29 November, 2010

ရဟန်းနှင့် တိမ်

“အပြောင်းအလဲတွေမမြင်ရတဲ့အခါ သင်္ခါရတရားကို သံသယဖြစ်မိတယ်“

မောင်သစ်ဝေ(မြင်းခြံ)

မိတ်ဆွေကဗျာစာဆိုရဟန်းတစ်ပါး၏ စာသားအချို့ကို သူ အမှတ်ရသွားသည်။ သူကတော့ အပြောင်းအလဲများကို မြင်လိုသည့်အခါတိုင်း တိမ်များကိုသာ ငေးမောကြည့်တတ်သည်။ ပြိုကွဲသွားသော တိမ်များ။ ရွေ့လျားနေသော တိမ်များ၊ ပြာလွင်နေရာမှ ညို့မှိုင်းသွားသော တိမ်များ။ ပြောင်းလဲတတ်တဲ့ သဘောကို သင်္ခါရလို့ ခေါ်ရင် တိမ်တွေဟာ သင်္ခါရအစစ်ပဲပေါ့ တဲ့..။ နားထဲမှာ တိမ်တိုက်အချို့ ဖြတ်စီးသွားသည်။

သဘာဝအရ မြဲခြင်း ခိုင်ခြင်းသဘောကို လိုလားအပ်သော အရာဟု ထင်မှတ်ခဲ့ဖူးသည်။ သို့သော် မလိုလားအပ်သော အရာများက မရွေ့လျား မပြောင်းလဲပဲ ပိုကဲနှောင့်ယှက်ကြလေသောအခါ မိတ်ဆွေရဟန်းက သင်္ခါရတရားကို သံသယ၀င်သည်။ သူကတော့ တိမ်တိုက်များကိုပဲ ငေးကြည့်လိုက်ပါသည်။ တိမ်တွေ တိမ်တွေ....။

သူ သည်ရက်ပိုင်းမှာ သွားနာနေသည်။ တစ်ခုခု ၀ါးလိုက်တိုင်း သွားများက တစစ်စစ် နာကျင်နေသည်၊ နာကျင်မှုကို သူ မမြဲစေချင်၊ သင်္ခါရတရားအတိုင်းပဲ ပြောင်းလဲရွေ့လျားသွားစေလိုသည်။

ငယ်စဉ်ကိုရင်လေးဘ၀က သူသည် တိမ်များကို ချစ်သည်။ ကလေးအတွေးအိမ်တွင် တိမ်များသည် တက်မက်ငြိကပ်ဖွယ်ရာ ဖန်ဆင်းမှုရှိသည်။ ကောင်းကင်ကင်းဗတ်စ်တွင် သူ ပုံရောင်စုံများစွာကို ရေးခြစ်လိုက်သည်။ စုတ်တံမလို ဆေးမလို...။ စိတ်ကူးအရင်းမြစ်လေး စိုက်ထုတ်လိုက်သည်နှင့် သူ အိပ်မက်များစွာကို ရေးခြစ်ခွင့် ရသွားသည်။ ဘုန်းတော်ကြီး မသိအောင် ပန်းချီပုံလေးများစွာကို ခိုး ခိုး ရေးရသည့် ဒုက္ခမှ လွတ်မြောက်သွားသည်။ သူ့မှတ်စုစာအုပ်တွင် ပုံတစ်ပုံတွေ့တိုင်း တစ်ချက် အရိုက်ခံရသည့် ၀ဋ်ဆင်းရဲကလွတ်ရာ တိမ်များဆီ ပြေးထွက်မိခြင်းဖြစ်သည်။

တိမ်တိုက်များနှင့် ပတ်သက်၍ သူ့မိခင်ပြောသော စကားကို အမှတ်ရချိန်မှာတော့ အနည်းငယ်ဆွေးမြေ့သည်။ ” သားမောင်ပဇင်းက နိုင်ငံရပ်ခြားမှာ နေတာ ဆိုတော့ တွေ့ဖို့က မလွယ်ဘူးပေါ့..။လေယာဉ်တွေ ဘာတွေလည်း မစီးနိုင်တော့ တိမ်တွေသာ စီးပြီးလာလို့ ရရင်လည်း အကောင်းသား”။ ကျေးလက်သူမိခင်၏ ရိုးစင်းသော စကားလုံးများက ထိထိရှရှဖြစ်ဖွယ် သူ့စိတ်နှလုံးကို ကုတ်ခြစ်နေဆဲဖြစ်သည်။

တိမ်များက အပြောင်းလဲများသော်လည်း လွတ်လပ်တာတော့ သေချာသည်။ ကျင့်ဝတ်မလို၊ ဗီဇာမလို၊ ဥပဒေမလို ၊ တံတိုင်းများလည်း မရှိ၊ နယ်နိမိတ်ကန့်သတ်မှုလည်း မရှိ...။ ခု သူ စင်ကာပူသွားဖို့ ပြင်ဆင်နေသည်။ ဗီဇာလျှောက်ရမည်။ သူက တိမ်တိုက်တစ်ခုမှ မဟုတ်တာပဲ၊ သူ့မှာက အကန့်သန့်ရှိနေသည်။ လူသားတစ်ဦးက လူသားတစ်ဦးဆီ သွားဖို့ မျဉ်းကြောင်းတစ်ခုကို ဖြတ်ရမည်။ စစ်ဆေးရေးဂိတ်ကို ၀င်ရမည်။ စကားလုံးအချို့နှင့် တံဆိပ်တုံးထုသံတစ်ချက်ကို စောင့်စားရဦးမည်။

ပြီးတော့ သူက ရဟန်းဖြစ်နေပြန်သည်။ နေရာထိုင်ခင်းက အစ စည်းဝိုင်းရှိသည်။ အဲလ်ဘတ်ကမျူး၏ စည်းအပြင်က လူသည် သူနှင့် မဆိုင်...။ ရုတ်ရုတ်သဲသဲနိုင်လှသော စင်ကာပူမြို့ပျြတွင် ရဟန်းတစ်ပါးအတွက် အနေကျုံ့စရာ ကောင်းသည်။ ပြူးပြူးပြဲပြဲအာရုံများက နေရာတိုင်းမှာ ခလုတ်တိုက်နေကြသည်။ လွန်ခဲ့သည့်နှစ်က စင်ကာပူမှာ နှစ်လတာ ကြာခဲ့သည်။ ပင်နီဆူလာပလာဇာကို နှစ်ခေါက်ရောက်ခဲ့သည်မှလွဲ၍ ဘယ်မှ မသွားဖြစ်ခဲ့။ နှစ်လတာလုံး ဘုရားဝတ်ပြုခြင်းလည်း မပျက်ကွက်ခဲ့.။ အချိန်တန်တော့လည်း သူပြန်လာခဲ့သည်။ ရဟန်းဆိုသော်လည်း အနှောင်အဖွဲ့တွေက ရှိနေပြန်သည်။ တာဝန်နှင့် စည်းကမ်းများကို လိုက်နာရမည်။ ဆောာင်ရွက်ရမည့် အရေးအရာများရှိရာဆီ သူ ဦးတည်နေရမြဲဖြစ်သည်။

