23 April, 2010

မိုဘိုင်းလ်ဝေဒနာက္ခန္ဓာ


လယ်စောင့်တဲလို
ကျောင်းသင်္ခန်းလေးလိုမယ်
ကောင်းကင်ကြီးကိုတော့
ပြာမှိုင်းလက်စအတိုင်း
တိမ်တွေအပြည့်

လထွက်လာတာကို
ငြိမ်ငြိမ်လေးငေးကြည့်
ကဗျာတစ်ပုဒ်ကို
ရေမှုတ်သေးသေးလေးနဲ့ခပ်သောက်မိသေး

တယောတစ်လက်
ဆေးသားစိုစိုပန်းချီးကားတစ်ချပ်
ဖြစ်နိုင်ရင်တော့
ဘိလိယက်ဒ်ခုံလေးတစ်လုံး
စိတ်လေ့ကျင့်ခန်းတရားတစ်ပုဒ်

အဲဒါဆို
“ရဟန်းတစ်ပါးဆိုတာဘာလဲ”တဲ့
ကိုယ်မေးတဲ့မေးခွန်းပဲလေ
လူစုံတဲ့အခါမှ
ပယ်ဖျက်လိုက်ရုံ။

ဓမ္မဂင်္ဂါ


ကဗျာတစ်ပုဒ်ဖြစ်ရန်လိုအပ်သောအစိတ်အပိုင်းအချို့
၁)တယောထိုးတဲ့အခါ ခန့်ညားစွာ ထိုင်ဖို့ ကုလားထိုင်တစ်လုံး
၂)ပန်းချီကားတွင် ဘာအဘိဓမ္မာတွေမှ မပါတဲ့အကြောင်းရှင်းပြဖို့ စကားလုံးအချို့
၃)ဘီလိယဒ်ကစားခန်းတွင် ကျန်းမာရေးဇယားလေးလည်း ချိတ်ဆွဲလို့



2 comments:

vowel said...

စိုရွှဲလက်စလှပဆေးသားပန်းချီကား
ကြိုးညှိစရာမလိုတော့တဲ့ တယော
ပြီးပြည့်စုံတဲ့ဘိလိယဒ်ခုံ ....
“ရဟန်းတစ်ပါး” ဆီမှာရှိလိမ့်မယ်။

ကိုနော said...

ရေခရားလေးတစ်ခုနဲ့ပုဝါလေးတစ်ခု ကုလားဆီမှာရှိမယ်..