16 March, 2010

သင်္ခတရာသီ


ခနဲ့ပြုံးလေးထဲမှာ
လောကဓံအကုန်လုံး
မွန်းတယ်

ညီမလေးရေ
ငိုချလိုက်

တစ်ချို့မေးခွန်းတွေက
ရင့်ကျက်လွန်းပါတယ်
မျက်ရည်နဲ့ပဲ
ကွက်လပ်ဖြည့်လိုက်
နုခွင့်ရှိတုန်းလေး

တရားနဲ့ဖြေရမယ့်နေ့ကျမှ
ငါ့ကိုလည်း
လက်ပြသွားပေါ့ကွယ်

ဓမ္မဂင်္ဂါ
၁၆-၃-၂၀၁၀

(ယောဂီမဖြစ်တဖြစ်ညီမလေးများသို့)



7 comments:

  1. ကိုယ်တို့အတွက်တော့ မရေးဘူး..၊ဘယ့်နှာကြီးလဲ...။

    ReplyDelete
  2. အဟား ဘယ့်နှာကြီးလဲ။ ကိုနော ထိုင်ကန်တော့ လိုက်ရမလား။

    ReplyDelete
  3. အင်း မောင်ရှင်တို့အတွက် ဤကဗျာကိုပင် အနက်ဖွင့်ရချေတော့အံ့ထင်ပေသည်။ ငါဆိုသည်မှာ ငါမဟုတ်ကြောင်းနှင့် ညီမလေးဆိုသည်မှာလည်း ညီမလေးမဟုတ်ပါကြောင်း...။

    ReplyDelete
  4. ညီမလေးရေ ရီ(ရယ်)ထည့်လိုက်

    ReplyDelete
  5. ဘာမှ နားမလည်း ချေတော့သည်တမုံ့ 

    ReplyDelete
  6. ရှင်းနေတာကို ရှုပ်အောင်မလုပ်နဲ့လေ။ နဂိုကမှ မျက်စိတွေလည်နေလို့ ပြန်မေးနေတာတောင် မပြီးသေးဘူး........

    ReplyDelete
  7. ဓမ္မနည်းကတော့ အချောသားနော် လောကနည်းက အလောဖြစ်နေတာကိုက ခက်နေတာ။ သွားသာ သွားပါ။

    ReplyDelete

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။