တစ်ခါတစ်ရံမှာတော့ လိုလားနှစ်ခြိုက်ဖွယ် အပြောင်းအလဲများကို သူမြင်ချင်သည်။ နိစ္စဓုဝစာမျက်နှာများကို သူ မကြိုက်တတ်ပါ။ သူ့လိုပဲ အပြောင်းအလဲများကို ဆာလောင်နေသူများလည်း တိမ်များကို ကြည့်ကာ ချင်ခြင်းဖြေကြသည်လား မသိပါ။ သူလည်း တိမ်တိုက်များကို ငေးကြည့်နေမိသည်။

ရဟန်းက တိမ်ကို အားကျနေသည်လား..။ တိမ်များကတော့ ရဟန်းကို အားကျမည်မဟုတ်..။ လွတ်လပ်ပေါ့ပါးစွာ ကခုန်းရင်း လေးဖြူဆိုချင်လွန်းလို့ အငဲဆိုရသော တေးသွားအတိုင်း...

”တိမ်လို လွင့်မျောလိုက်

တိမ်လို ပြိုလဲလိုက်

တိမ်လို နိမ့်ဆင်းလိုက်

တိမ်လို မြင့်သွားလိုက်

နာကျင်တဲ့ ငရဲလား

ကောင်းကင်ဘုံလေးလား .”


“အပြောင်းအလဲတွေ မမြင်ရတဲ့ အခါ

သင်္ခါရတရားကို သံသယဖြစ်မိတယ်“

မောင်သစ်ဝေ(မြင်းခြံ)


ဓမ္မဂင်္ဂါ

၃၀-၁၁-၂၀၁၀

27 November, 2010

ဗာရာဏသီဆောင်းအမီ

ဆောင်းတစ်ထပ်
နှင်းတစ်ထပ်
မညှာမတာ ဟိမ၀န္တာအလွမ်းတစ်ထပ်

သံသရာတစ်ခုလုံးချမ်းတော့
ပါရမီနွေးနွေးလေးကိုပဲ
ဆွဲခြုံမိ..

ဟိုနားဒီနားတိုးစရာမလို
စကားလုံးအငွေ့လေးတွေ
မီးညှိ ၀ိုင်းဖွဲ့လိုက်ရုံ..။

ဓမ္မဂင်္ဂါ
၂၇-၁၁-၂၀၁၀


25 November, 2010

အင်္ဂလန်က မြန်မာဆရာနဲ့ မဇ္ဈိမရောက်မြန်မာရဟန်းတော်များရဲ့ အိုင်တီသင်တန်းဓါတ်ပုံများ

အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးရဲ့အိုင်တီနည်းပညာဓမ္မဒါနသင်တန်းကို အင်္ဂလန်ရောက် မြန်မာလူငယ်ကွန်ပြူတာပညာရှင် ကိုအောင်လင်းက ပို့ချပေးခဲ့တာဖြစ်ပြီး မဇ္ဈိမဒေသရောက် တက္ကသိုလ်ပညာသင် မြန်မာရဟန်းတော်များက တက်ရောက်သင်ယူခဲ့ကြတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာလကလည်း စာရေးဆရာနဲ့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာနေဇင်လတ်က စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုအတတ်ပညာသင်တန်းကို ဓမ္မဒါနပို့ချခဲ့ပါသေးတယ်။

အိုင်တီနည်းပညာသင်တန်းဆင်းပွဲမှတ်တမ်းဓါတ်ပုံများကို ဒီမှာ ကြည့်နိုင်ကြပါတယ်။

ဓမ္မဂင်္ဂါအလုပ်များနေလို့ စာမရေးနိုင်သေးပါကြောင်း....
(မြန်မာနဲ့ နိုင်ငံတကာ ဘုရားဖူးများကို ဗာရာဏသီနဲ့ မိဂဒါဝုန်အကြောင်း ဓမ္မဒါန ရှင်းပြရင်း ယာယီ အမြိုက်လမ်းညွှန်(Dhamma Tour Guide) လုပ်နေခြင်းသာ..)

22 November, 2010

နှစ်ပတ်လည်သံဃာ့အစည်းအဝေးကြီးအတွက် ဆွမ်းအလှူရှင်ပြည့်စုံပြီ

အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့
ဧကာဒသမအကြိမ် နှစ်ပတ်လည်အစည်းအဝေးကြီးတွင်
လှုဒါန်းကြသော ဆွမ်းဘောဇဉ် သောက်ရေသန့် အလှုရှင်များစာရင်း
၁။ ၂၅ ၊ ၁၂ ၊ ၂၀၁၀ နေ့တွင် မိဘနှစ်ပါးကို အမှုးထား၍ ဦးဥာဏောဘာသ ရာဇဂြိုဟ်မြန်မာကျောင်းမှ အာရုံဆွမ်း နေ့ဆွမ်း အချိုပွဲ အအေး တစ်နေ့စာအတွက် ရူပီးငွေ သုံးသောင်းငါးထောင် လှုဒါန်းပါသည်။
၂။ ၂၆ ၊ ၁၂ ၊ ၂၀၁၀ နေ့တွင် ဓမ္မဂင်္ဂါ အရှင်ဝိစိတ္တသာရ ( အထွေထွေအတွင်းရေးမှူး) မှ အာရုံဆွမ်းနှင့် အချိုပွဲအတွက် ရူပီး တစ်သောင်း လှုဒါန်းပါသည်။
၃။ ၂၆ ၊ ၁၂ ၊ ၂၀၁၀ နေ့တွင် ဦးမျိုးဆွေ ဒေါ်မြရှင် သမီးမြဖူးနွယ် မိသားစုမှ နေ့ဆွမ်းအတွက် ရူပီး နှစ်သောင်း လှုဒါန်းပါသည်။
၎။ ၂၆ ၊ ၁၂ ၊ ၂၀၁၀ နေ့တွင် ဦးသံဝရ ဗာရာဏသီမြို့ ဆန်စကရစ်တက္ကသိုလ်မှ အအေးအတွက် ရူပီးငွေ ငါးထောင်လှုဒါန်းပါသည်။
၅။ ၂၇ ၊ ၁၂ ၊ ၂၀၁၀ နေ့တွင် ဦသီလာစာရ ဗာရာဏသီမြို့ ဆန်စကရစ်တက္ကသိုလ်မှ အာရုံဆွမ်းအတွက် ရူပီးငွေ ငါးထောင်လှုဒါန်းပါသည်။
၆။ ၂၇ ၊ ၁၂ ၊ ၂၀၁၀ နေ့တွင် ဦးမျိုးဆွေ ဒေါ်မြရှင် သမီးမြဖူးနွယ်မိသားစုမှ နေ့ဆွမ်းအတွက် ရူပီးငွေ နှစ်သောင်းလှုဒါန်းပါသည်။
၇။ ၂၇ ၊ ၁၂ ၊ ၂၀၁၀ နေ့တွင် ဦဧသိက ဗာရာဏသီမြို့ဆန်စကရစ်တက္ကသိုလ်မှ အချိုပွဲအတွက် ရူပီးငွေ ငါးထောင်လှုဒါန်းပါသည်။
၈။ ၂၇ ၊ ၁၂ ၊ ၂၀၁၀ နေ့တွင် ဒေါ်မြင့်မြင့် ဒေါ် ညွန့်ညွန့် မိသားစုမှ အအေးအတွက် ရူပီးငွေ ငါးထောင်လှုဒါန်းပါသည်။
၉။ သုံးရက်စာ သောက်ရေသန့်အလှုအတွက် ဦးပညာသာမိ( ဥက္ကဋ္ဌဆရာတော်)မှ လှုဒါန်းပါသည်။

