction)ဇာတ်လမ်းတွေမြစိမ်းသိုက်လို(Tragedy)ဇာတ်လမ်းတွေကို ရွာကအမျိုး တွေ ကြိုက်လေ့ရှိပါတယ်။ အင်း သူလည်း ကိုရင်ပေါက်စကတည်းက ဘုန်းတော်ကြီးရဲ့ ဝေယျာဝစ္စတွေလုပ်ရင်းနဲ့ ခိုးခိုးပြီးနားထောင်ခဲ့ရတာပါပဲ။ ဇာတ်လမ်းဇာတ်ကွက်တွေ ဒိုင်ယာလော့ တွေကို ဘုန်းတော်ကြီးသင်တဲ့ အတွင်းအောင်ခြင်း အပြင်အောင်ခြင်းတွေနဲ့ ရောထွေး ကျက်မှတ်ခဲမိပါလေရဲ့။
မှတ်မှတ်ရရ ဘုန်းတော်ကြီးမရှိခိုက် ကိုရင်ကျောင်းသားတွေ ပျဉ်းမငုတ်တိုဇာတ်လမ်းကို ခင်းကျင်းမိလို့ အရိုက်ခံထိခဲ့ပါသေးတယ်။ သာရေးနာရေးရှိလို့ ဆရာတော်ကြီးတွေ ကြွလာရင် ဧည့်ခံဖို့ထားတဲ့ ခေါင်းအုံးတွေကို ဘီဒိုတွေထဲ ထုတ်၊ ခေါင်းအုံးအစွန်းတွေကို ကြိုးတွေနဲ့ချည် ကျောမှာလွယ်လို့ (ကျောပိုးအိပ်ပေါ့လေ) ကြေးစည်ခေါင်းလောင်းတီးတဲ့ ထိုးမောင်းထိုးစည်တွေကို သေနတ်စိန်ပြောင်းတွေလုပ်ပြီး“ ရဲဘော်မောင်တူး” အော်ဟစ်ရင်း ကျောင်းတွင်းစစ်ပွဲတွေ ပြင်းထန်နေတဲ့ အချိန် ဘုန်းတော်ကြီးက ပြန်ရောက်လာခဲ့တာပါ။ တစ်ချိန်တစ်ခါဆီက ရွာလေးမှာပေါ့လေ။
ခုတစ်ခေါက် နှစ်ပေါင်းများစွာ ကြာပြီးမှ ရွာလေးကို ပြန်ရောက်ချိန်မှာတော့ ရွာလေးက ဗီစီဒီကာရာအိုကေစက်တွေနဲ့ ကြိုဆိုနေခဲ့ပါတယ်။ ရွာလေးမှာ ဓမ်ဖိုတိန်းမင့်တွေ ထွန်းကားနေတာ ၀မ်းသာကြည်မြစရာဖြစ်ခဲ့ပါတယ်။ ဓမ်ဖိုတိန်းမင့် ဆိုတာ Dhamma(တရားဓမ္မ)+ Information (သတင်းအချက်အလက်) + entertainment (ဖျော်ဖြေရေး) ကို ပေါင်းစပ်ကြည့်တာပါ။ Infortainment ဆိုတာကို သဘောသက်ဝင်မိလို့ပါ။
ရွာတော်ရှင်လိုနတ်ပွဲမျိုးတွေမှာ တက်ကြွခဲ့တဲ့ အမျိုးတွေ တရားဗီစီဒီပြပြီဆို ရှေ့ဆုံးက ရောက်ကြတာဆိုကိုး။ မျက်လုံးခွဲစိတ်ထားတဲ့ အမေဆို တရားပွဲခွေတွေပြပြီဆို တရားဟောဆရာ တော်လေးရဲ့ အသံတော်လေးပဲ ကြားကြားဆိုပြီး တိုးတိုးဝှေ့ဝှေ့ နေရာဦးတော့တာတဲ့ ။အမေက တီဗီဇာတ်လမ်းတွဲတွေကို အလွန်ကြိုက်သူပါ။ဖြစ်တော့ ဖြစ်ချေပြီပေါ့။
