18 March, 2010

ဖဿပစ္စယာ မြစ်


စီးတော့ စီးချင်သား
လှေကလေးတွေက
ဂနာမငြိမ်လွန်းလို့သာ

မိုးရွာတိုင်း
အရင်းအမြစ်မဖြစ်ဘူး
သောကတွေပဲ
လှော်ခတ်သွားခဲ့ကြပေါ့

အရိပ်မြင်တိုင်း
ကမ်းမဟုတ်ဘူး
ဒါပေမယ့်
နားမိသေး

လောင်နေတဲ့ အပြုံးက
ငြိမ်းလိုက်မှ
ပိုတောက်တယ်

ငါ့စာအုပ်လေးကို
မလှန်လိုက်နဲ့
မြစ်တွေကို ချည်နှောင်ထားတာလေ

ဓမ္မဂင်္ဂါ
၁၈-၀၃-၂၀၁၀



3 comments:

  1. ငါ့စာအုပ်လေးကို
    မလှန်လိုက်နဲ့
    မြစ်တွေကို ချည်နှောင်ထားတာလေ။
    ဒီလိုနဲ့ မြစ်အတိုင်းစုန်ဆင်းကြစို့။

    ReplyDelete
  2. မိုးရွာတိုင်း
    အရင်းအမြစ်မဖြစ်ဘူး
    အရိပ်မြင်တိုင်း ကမ်းမဟုတ်ဘူး။

    ReplyDelete
  3. မြကျွန်းသာကို လွမ်းနေလား ဂင်္ဂါကြီး

    ReplyDelete

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။