21 November, 2010

ရဟန်းနှင့်အခြားအရာများ

ရဟန်းနှင့် အခြားအရာများရေးဖို့ ကြိုးစားကြည့်မိတယ်
ခုတော့ နည်းနည်းချမ်းစပြုလို့...
ဖြည်းဖြည်းပေါ့......။
ရေးပြီးတာလေးတွေ ပြန်ဖတ်ဖို့
ဓမ္မဂင်္ဂါရဲ့ ကျောင်းသင်္ခန်းအသစ်လေးဆီ ဖိတ်ခေါ်မိ
.......


ရဟန်းနှင့် စီးကရက်
ရဟန်းနှင့် နေကာမျက်မှန်
ရဟန်းနှင့် အိမ်

17 November, 2010

အောင်ဆန်းစုကြည်(သို့မဟုတ်) ဗုဒ္ဓဘာသာသူရဲကောင်း

အရှေ့တောင် အာရှထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံများတွင် အောင်ဆန်းစုကြည်သည် ဘာသာရေးနှင့် နိုင်ငံရေးတန်ဖိုးကြားဝယ် ဆုံမှတ်တစ်ခုအဖြစ် တိုက်ပွဲဝင်နေသည့်ပြယုဂ်တစ်ခုဖြစ်သည်။ ၁၉၄၅ ခုနှစ်တွင် မြန်မာ့အမျိုးသား သူရဲကောင်းဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ် အောင်ဆန်းစုကြည်မွေးဖွားခဲ့သည်၊ ဗိုလ်ချုပ် အောင်ဆန်းသည် ဒုတိယကမ္ဘာစစ်ကာလတွင် မြန်မာလွတ်လပ်ရေးလှုပ်ရှားမှုကြီး၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး ဗြိတိသျှနှင့် ဖက်ဆစ်ဂျပန်အုပ်စိုးမှုမှ မြန်မာနိုင်ငံလွတ်လပ်ရေးရတော့မည် အချိန်နီးကပ်လာချိန်တွင် လုပ်ကြံခံခဲ့ ရသူဖြစ်သည်။


ဒီမိုကရေစီအထိမ်းအမှတ်သင်္ကေတ

အောင်ဆန်းစုကြည်သည် ရန်ကုန်၊ဒေလီနှင့် အောက်စဖို့ဒ်တို့တွင် ပညာသင်ယူခဲ့ပြီး အောက်စဖို့ဒ်တွင် မိသားစုဘ၀ကို ထူထောင်ရန် အခြေချခဲ့သည်။ အင်္ဂလိပ်အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပြီး သားနှစ်ဦးထွန်းကားခဲ့သည်။ မြန်မာနှင့် အရှေ့တောင်အာရှအရေးများနှင့် ခပ်ဝေးဝေးအင်္ဂလန်နိုင်ငံတွင် ပညာရှင်တစ်ဦးအဖြစ် အေးချမ်းစွာ နေထိုင်ခဲ့စဉ် သူမ၏ မိခင်နာမကျန်းဖြစ်၍ မိခင်ကြီးအား ပြုစုရန် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့သည်။ ထိုအချိန်အတောအတွင်း အစိုးရက ရွေးကောက်ပွဲကျင်းပပေးမည် ဟု ကြေငြာခဲ့ရာ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသူရဲကောင်းကြီး၏ သမီးအနေဖြင့် သဘာဝအားဖြင့်ပင် ဒီမိုကရေစီလှုပ်ရှားမှုရေစီးထဲ ပါခဲ့ရတော့သည်။ နောက်ဆုံးတော့ သူမသည် ထိုဒီမိုကရေစီလှုပ်ရှားမှုကြီး၏ သင်္ကေတဖြစ်ခဲ့လေတော့သည်။

နေအိမ်အထိန်းသိမ်းခံဘ၀ရောက်နေသည့်ကြားမှပင် သူမ၏ လှုပ်ရှားမှုက ၁၉၉၀ ခုနှစ်မေလတွင် ကျင်းပသည့် ရွေးကောက်ပွဲကို ကြီးကျယ်စွာ အနိုင်ရရှိခဲ့သည်။ သို့သော် တပ်မတော်အစိုးရက ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုခဲ့ပဲ ခေါင်းဆောင်များကို အကျဉ်းချပါလေသည်။ အောင်ဆန်းစုကြည်ကိုမူ ၁၉၉၀ ခုနှစ်ကတည်းက နေအိမ်တွင် ထိန်းသိမ်းအကျဉ်ချထားခဲ့သည်။ မည်သို့ဖြစ်စေ သူမကတော့ ဒီမိုကရေစီအရေးအတွက် ဆက်လက်ပြောဆိုခဲ့သည်သာဖြစ်သည်။

၁၉၉၁ ခုနှစ်တွင် သူမ၏ ဒီမိုကရေစီအရေးအတွက် အလံမလဲ တိုက်ပွဲဝင်မှု၊ လူ့အခွင့်အရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အားထုတ်မှုများအတွက် နိုဘယ်ဆုရွေးချယ်ရေးကော်မတီက သူမအား ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ခဲ့ကြသည်။


ဗုဒ္ဓဘာသာနိုင်ငံရေးဒဿန

အော်ဆန်းစုကြည်၏ နိုင်ငံရေးဒဿနမှာ အလွန်ရိုးစင်းသည်ဟု ထင်ရသော်လည်း ဗုဒ္ဓဒေသနာတော်၌ ကဲ့သို့ သူမ၏ စကားများတွင် စွမ်းအင်နှင့် စကားလုံးအရည်အသွေးများပါဝင်နေသည်။ ရိုးစင်း၍ အားအင်ပါသော စကားလုံးများဖြစ်သည်။ သူမ၏ အကျော်ကြားဆုံးစကားတစ်ခွန်းမှာ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး ဖြစ်သည်။