ရွာလေးရဲ့ တစ်ခုတည်းသော လက်ဘက်ရည်ဆိုင်လေးမှာလည်း မနက်မနက်ဆို သီချင်းခွေတွေ ထက် ဓမ်ဖိုတိန်းမင့်တွေက အသက်ဝင်နေတော့တာပါ။ ရွာဦးကျောင်းဘုန်းတော်ကြီးကဆို “မောင်ပဇင်းရေ ငါတော့ သက်သာသကွ ၊ဟိုတုန်းကတော့ ဥပုသ်သည်ဒကာမကြီးငယ်တွေ ဥပုသ်နေ့ကျောင်းလာရင် သနပ်ခါးမလိမ်းခဲ့ဖို့ လက်ဝတ်ရတနာတွေ အပြိုင်ကြွားဝတ်မလာဖို့ အတော်ပြောရတယ်ကွာ။ ခုတော့လည်း မောင်ပဇင်းတို့မြို့ပြက မောင်ဘုန်းတွေ ဟောလိုက် တော့လည်း အဟုတ်သားပါလား။ ပြီးတော့ ရှိသေးသကွ မောင့်ခမည်းတော်အပါအ၀င် ဒကာကြီး တွေ ပုတီးကြီးတွေ တကားကားနဲ့ မဖြစ်ညစ်ကျယ်တရားစာပိုဒ်လေးတွေ ရွတ်ဖတ်ပြီး ငြင်းခုန်ကြတာ ခုတော့လည်း ငြိမ်လို့ဆိတ်လို့ဗျား။
ပြီးတော့ မြို့မှာ ခေတ်စားနေတဲ့ ၀ိပဿနာတရားဟောပါဦးဆိုလို့ ဥပုသ်နေ့တိုင်း အလုပ်ပေး တရားပြရင်း ငါပါတရားထိုင်နေရသဗျား ”တဲ့။ သက်သာတယ်လို့ပြောတဲ့ ဆရာဘုန်းတော်ကြီး လည်း ဓမ်ဖိုတိန်းမင့်ထဲ ရောပါနေပြီမို့ နိပ်သဟလို့ ကောင်းချီးမင်္ဂလာပြုရပေမှာပဲ။
ဒါတင်မကသေး နှမတွေ တူမတွေ ဒေါ်ကြီးဒေါ်လေးးတွေကလည်း ဓမ္မကထိက ဆရာတော် လေးတွေကို ဘုန်းဘုန်းနေတိုးလို့ ခေါ်လို့ခေါ် ဘုန်းဘုန်းခမ်းလှိုင်လို့မှည့်လိုမှည့် လုပ်နေကြ တော့တာ ။ အားရစရာပေပ၊ဘာပဲဖြစ်ဖြစ် သူတို့တွေ မိဘစကားတွေ ပိုနားထောင်တတ်လာတာ၊ ယောဂီဝတ်စုံလေးတွေနဲ့ ဘုန်းတော်ကြီးကျောင်းကို အသင်းအဖွဲ့လေးတွေ စုစုပြီး ဝေယျာဝစ္စလာ လုပ်ကြတာ။ ဟိုလူ့အတင်းပြော ဒီလူ့အတင်းပြောတွေ( ပြောချင်ကြပေမယ့်) ပေနေနိုင်ကြတာ ချီးကျူးစရာပေပဲပ။
ဦးကြီးဦးလေး လူပျိုကြီးတွေနဲ့ လူပျိုပေါက် တူတွေ ညီတွေလည်း ရွာဓလေ့ရပ်ထုံးစံ အပျိုတွေ စုဝေးရာ တရားဝိုင်းတွေ ရောက်ရောက်နေတာနဲ့ သောက်နေကျ ထန်းတောလည်း မရောက်။ အရက်ပုန်းဆိုင်လေးဆီလည်း မရောက်နဲ့ မယောင်မလည် ခွက်ကပ်ကုန်ကြပြီဆိုပဲ။ ဟုတ်ရင်တော့ သာဓုခေါ်စရာပေပ၊
ခက်တာက သူ့ကိုလည်း လော်ကယ်ယောင်ယောင် ဖောရိမ်းယောင်ယောင်မို့“ဒီဘုန်းဘုန်းတွေလို တရားဟောပါတော့လား” ဆိုပြီး ရှင်ဂွမ်းဂွိတို့ တစ်သိုက်က အဘိယာစကတောင်း ပန်သမှုပြုကြ လေတော့ ချွေးပြန်ချင်သလို ဖျားချင်သလိုလို ဖြစ်ရတော့တာ။ဟိုနိုင်ငံစည်းရိုးကျော်လိုက် ဒီနိုင်ငံ စည်းရိုးခွလိုက်၊ ဟိုဘုတ်အုပ်ဆွဲလိုက် ဒီဘုတ်အုပ်လှန်လိုက်နဲ့ သူ့မှာ ပြောစရာ အင်ဖော်မေး ရှင်းလေးတွေတော့ ရှိတာအမှန်။ ဒါပေမယ့် သူတို့ကြိုက်အောင် ဘယ်လိုအင်တာတိန်း ရမယ်ဆိုတာက အခက်ပေပ။ ခက်ခြင်းကြီးဘယ်နှစ်ပါးမှန်းမသိပေမယ့် ရွာမှာတော့ ခက်ခြင်းကြီး တစ်ပါးတော့ တွေ့ခဲ့ရသပေါ့။
“ဒို့ဦးဇင်းက တရားမဟောသေးလို့ဗျ ၁၂ ဘာသာတောင်တတ်တာ”ဆိုတာမျိုးကြားရတဲ့နောက် ရွာဦးဘုန်းတော်ကျောင်းမှာပဲ ရှိတဲ့ ဂြိုဟ်တုစလောင်းရှေ့သွားမထိုင်ရဲတော့ဘူး။ ပြင်သစ်မှန်းမသိ စပိန်မှန်မသိ ဘာသာပြန်ခိုင်းကြတော့တာပါပဲ။ ဘောလုံးပွဲတွေကို တခုတ်တရ ကြိုက်ကြတဲ့ ရွာက ကိုအ၀ှာတွေကို အသင်းနာမည်မှန်ပြောဖို့တောင် အတော်လေးအားထုတ်ရပေသပေါ့။ ဆရာဝန် တွေရေးပေးတဲ့ ဆေးစာတွေဆေးညွှန်းတွေပါ အဖတ်ခိုင်းဖို့အထိ အားကိုးသမှုပြုကြ လေတာတော့ ကိုယ်တော်မှိုင်းကြီးရဲ့ ကျုပ်တို့အညာမှာ မင်္ဂလာတစ်မျိုးပေပ၊ အဟတ် အစဉ် အလာတော့ ဆိုးခဲ့သပေါ့။
တစ်နေ့သားမှာ ရွာသားနှစ်ယောက်ပြောနေတာကို ကြားရပြန်လေတော့ ရွာကို ပြန်တိုင်း ရွာမှာကြာ ကြာမနေရဲတော့ဘူး။ နေတဲ့ရက်တိုတိုလေးမှာလည်း သင်္ကန်းခေါင်မြီးခြုံပြီးအခန်းတွင်းအောင်း ကျိန်းစက်ရတော့တာပါပဲ။
ရွာသားတစ်ယောက်ကပြောပါတယ်“ ဦးဇင်းက ၁၂ ဘာသာတောင် တတ်တာဆိုတော့ ခုတီဗီမှာ လာနေတဲ့ ကိုရီးယားဇာတ်လမ်း၊ တရုတ်ဇာတ်လမ်းတွေလည်း ဘာသာပြန်တတ်မှာပေါ့”တဲ့။ တစ်ယောက်က ခပ်ကြွားကြွားပြန်ပြောတာက မျက်နှာပူစရာပါ။“ဟကောင်ရ ငါတို့ဦးဇင်းက ပါဠိဘာသာတောင် တတ်မှတော့ အကုန်တတ်ပြီပေါ့ဟ” တဲ့။
မှတ်ကရော။
အင်းဘာပဲဖြစ်ဖြစ် နောက်တစ်ခါ ရွာပြန်ရင် အခက်မတွေ့အောင်ဓမ်ဖိုတိန်းမင့်နည်းနာ လေးတွေ တော့ မဇ္ဈိမမှာနေတုန်း ဆည်းပူးထားပေဦးမှ။အိန္ဒိယသားတွေဆိုတာ အပြောသန် အငြင်းသန်တွေ ဆိုပဲ။ နိုဘယ်လ် ဆုရ ဘောဂဗေဒပညာရှင်ကြီး အမရတျာဆင်းရဲ့ နာမည်ကျော်စာအုပ်အမည်ကိုက The Argumentative Indian ဆိုပဲ။
သြော် ကောင်းလေစွ။
03 September, 2009
လျှပ်တပျက်ဖတ်မိသောစာမျက်နှာ
ဘာရယ်မဟုတ်ပါဘူး။ ရေးချင်တဲ့ အကြောင်းအရာလေးတစ်ခု Google Search မှာရှာရင်း ဒါလေးကို တွေ့သွားတာပါ။ အိန္ဒိယနိုင်ငံမှာ ခုထိ ထွန်းကားနေဆဲဖြစ်တဲ့ ဆာဒူးယဉ်ကျေးမှုအကြောင်းပါပဲ။ ဒါပေမယ့် အဲဒီ ၀တ်လစ်စလစ်ဂိုဏ်းဂဏထဲ ဗုဒ္ဓအရှင်ကိုပါ ထည့်သွင်းထားကို တွေ့လိုက်ရတော့ နည်းနည်းတော့ ထိသွားပါတယ်။ ဖတ်ကြည့်ပေါ့လေ။ ဘယ်လိုခံစားရသလဲ၊ စိတ်မ၀င်စားရင်တော့ ရှင်းမပြတော့ဘူး။ အပိုအလုပ်တွေ လုပ်တယ်လို့ပြောမှာစိုးလို့ပါ။ သာဓု သာဓု။ တကယ်တော့ သာဓုဆိုတာ (Sadhu) ဆိုပဲ။ အော် ဆိုးလင့်တေး ဆိုးလင့်တေး။ဘုရားရှင်ကိုယ်တော်ကြီးကလည်း သူတို့လိုပဲလို့ ပြောထားကြလေရဲ့။ အနီရောင်စာပိုဒ်တွေကို ဖတ်ကြည့်လေ။ ရွာက ဘုန်းတော်ကြီးကိုလည်း ဒီအကြောင်းလေး လျှောက်ရဦးမယ်။ ရွာက ကိုရင်လေးတွေကို ပရိတ်ကြီးတွေချည်း ဖိကျက်ခိုင်းမနေနဲ့လို့ တပည့်တော်တို့ ကိုယ်တော်ကြီးတော့ အင်္ဂလိပ်စာတွေနဲ့ ဆော်ကုန်ကြပြီလို့။
မရမ်းရောင်စာပိုဒ်လေးကိုလည်း မှတ်ပေးပါဦး။ နောင်ရေးချင်တဲ့ စာလေးတစ်ပုဒ်အတွက် အကိုးအကားလေးပါ။ ဗာရာဏသီမှာ ဆာဒူး(အမှန်တကယ် ဆာဓူးလို့စာလုံးပေါင်းမှ မှန်မှာပါ Sadhu ကိုး)တွေကို ဂင်္ဂါမြစ်ကမ်းပါးမှာ တွေ့ရတုန်းပါ။ တွေ့နေရဦးမှာလည်း ဖြစ်ပါတယ်။ ဒီနေ့တွေ့နေရတဲ့ သူတို့အကြောင်းကို ရေးချင်နေတာပါ။ ဒီဖော်ပြထားတဲ့ အကိုးအကားလေးကို ဖတ်ပြီးရင်တော့ ဆက်ဆွေးနွေးကြသေးတာပေါ့။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကတော့ သူ့ရေးဦးစစာအုပ်တစ်အုပ်မှာ “ဒီစာအုပ် ဖတ်ကောင်းရန်တာဝန်မယူ”ဆိုလား ဖော်ပြဖူးဆိုပဲ။
ဒါပေမယ့် ပြောပြချင်တဲ့ အိန္ဒိယရဲ့ ဘာသာတရားတွေနဲ့ ဗုဒ္ဓအရှင်ဖြတ်သန်းခဲ့ရပုံအကြောင်းကတော့ စိတ်ဝင်စားဖွယ်ရာကောင်းကြောင်းသေချာပါတယ်။
အိန္ဒိယမှာပဲ ဘုရားရှင်ပွင့်ခွင့်ရတဲ့ အခြေခံအကြောင်းတွေကလည်း သဘာဝယုတ္တိကျလွန်းနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါလေးတော့ ဖတ်ကြည့်လိုက်ပါဦး။
The Naked Saints of India
[The Naked Saints of India, written by Dadaji, was originally published in the now defunct Indian magazine Values, edited by the late John Spiers.]In some of the oldest scriptural texts of India, we find references to naked saints and sannyasins. In the Rig Veda of Vedic Aryan tradition reference is made to them but worded in such a way that shows the Brahmins did not properly understand them but were held in wonder by the spiritual and psychic powers some of them possessed.