မိန့်ခွန်းပြီးခါနီးတွင် သူမက ဒီခေါင်းစီးစကားလုံးကိုပင် တဒင်္ဂခဏဖော်ထုတ်ပြီးနောက် မဟတ္တဂန္ဓီကြီး ၏ “ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ဖြစ်စေ နိုင်ငံတစ်ခုအတွက် ဖြစ်စေ အကြီးကျယ်ဆုံးလက်ဆောင်မှာ ကြောက်ရွံ့ခြင်းမရှိမှု၊ စိတ်ထဲမှာ ကြောက်ရွံ့ခြင်း ကင်းမှုပင် ဖြစ်ပါ၏ ” ဟူသော သြ၀ါဒစကာကိုးကားသည်။ မဟတ္တမဂန္ဓီကြီးက ဤကြောက်ရွံ့ခြင်းကင်းရေးသြ၀ါဒကို ပေးသည့်အခါ သူက သူကျွမ်းကျင်းကျင်သည့် တစ်စုံတစ်ခုကို ပြုလုပ်တတ်သည်။ ထိုအရာမှာ ဗုဒ္ဓအရှင်၏ ရှေးဟောင်းကျင့်စဉ်ဖြစ်ကြောင်း ဖွင့်ဆိုခြင်းပင် ဖြစ်ပါသည်။

အောင်ဆန်းစုကြည်က “ကြောက်ရွံ့မှုကင်းခြင်းသည် မဟတ္တမဂန္ဓီမိန့်ဆိုသကဲ့သို့ပင် လက်ဆောင်တစ်ခုဖြစ် ကောင်းဖြစ်နိုင်သော်လည်း ပို၍ တန်းဖိုးကြီးမားသောအရာမှာ သင်တို့ကိုယ်တိုင်၏ အားထုတ်မှု၊ ကြိုးပမ်းမှုအားဖြင့် ရရှိလာသည့် သတ္တိပင်ဖြစ်သည်။ ထိုသတ္တိက သင်တို့၏ အပြုအမူများကို ကန့်သတ်ချုပ်ချယ်နေသည့် ကြောက်ရွံ့မှုကို ဖယ်ရှားနိုင်သော အလေ့အကျင့်ကို ထူထောင်ပေးပါလိမ့်မည်” ဟု ဟောပြောလေသည်။

ဤစကားလုံးများကို ဖတ်ရှုကြရသည့်အခါ အောင်ဆန်းစုကြည်၏ လုပ်ရပ်က သတ္တိ၊ သည်းခံမှု၊ စိတ်ရှည်မှု၊ အကြမ်းမဖက်မှုကဲ့သို့သော ဗုဒ္ဓတရားတော်လာအခြေခံတန်းဖိုးများနှင့် ခေတ်သစ်ဒီမိုကရေစီတန်ဖိုးများကို တွဲဖက်ကျင့်သုံးနေခြင်းဖြစ်ကြောင်း ထင်သာမြင်သာ ရှိလှပါပေသည်။

ဤသို့တွဲဖက်ကျင့်သုံးပြလိုက်ခြင်းဖြင့် ဗုဒ္ဓတရားတော်တန်ဖိုးဟူသည် ဘုရားကျောင်းနှင့်သာ ဆိုင်သည်ဟူသော အမြင်ရှိသူများကိုပင် အာရုံစူးစိုက်လာစေနိုင်သည်အထိ အင်အားကြီးကြီးမားလှပေသည်။ ဗုဒ္ဓအရှင်၏ တရားတော်တန်ဖိုးများက အသောကခေတ်မှသည် ယနေ့ခေတ်တိုင်အောင် နိုင်ငံရေးနယ်ပယ်တွင်သာမက ဘာသာရေးရိုးရာ လုပ်ငန်းစဉ်များတွင်လည်း အဓိကကဏ္ဍမှ ပါဝင်ခဲ့လေသည်။

ဓမ္မဂင်္ဂါ
(၁၇-၁၁-၂၀၁၀)

Aung San Suu Kyi: A Buddhist Hero ကို ဆီလျော်အောင် ပြန်ဆိုပါသည်။


အောင်ဆန်းစုကြည် (သို့) ဗုဒ္ဓဘာသာသူရဲကောင်း

အရှေ့တောင် အာရှထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံများတွင် အောင်ဆန်းစုကြည်သည် ဘာသာရေးနှင့် နိုင်ငံရေးတန်ဖိုးကြားရှိ တိုက်ပွဲဝင် ဆုံမှတ်ပြယုဂ်တစ်ခုဖြစ်သည်။ ၁၉၄၅ ခုနှစ်တွင် မြန်မာ့အမျိုးသား သူရဲကောင်းဗိုလ်ချုပ်အောင်ဆန်း၏ သမီးအဖြစ် အောင်ဆန်းစုကြည်မွေးဖွားခဲ့သည်၊ ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ်ကာလတွင် မြန်မာလွတ်လပ်ရေးလှုပ်ရှားမှုကြီး၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး ဗြိတိသျှနှင့် ဖက်ဆစ်ဂျပန်အုပ်စိုးမှုမှ မြန်မာနိုင်ငံလွတ်လပ်ရေးရတော့မည် အချိန်နီးကပ်လာချိန်တွင် လုပ်ကြံခံခဲ့ ရသူဖြစ်သည်။


ဒီမိုကရေစီအထိမ်းအမှတ်သင်္ကေတ

အောင်ဆန်းစုကြည်သည် ရန်ကုန်၊ဒေလီနှင့် အောက်စဖို့ဒ်တို့တွင် ပညာသင်ယူခဲ့ပြီး အောက်စဖို့ဒ်တွင် မိသားစုဘ၀ကို ထူထောင်ရန် အခြေချခဲ့သည်။ အင်္ဂလိပ်အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပြီး သားနှစ်ဦးထွန်းကားခဲ့သည်။ မြန်မာနှင့် အရှေ့တောင်အာရှအရေးများနှင့် ခပ်ဝေးဝေးအင်္ဂလန်နိုင်ငံတွင် ပညာရှင်တစ်ဦးအဖြစ် အေးချမ်းစွာ နေထိုင်ခဲ့စဉ် သူမ၏ မိခင်နာမကျန်းဖြစ်၍ မိခင်ကြီးအား ပြုစုရန် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့သည်။ ထိုအချိန်အတောအတွင်း အစိုးရက ရွေးကောက်ပွဲကျင်းပပေးမည် ဟု ကြေငြာခဲ့ရာ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသူရဲကောင်းကြီး၏ သမီးအနေဖြင့် သဘာဝအားဖြင့်ပင် ဒီမိုကရေစီလှုပ်ရှားမှုရေစီးထဲ ပါခဲ့ရတော့သည်။ နောက်ဆုံးတော့ သူမသည် ထိုဒီမိုကရေစီလှုပ်ရှားမှုကြီး၏ သင်္ကေတဖြစ်ခဲ့လေတော့သည်။