These naked Sadhus belonged to the non-Vedic or pre-Aryan religion which flourished long before the Vedic religion was introduced into India. The scriptures of these people were known as Agamas and the same teachings were later written as Tantras. The earlier texts of the Agamas are mostly dialogues where the spiritual teaching is put into the mouth of the Lord Shiva as Guru teachings to Parvati the Mother Goddess as sishya. The same teachings found their way into the Vedic texts and were known as Upanishads. The Agamas tell us of naked sannyasins as revealing the highest expression of renunciation and suggests that he who wants nothing of the world does not want its rags either.
Another reference tends to be critical of one who claims to be a high initiate and yet hides the lingam (penis) which is the sacred symbol of Shiva. The sannyasins of the non- Vedic religion practised tapas or austerity. It was the path between needless and foolish physical discomforts on one hand and sensual luxury-seeking on the other. It was the path of moderation which was later introduced into Buddhism as the Middle Way. These sadhus did not take any vow or make any promises.
Nakedness was accepted as part of their way of life, but there was nothing to prevent a sadhu from using clothes to protect himself from extreme cold or in time of sickness. There can now be little doubt that complete nakedness was the accepted pattern for the majority of sadhus and a pattern which still existed till the time of Gautama the Buddha and Mahavira the Jaina. Although the Buddha probably remained naked until the day he died, his followers introduced robes into the Buddhist order. Also among the Jain followers of Mahavira, there came a division into two separate sects -- the Svetambars, clad in white cloth and the Digambars who sometimes wore clothes but were expected to end up naked at some future date. Nakedness was never practised by laymen in the Jain community Many foreign visitors have often rushed to see a Digambar Jain only to find he was a decorously dressed shopkeeper. Household Jains take their designation from the sect which they follow.
The feature of naked sadhus is still fairly common, even in modern India. Overseas visitors seldom see them because they seldom live or visit the tourist fleshpots and city terminals. When Allen Ginsberg, the American poet, visited India some years back, he expressed in letters which were printed in City Lights his sad disappointment at not seeing even one naked sadhu. This could be surprising because in Banaras, which he visited, it is doubtful if this great city of Shiva has ever been without naked sadhus and in considerable numbers.
Banaras is still the one city in India where you can walk about naked and yet remain unnoticed. Even beggars display mutilated genitals to reveal a mental inclination to celibacy and a great sacrifice which would make physical delinquency impossible. In these days most naked sadhus wear a cloth in public or when travelling. They neither wish to draw needless attention to themselves or amuse the schoolboy population now sadly conditioned by modern education. Hindu Digambar sadhus have outnumbered, and still d0, the naked Jains by thousands to one. Many city councils have introduced bylaws forbidding public nudity even among sadhus. A new sense of Western respectability has come to India just at a time when the West is abandoning its Puritanism.
Even today the great names and outstanding sadhus of Indian history and tradition have mostly been naked. In the years which followed the Muslim invasion of India it became obvious that there were many things which they did not like about Indian Paganism. They showed their aversion to images by smashing them and destroying temples. They loathed the sight of the naked sadhus, yet for some reason feared to interfere with them.
There is only one record where a man was executed by King Aurangzeb for public nudity. He was not actually a sadhu. Born in Persia as a Jew, he became a convert to Islam. As a Muslim he came to India selling embroidered garments in Delhi. There he changed again and became a devotee of Rama and wrote many beautifu] songs. Even this might have been ignored but he began to dance around the streets in the nude. The Muslims would not recognize that a Muslim could possibly embrace another religion. He was executed by the king as a degenerate Muslim who exhibited himself naked. Indian
Paganism made its inroads into Islam and in India, unique among all other Muslim communities, we have records of numerous Muslim and Sufi saints who adopted nakedness. Some exist even today. It was the Muslims who seem to have first used the word Hindu and therefore it is a very recent addition to Indian words. It sprang from their own references to "people living on the other side of the Indus,' who were the "Indus' and later refined to Hindu. Many Indians still find the word unacceptable although it enjoys common usage. It is not found in the Vedas, Upanishads or the Bhagavad Gita. Since there was a time when the religion of old India enjoyed a monopoly, a name was unnecessary. After the invasion of the Aryans, the non-Vedic people began to use the term Sanatana Dharma, the eternal wisdom or teachings. When the Vedic and non-Vedic religions merged, the term came to be generally accepted.