နေအိမ်အထိန်းသိမ်းခံဘ၀ရောက်နေသည့်ကြားမှပင် သူမ၏ လှုပ်ရှားမှုက ၁၉၉၀ ခုနှစ်မေလတွင် ကျင်းပသည့် ရွေးကောက်ပွဲကို ကြီးကျယ်စွာ အနိုင်ရရှိခဲ့သည်။ သို့သော် တပ်မတော်အစိုးရက ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်မပြုခဲ့ပဲ ခေါင်းဆောင်များကို အကျဉ်းချပါလေသည်။ အောင်ဆန်းစုကြည်ကိုမူ ၁၉၉၀ ခုနှစ်ကတည်းက နေအိမ်တွင် ထိန်းသိမ်းအကျဉ်ချထားခဲ့သည်။ မည်သို့ဖြစ်စေ သူမကတော့ ဒီမိုကရေစီအရေးအတွက် ဆက်လက်ပြောဆိုခဲ့သည်သာဖြစ်သည်။
၁၉၉၁ ခုနှစ်တွင် သူမ၏ ဒီမိုကရေစီအရေးအတွက် အလံမလဲ တိုက်ပွဲဝင်မှု၊ လူ့အခွင့်အရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အားထုတ်မှုများအတွက် နိုဘယ်ဆုရွေးချယ်ရေးကော်မတီက သူမအား ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ခဲ့ကြသည်။


ဗုဒ္ဓဘာသာနိုင်ငံရေးဒဿန


အော်ဆန်းစုကြည်၏ နိုင်ငံရေးဒဿနမှာ အလွန်ရိုးစင်းသည်ဟု ထင်ရသော်လည်း ဗုဒ္ဓဒေသနာတော်၌ ကဲ့သို့ သူမ၏ စကားများတွင် စွမ်းအင်နှင့် စကားလုံးအရည်အသွေးများပါဝင်နေသည်။ ရိုးစင်း၍ အားအင်ပါသော စကားလုံးများဖြစ်သည်။ သူမ၏ အကျော်ကြားဆုံးစကားတစ်ခွန်းမှာ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး ဖြစ်သည်။

မိန့်ခွန်းပြီးခါနီးတွင် သူမက ဒီခေါင်းစီးစကားလုံးကိုပင် တဒင်္ဂခဏဖော်ထုတ်ပြီးနောက် မဟတ္တဂန္ဓီကြီး ၏ “ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ဖြစ်စေ နိုင်ငံတစ်ခုအတွက် ဖြစ်စေ အကြီးကျယ်ဆုံးလက်ဆောင်မှာ ကြောက်ရွံ့ခြင်းမရှိမှု၊ စိတ်ထဲမှာ ကြောက်ရွံ့ခြင်း ကင်းမှုပင် ဖြစ်ပါ၏ ” ဟူသော သြ၀ါဒစကာကိုးကားသည်။ မဟတ္တမဂန္ဓီကြီးက ဤကြောက်ရွံ့ခြင်းကင်းရေးသြ၀ါဒကို ပေးသည့်အခါ သူက သူကျွမ်းကျင်းကျင်သည့် တစ်စုံတစ်ခုကို ပြုလုပ်တတ်သည်။ ထိုအရာမှာ ဗုဒ္ဓအရှင်၏ ရှေးဟောင်းကျင့်စဉ်ဖြစ်ကြောင်း ဖွင့်ဆိုခြင်းပင် ဖြစ်ပါသည်။

အောင်ဆန်းစုကြည်က “ကြောက်ရွံ့မှုကင်းခြင်းသည် မဟတ္တမဂန္ဓီမိန့်ဆိုသကဲ့သို့ပင် လက်ဆောင်တစ်ခုဖြစ် ကောင်းဖြစ်နိုင်သော်လည်း ပို၍ တန်းဖိုးကြီးမားသောအရာမှာ သင်တို့ကိုယ်တိုင်၏ အားထုတ်မှု၊ ကြိုးပမ်းမှုအားဖြင့် ရရှိလာသည့် သတ္တိပင်ဖြစ်သည်။ ထိုသတ္တိက သင်တို့၏ အပြုအမူများကို ကန့်သတ်ချုပ်ချယ်နေသည့် ကြောက်ရွံ့မှုကို ဖယ်ရှားနိုင်သော အလေ့အကျင့်ကို ထူထောင်ပေးပါလိမ့်မည်” ဟု ဟောပြောလေသည်။

ဤစကားလုံးများကို ဖတ်ရှုကြရသည့်အခါ အောင်ဆန်းစုကြည်၏ လုပ်ရပ်က ဗုဒ္ဓတရားတော်လာ အခြေခံတန်းဖိုးများဖြစ်သည့် သတ္တိ၊ သည်းခံမှု၊ စိတ်ရှည်မှု၊ အကြမ်းမဖက်မှုတရားများနှင့် ခေတ်သစ်ဒီမိုကရေးစီတန်ဖိုးများကို တွဲဖက်ကျင့်သုံးနေခြင်းဖြစ်ကြောင်း ထင်သာမြင်သာ ရှိလှပါပေသည်။

ဤသို့တွဲဖက်ကျင့်သုံးပြလိုက်ခြင်းဖြင့် ဗုဒ္ဓတရားတော်တန်ဖိုးဟူသည် ဘုရားကျောင်းနှင့်သာ ဆိုင်သည်ဟူသော အမြင်ရှိသူများကိုပင် အာရုံစူးစိုက်လာစေနိုင်သည်အထိ အင်အားကြီးကြီးမားလှပေသည်။ ဗုဒ္ဓအရှင်၏ တရားတော်တန်ဖိုးများက အသောကခေတ်မှသည် ယနေ့ခေတ်တိုင်အောင် နိုင်ငံရေးနယ်ပယ်တွင်သာမက ဘာသာရေးရိုးရာ လုပ်ငန်းစဉ်များတွင်လည်း အဓိကကဏ္ဍမှ ပါဝင်ခဲ့လေသည်။

ဓမ္မဂင်္ဂါ
(၁၇-၁၁-၂၀၁၀)

ရဟန်းနှင့် ဆွယ်တာ


15 November, 2010

ဒေါ်စုကြည်ကား လွတ်မြောက်ပြီ၊ ယခု အသို့ဖြစ်လေသနည်း

“Whatever they do to me, that’s between them and me; I can take it. What’s more important is what they are doing to the country.”— Aung San Suu Kyi, 1994

ထိုသူတို့က ကျွန်ုပ်အား မည်သို့ပြုမူကြသည် ဖြစ်စေ ထိုသူတို့နှင့် ကျွန်ုပ်၏ အရေးမျှသာ ဖြစ်လေရာ ကျွန်ုပ်သည်းခံပါအံ့၊ လွန်မင်းစွာ အရေးကြီးသော အကြောင်းတရားသည်ကား ထိုသူတို့က တိုင်းပြည်အတွက် မည်သို့ပြုမူနေကြနေကြလေသနည်း ဟူသည်ပင်တည်း။
ဒေါ်အောင်ဆန်းစုကြည် (၁၉၉၄)