The Agamas of the original Indians have been ignored by Western scholars in favour of Vedic literature. This, in spite of the fact that it is the Agama teachings which have dominated Indian spiritual life for three to four thousand years.
They and not the Aryan Vedas form the basis of all that is taught in all the Puranas, the Upanishads, the Bhagavad Gita, the Uddhava Gita and other Gitas.
The Avadhut Gita and the Jivanmukti Gitas, generally studied only by sadhus, are regarded as teaching the highest principles of spiritual life and refute much of what is taught in the Aryan Vedas.
Historically the sannyasin goes back to primordial times. Some Indian scholars, free from Western conditioning, have speculated that they began in an age when nobody wore clothes and retained their naked status even after woven cloths and linens came into common usage. It is only an idea but the spiritual leaders of many religions do tend to preserve customs and forms long afar the lay population has abandoned them.
Beyond this, we can consider that stronger than all other motives was the desire of the sadhu to remain a natural man in his natural environment. This separated him from the tendencies of worldly people to become more and more affluent and cling firmer to those delusions which he had abandoned.
All Upanishadic and Gita teachings lead to the one simple but inescapable truth that we are not bodies but immortal souls. So what does an immortal want to hide and should they try to look like worldly men? The word Digambar is taken from the Sanskrit Dig-ambara. Its literal meaning is wearing the sky or sky-clothed. Though often used as a synonym for naked, it has a much deeper meaning. A householder is separated from his environment by his clothes, and when he removes his clothes he is separated from his environment by his skin. He fails to understand or realize the oneness of all nature and life. This should not be so with the sadhu and when he is digambar he is one and absolute with everything.
Artwork is © Jan Bailey, 1995. Translations are © Mike Magee 1995. Questions or comments to ac70@cityscape.co.uk
Home Page02 September, 2009
ကဲင်ဆယ်လေးရှင်းနေ့ရက်များ

အားလုံးအဆင်သင့်ဖြစ်ပြီဆိုပြီး အထုပ်အပိုးလေးတွေကို ဖောင်ဖွဲ့ပြီးကာမှ ဖုန်းမစ်စ်ကောလ်တစ်ခုက သူ့မဇ္ဈိမဒိုင်ယာရီကို ဆွဲဆန့်လိုက်ပြန်တယ်။ ရထားလက်မှတ်ကို ကဲင်ဆယ်လေးရှင်းလုပ်ရမယ်။ လေယာဉ်လက်မှတ်ကို နေ့စွဲအသစ်တစ်ခုနဲ့ အစားထိုးရမယ်။ မရေရာမှုများသာ သေချာလှတဲ့ အကြောင်းသေချာသွားပြီမဟုတ်လား။
အမေရေ လွမ်းလက်စလေးမပျက်အောင် ဆက်လွမ်းဦးပေါ့။ လေယာဉ်စီးမယ်လို့သတ်မှတ်ထားတဲ့နေ့မှာမှ ပါမောက္ခဆရာကြီးဆီက အင်တာဗျူးတစ်ခုထိုင်ရမယ် ဆိုတဲ့သတင်းကြားလိုက်ရတာပါ။
တကယ်တော့ ပါမောက္ခဆရာကြီးရဲ့ စေတနာဖြစ်သလို တက္ကသိုလ်ရဲ့ လုပ်ထုံးလုပ်နည်းတွေလည်းဖြစ်ပါတယ်။
ပါရဂူဘွဲ့အတွက် ကျောင်းအပ်ရမယ့် ကျောင်းသားတစ်ယောက်အနေနဲ့ မဟာဌာနမှူး(Dean) သို့မဟုတ် ဌာနမှူး (Head of Department) ပါမောက္ခဆရာတစ်ဆူရဲ့ အသိအမှတ်ပြုမှုဟာ အရေးပါအသက်ဝင်လှပါတယ်။ ပါမောက္ခဆီမှာ ကျောင်းသားက သူရေးမယ့် ကျမ်းစာရဲ့ ပဏာမစာတမ်းငယ်(Synopsis) ကို တင်ပြရပြီး ရေးမယ့်အချက်အလက်တွေကို ဆွေးနွေးရပါတယ်။ ပါမောက္ခနှစ်သက်ပြီဆိုရင် မော်ကွန်းထိန်းရုံး (Register Office )ကို ပါရဂူဘွဲ့အတွက် လျှောက်လွှာတင်သွင်းခွင့်ရတာပါ။
မော်ကွန်းထိန်းရုံးက ကျောင်းသားအတွက် မှတ်ပုံတင်ဖို့စီစဉ်ရတာပါ။ မဟာဌာနမှူး၊ (သို့) ဌာနမှူးနဲ့ ကျမ်းကြီးကြပ်မယ့် ဆရာတို့က ရေးမယ့်ကျမ်းရဲ့ အကြောင်းအရာတွေ၊ အခန်းခွဲပုံတွေကို ဆွေးနွေးညွှန်ကြားတဲ့အနေနဲ့ Viva တစ်ခုစီစဉ်ပေးလေ့ရှိပါတယ် ။
Viva က ဗီဇာရပြီးမှ ဆောင်ရွက်ရင်လည်း ရပါတယ်။ အဓိကကတော့ ပါမောက္ခလက်ခံဖို့က အရေးကြီးတာပါ။ ပါမောက္ခရဲ့ ထောက်ခံချက်ရပြီဆိုတာနဲ့ ကိုယ့်မိခင်နိုင်ငံကို ပြန်ပြီး အိန္ဒိယသံရုံးမှာ သုတေသနဗီဇာ(Research Visa)လျှောက်ထားရတာပါ။
ခုတော့ ပါမောက္ခဆရာကြီးက သူမပြန်ခင် Viva အတွက်ပါ စီစဉ်ပေးမှာဆိုတော့ သူ့အပြန်လမ်းက နှေးသွားရတာပါ။ စပီးဒ်(Speed)လျှော့လိုက်ရတာပေါ့။
သူကလည်း ဥပါဒါန်တွေ နယ်ကျွံသွားခဲ့တာကိုး။
ပြန်မယ် ပြန်မယ် ဆိုတာတွေက စောချင်နေတာခဲ့တာကိုး။
ဘာပဲဖြစ်ဖြစ် အိန္ဒိယရဲ့ စံတော်ချိန်ဟာ ရွှေပြည်ကြီးထက် အမြဲတမ်းတစ်နာရီနောက်ကျလေ့ရှိပါတယ်။ ဘယ်အရေးကိစ္စမျိုးမှာမဆို တစ်နာရီလောက်ပိုပြီးတော့လည်း စောင့်ရတတ်ပါတယ်။ တစ်ချို့အရေးတွေကတော့ ရက်တွေ လတွေ နှစ်တွေချီပြီးတောင် စောင့်ရလေ့ရှိတာပါ။ အိန္ဒိယသတင်းစာတွေရဲ့ အဆိုအရပေါ့လေ။ ခုလိုမျိုးထူးခြားဖြစ်စဉ်မျိုးတွေလည်း ရှိတတ်တာပါပဲ။
ဗာရာဏသီမြို့ကြီးမှာတော့ မြန်မာရဟန်းတော်တွေ တက်ရောက်ပညာသင်ကြားနေတဲ့ တက္ကသိုလ်ကြီးက နှစ်ခုရှိပါတယ်။ B.H.U (Banaras Hindu University)လို့နာမည်ကျော်တဲ့ ဗာရာဏသီဟိန္ဒူတက္ကသိုလ်ကြီးနဲ့ S.S.U ( Sampurnanand Sanskrit University) လို့လူသိများတဲ့ သမ္ပုဏ္ဏာန္ဒ သက္ကတတက္ကသိုလ်ကြီးတို့ပါပဲ။တိဘက်တန်တက္ကသိုလ်၊ မဟတ္တမဂန္ဓီကာသိတက္ကသိုလ်နဲ့ မူစလင်တက္ကသိုလ်တို့လို အခြားအထင်ကရ တက္ကသိုလ်ကြီးသုံးခုလည်းရှိနေပါသေးတယ်။