ရန်ကုန်မြို့ရှိ သူမ၏ အိမ်ဝင်းတံခါးဝတွင် သူမအား ထောက်ခံကြလေသည့် ပြည်သူထောင်ပေါင်းများစွာတို့ကို နှုတ်ခွန်းဆက်သနေသော အောင်ဆန်းစုကြည်၏ ပုံရိပ်တို့သည် ကျွန်ုပ်အား မျက်ရည်စွပ်စိုစေတော့ သည်တကား။ ဆံကေသာထက်ဝယ် ပန်ဆင်အပ်သည့် လှပသော ပန်းမြတ်မာလာနှင့် အတူ မြန်မာရွှေပြည်ကြီး၏ အနာဂတ်နှင့် လုံးဝယှဉ်တွဲသွားတော့မည့် ဘ၀ပုံရိပ်နှင့် လိုက်ဖက်ညီလှသော သူမ၏ အပြုံး၊ သူမ၏ စကားလုံးတို့ကို ရှုမြင်ရ ကြားနာရခြင်းသည် လွန်ကဲနှစ်ခြိုက်ဖွယ်သော နှစ်သက်မှုပီတိများသာ ဖြစ်ပါပေသတည်း။

မြန်မာရွှေပြည်ကြီးနှင့် တကွသော ဤကမ္ဘာမြေ အတိုင်းတိုင်းအပြည်ပြည်မှ သန်းပေါင်းများစွာသော သပ္ပုရိသ အပေါင်းတို့သည် သူမ၏လွတ်မြောက်မှုအတွက် တစ်ခုတည်း သောအသံဖြင့် တုံပြန်ခဲ့ကြသည်ကို ကျွန်ုပ် သိရပါလေပြီ။ သူမသည် လွန်ခဲ့သော (၇)နှစ်တာကာလနှင့် စုစုပေါင်း အနှစ်နှစ်ဆယ်အတွင်း ဆယ့်ငါးနှစ်တာကာလမျှဝယ် သူမ၏ ပြုပြင်မှုကင်းကွာ နုံခြာလှသည့် အိမ်တွင် အထိန်းသိမ်ခံဘ၀ဖြင့် အကျဉ်းစံခဲ့ရလေသည်တည်း။ သူမ၏ ရင်သွေးငယ်များနှင့် တွေ့ဖို့ရန် အခွင့်အလမ်းများကို စွန့်လွှတ်ခဲ့ရ၏၊ လူမှုအသိုက်အအုံကြီးနှင့်လည်း ဆက်သွယ်ခွင့်ဝေးခဲ့ရလေသည်တကား။

အဓိပ္ပါယ်တစ်ရပ်ဖြင့် ဆိုရသော် ဒေါ်စုသည် မြင့်မားသော ပုံရိပ်တစ်ခုဖြစ်ခဲ့လေပြီ။ သို့သော် သူမသည်ကား အသက်ရှင်တည်ရှိနေသော ၀င်လေထွက်လေရှိနေဆဲသော ပုံရိပ်တစ်ခုသာ ဖြစ်ပါချေ၏။ သူမကိုယ် သူမ သက်မဲ့အရာဝတ္ထုတစ်ခုအဖြစ် ခွင့်ပြုလိမ့်မည် မဟုတ်ပါလေခဲ့။ သူမကား ရှင်သန်လုပ်ရှားရပေလိမ့်ဦးမည်တည့်။

ယခုပစ္စက္ခတွင်မူ သူမ၏ လွတ်မြောက်မှုသည် နှောင်ကြိုးမဲ့လွတ်မြောက်မှုဟု ထင်မြင်ရပေ၏။ ဤသည်မှာလည်း သူမ၏ ခိုင်ကြည်စွာသော အဓိဋ္ဌာန်တရားပင် မုချ ဖြစ်ပေလိမ့်မည်။ မြန်မာရွှေပြည်ကြီး၏ (----) SPDC နှင့် အရွေးချယ်ခံအစိုးရသစ်တို့၏ စိတ်နှလုံးဝယ် ရည်ရွယ်ချက်အမျိုးမျိုး၊ အကြောင်းတရားအဖုံဖုံရှိကောင်း ရှိနိုင်ပါပေသည်။ မည်သို့ဆိုသော်ငြား ကျွန်ပ်တို့ကား ၀မ်သားပီတိလျှမ်းသော မျက်ရည်အပြည့်ဖြင့် အောင်ပွဲခံခဲ့ကြပေပြီတည်း။ အောင်ဆန်းစုကြည်၏ လွတ်မြောက်မှုသည် အပြောင်းအလဲတစ်ရပ်အတွက် (သိပ်သည်းထူထဲလှစွာသော ဖိနှိပ်မှုနံရံကြီး၏ အကြားအပေါက်လေးတစ်ခုသဖွယ် လွတ်မြောက်မှု ပေါ်ထွက်လာနိုင်ပေသည့်) ၀င်ပေါက်တံခါးသစ်ကို ဖန်ဆင်းအပ်သည့်နှယ်ဖြစ်လေသည်တကား။

ဤသို့သော အခွင့်အလမ်းနှင့် ဒေါ်စု၏ နိုင်ငံရေးစွမ်းဆောင်ရည်ကို အသုံးပြုက အကောင်းဆုံးတိုးတက်မှုဆီသို့ ချီတက်ကြရန်မှာ ကမ္ဘာ့လူ့အဖွဲ့စည်းကြီး၏ အာရုံစူးစိုက်မှု၊ မြန်မာ့ဒီမိုကရေစီလှုပ်ရှားကြလေသူတို့၏ လက်တွဲခိုင်မာမှုနှင့် သက်ဆိုင်လှပေတော့သည်။

ဒီမိုကရေစီပန်းတိုင်နှင့် အမျိုးသားရင်ကြားစေ့ ပေါင်းစည်းညီညွတ်ရေးသို့ ချီတက်ကြရာတွင် အောင်ဆန်း စုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုက်ပွဲဝင်တိုင်းရင်းသားအစုအဖွဲ့အားလုံးနှင့် အစိုးရတို့ကြားတွင် ရိုးသားဖြောင့်မတ်၍ ဖောက်ပြန်မှုမရှိသော တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ် အမှန်တကယ်ရှိရပေလိမ့်မည်၊

လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာခန့်က သကျမုနိဗုဒ္ဓအရှင်သည် ဤဂါထာများကို မေတ္တသုတ် တော်မြတ်တွင် ထည့်သွင်းဟောကြားခဲ့ပါ၏။

တစ်စုံတစ်ယောက်သည် တစ်ပါးသောသူ တစ်ယောက်လူကို မလှည့်ဖျားမငြူစူပါစေလင့်။ မည်သည့်အရပ်တွင်မဆို မထီမဲ့မြင် စော်ကားခြင်းနှင့် မယှဉ်ပါစေလင့်။ ဒေါသ အာဃာတထားကာ အချင်းချင်း ဆင်းရဲပွားအောင် မကြံဆောင်ပါလေလင့်။

တစ်ဦးတည်းသောသားကို စောင့်ရှောက်သည့် မိခင်မေတ္တာပမာ သတ္တ၀ါအားလုံးအား မေတ္တာတရားထား ကာ အကြိမ်ကြိမ်ပွားများကြစေသတည်း။

ဤဒေသနာတော်သည် ကျွန်ုပ်တို့၏ လမ်းညွှန်အဖြစ် ရှိနေလိမ့်ဦးမည်သာ ဖြစ်ပါ၏။ ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒသည်လည်း သက်ဝင်မှုရှိသော အကြမ်းမဖက်ရေးလမ်းစဉ်ပင် ဖြစ်ပါ၏။ သူမ၏ ရည်သန်ချက်သည်ကား သူ၏ တိုင်းပြည်ကို လွတ်မြောက်စေ၍ သတ္တ၀ါအားလုံးကို ကာကွယ်နိုင်ရေး အဆုံးစွန်အားဖြင့် သူမ၏ ပြိုင်ဘက်များကိုပင် အာဃာတနှင့် တရားမဲ့မှုမှ စောင့်ရှောက်နိုင်ရေးပင် ဖြစ်လေတော့သည်တည့်။ သူမ၏ ယခု လွတ်မြောက်မှုမှသည် အောင်မြင်မှုဆီ ရောက်သည်အထိ ဆုတောင်းပေးရုံသာ ကျွန်ုပ်တို့ စွမ်းနိုင်ကြပေသည်။ ထိုမျှသာမက မြတ်သောပန်းတိုင်သို့ ညွတ်သော ကျွန်ုပ်တို့ကိုယ်တိုင်၏ အားထုတ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အားစိုက်ကြရပေလိမ့်မည်၊ မြန်မာရွှေပြည်ကြီးကား လွတ်မြောက်ရမည် မလွဲတည်း။


ဓမ္မဂင်္ဂါ

(၁၅-၁၁-၂၀၁၀)

ဇင်ဘုန်းတော်ကြီး Hozan Alan Senauke ၏ Aung San Suu Kyi is free, but what happens now? ကို ဆီလျော်သလို ပြန်ဆိုခြင်းပေတည်း။ အချို့စကားလုံးများကို ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို လိုလားသော ရဟန်းတစ်ပါးအနေဖြင့် ဒေါ်စု၏ ဆန္ဒအရ ချန်ထားခဲ့ပေသတည်း။

မူရင်းစာမျက်နှာ



ဒေါ်စုကြည်ကား လွတ်လေပြီ။ ယခု အသို့ဖြစ်လေသနည်း

ထိုသူတို့က ကျွန်ုပ်အား မည်သို့ပြုမူကြသည် ဖြစ်စေ ထိုသူတို့နှင့် ကျွန်ုပ်၏ အရေးမျှသာ ဖြစ်လေရာ ကျွန်ုပ်သည်းခံပါအံ့၊ လွန်မင်းစွာ အရေးကြီးသော အကြောင်းတရားသည်ကား ထိုသူတို့က တိုင်းပြည်အတွက် မည်သို့ပြုမူနေကြနေကြလေသနည်း ဟူသည်ပင်တည်း။

ဒေါ်အောင်ဆန်းစုကြည် (၁၉၉၄)

ရန်ကုန်မြို့ရှိ သူမ၏ အိမ်ဝင်းတံခါးဝတွင် သူမအား ထောက်ခံကြလေသည့် ပြည်သူထောင်ပေါင်းများစွာတို့ကို နှုတ်ခွန်းဆက်သနေသော အောင်ဆန်းစုကြည်၏ ပုံရိပ်တို့သည် ကျွန်ုပ်အား မျက်ရည်စွပ်စိုလေတော့သည်တကား။ ဆံကေသာထက်ဝယ် ပန်ဆင်အပ်သည့် လှပသော ပန်းမြတ်မာလာနှင့် အတူ မြန်မာရွှေပြည်ကြီး၏ အနာဂတ်အတွက် လုံးဝယှဉ်တွဲသွားတော့မည့် ဘ၀ပုံရိပ်နှင့် လိုက်ဖက်ညီလှသော သူမ၏ အပြုံး၊ သူမစကားလုံးတို့ကို မြင်ရ ကြားရခြင်းသည် လွန်ကဲနှစ်ခြိုက်ဖွယ်သော နှစ်သက်မှုပီတိပါပေတည်း။

မြန်မာရွှေပြည်ကြီးနှင့် တကွသော အတိုင်းတိုင်းအပြည်ပြည်မှ သန်းပေါင်းများစွာသော သပ္ပုရိသအပေါင်းတို့သည် တစ်ခုတည်းသောအသံဖြင့် တုံပြန်ခဲ့ကြသည်ကို ကျွန်ုပ်သိပါ၏။ သူမသည် လွန်ခဲ့သော (၇)နှစ်တာကာလနှင့် စုစုပေါင်းအနှစ်နှစ်ဆယ်အတွင်း ဆယ့်ငါးနှစ်တာကာလမျှဝယ် သူမ၏ ပြုပြင်မှုကင်းကွာ နုံခြာလှသည့် အိမ်တွင် အထိန်းသိမ်ခံဘ၀ဖြင့် အကျဉ်းစံခဲ့လေသည်တည်း။ သူမ၏ သာငယ်များနှင့် တွေ့ဖို့ရန် အခွင့်အလမ်းများကို စွန့်လွှတ်ခဲ့ရ၏၊ လူမှုအဖွဲ့အစည်းနှင့်လည်း ဆက်သွယ်ခွင့် ဝေးခဲ့ရလေသည်တကား။

Daw Suu has been, in one sense, an icon. But she is a living, breathing icon who will never allow herself to be an object. Aung San Suu Kyi has work to do.

အဓိပ္ပါယ်တစ်ရပ်ဖြင့် ဆိုရသော် ဒေါ်စုသည် မြင့်မားသော ပုံရိပ်တစ်ခုဖြစ်ခဲ့လေပြီ။ သို့သော် သူမသည်ကား အသက်ရှင်တည်ရှိနေသော ၀င်လေထွက်လေရှိနေဆဲသော ပုံရိပ်သာ ဖြစ်ပါ၏။ သူမကိုယ် သူမ အရာဝတ္ထုတစ်ခုအဖြစ် ခွင့်ပြုလိမ့်မည်မဟုတ်။ သူမကား ရှင်သန်လုပ်ရှားရပေလိမ့်ဦးမည်။

For now it appears that her release is unconditional. Certainly that is Daw Suu’s firm determination. Burma’s SPDC junta and the new “government,” selected just days ago in a bogus election universally condemned by international advisers and governments around the world, may have very different intentions and conditions for her. Nonetheless, we pause to celebrate and shed tears of grief mingled with joy. Aung San Suu Kyi’s release creates a new opening for change — a gap in the apparently seamless wall of oppression through which freedom can emerge.

ယခုပစ္စက္ခတွင်မူ သူမ၏ လွတ်မြောက်မှုသည် နှောင်ကြိုးမဲ့လွတ်မြောက်မှုဟု ထင်မြင်ရပေ၏။ ဤသည်မှာလည်း သူမ၏ ခိုင်ကြည်စွာသော အဓိဋ္ဌာန်တရားပင် မုချ ဖြစ်ပေလိမ့်မည်။ မြန်မာရွှေပြည်ကြီး၏ (----) SPDC နှင့် အရွေးချယ်ခံအစိုးရသစ်တို့၏ စိတ်နှလုံးဝယ် ရည်ရွယ်ချက်အမျိုးမျိုး၊ အကြောင်းတရားအဖုံဖုံရှိကောင်း ရှိနိုင်ပါပေသည်။ မည်သို့ဆိုသော်ငြား ကျွန်ပ်တို့ကား ၀မ်သားပီတိလျှမ်းသော မျက်ရည်အပြည့်ဖြင့် အောင်ပွဲခံခဲ့ကြပေပြီတည်း။ အောင်ဆန်းစုကြည်၏ လွတ်မြောက်မှုသည် အပြောင်းအလဲတစ်ရပ်အတွက် (သိပ်သည်းထူထဲလှစွာသော ဖိနှိပ်မှုနံရံကြီး၏ အကြားအပေါက်လေးတစ်ခုသဖွယ် လွတ်မြောက်မှုပေါ်ထွက်လာနိုင်ပေသည့်) ၀င်ပေါက်တံခါးသစ်ကို ဖန်ဆင်းအပ်သည့်နှယ် ဖြစ်ပေသည်တကား။

It is up to our worldwide community of conscience, hand in hand with Burma’s democracy activists, to use this opportunity and Daw Suu’s political skills to best advantage. There are still more than 2200 political prisoners in facing torture and long years in Burma’s prisons, including student leader Min Ko Naing, labor rights activist Su Su Nway, Saffron Revolution leader U Gambira, comedian/social critic Zargana, and many, many others. Among these political prisoners we have identified nearly 250 monks and nuns. We demand their immediate release.

ဤသို့သော အခွင့်အလမ်းနှင့် ဒေါ်စု၏ နိုင်ငံရေးစွမ်းဆောင်ရည်ကို အသုံးပြုက အကောင်းဆုံးတိုးတက်မှုဆီသို့ ချီတက်ကြရန်မှာ ကမ္ဘာ့လူ့အဖွဲ့စည်းကြီး၏ အာရုံစူးစိုက်မှု၊ မြန်မာ့ဒီမိုကရေစီလှုပ်ရှားကြလေသူတို့၏ လက်တွဲခိုင်မာမှုနှင့် သက်ဆိုင်လှပေတော့သည်။

There must be an honest and irreversible process of dialogue involving Aung San Suu Kyi, the National League for Democracy, all the embattled ethnic groups, and the junta itself towards a clear goal of democracy and national reconciliation.

ဒီမိုကရေစီပန်းတိုင်နှင့် အမျိုးသားရင်ကြားစေ့ပေါင်းစည်းညီညွတ်ရေးသို့ ချီတက်ကြရာတွင် အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုက်ပွဲဝင်တိုင်းရင်းသားအစုအဖွဲ့အားလုံးနှင့် အစိုးရတို့ကြားတွင် ရိုးသားဖြောင့်မတ်၍ ဖောက်ပြန်မှုမရှိသော တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ် အမှန်တကယ်ရှိရပေလိမ့်မည်၊ ( Anything short of such deliberations is simply the continuation of the junta’s business as usual — the business of theft, fraud, impoverishment, and systematic violence. We cannot allow these policies to shadow the lives of our Burmese sisters and brothers.)

Twenty-five hundred years ago Shakyamuni Buddha included these verses in the “Metta Sutta.”

လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာခန့်က သကျမုနိဗုဒ္ဓအရှင်သည် ဤဂါထာများကို မေတ္တသုတ်တော်မြတ်တွင် ထည့်သွင်းဟောကြားခဲ့ပါ၏။

တစ်စုံတစ်ယောက်သည် တစ်ပါးသောသူ တစ်ယောက်လူကို မလှည့်ဖျားမငြူစူပါစေလင့်။ မည်သည့်အရပ်တွင်မဆို မထီမဲ့မြင် စော်ကားခြင်းနှင့် မယှဉ်ပါစေလင့်။ ဒေါသ အာဃာတထားကာ အချင်းချင်း ဆင်းရဲပွားအောင် မကြံဆောင်ပါလေလင့်။ တစ်ဦးတည်းသောသားကို စောင့်ရှောက်သည့် မိခင်မေတ္တာပမာ သတ္တ၀ါအားလုံးအား မေတ္တာတရားထား ကာ အကြိမ်ကြိမ်ပွားများကြစေသတည်း။

ဤဒေသနာတော်သည် ကျွန်ုပ်တို့၏ လမ်းညွှန်အဖြစ် ရှိနေလိမ့်ဦးမည်သာ ဖြစ်ပါ၏။ ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒသည်လည်း သက်ဝင်မှုရှိသော အကြမ်းမဖက်ရေးလမ်းစဉ်ပင် ဖြစ်ပါ၏။ သူမ၏ ရည်သန်ချက်သည်ကား သူ၏ တိုင်းပြည်ကို လွတ်မြောက်စေ၍ သတ္တ၀ါအားလုံးကို ကာကွယ်နိုင်ရေး အဆုံးစွန်အားဖြင့် သူမ၏ ပြိုင်ဘက်များကိုပင် အာဃာတနှင့် တရားမဲ့မှုမှ စောင့်ရှောက်နိုင်ရေးပင် ဖြစ်လေတော့သည်တည့်။ သူမ၏ ယခု လွတ်မြောက်မှုမှသည် အောင်မြင်မှုဆီ ရောက်သည်အထိ ဆုတောင်းပေးရုံသာ ကျွန်ုပ်တို့ စွမ်းနိုင်ကြပေသည်။ ထိုမျှသာမက မြတ်သောပန်းတိုင်သို့ ညွတ်သော ကျွန်ုပ်တို့ကိုယ်တိုင်၏ အားထုတ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အားစိုက်ကြရပေလိမ့်မည်၊ မြန်မာရွှေပြည်ကြီးကား လွတ်မြောက်ရမည် မလွဲတည်း။

------------
Hozan Alan Senauke is founder of the Clear View Project and vice-abbot of Berkeley Zen Center. His latest book — The Bodhisattva’s Embrace: Dispatches From Engaged Buddhism’s Front Lines — is available from Clear View Press.
http://www.clearviewproject.org/

13 November, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်ဗုဒ္ဓဘာသာအမြင်

Burma Project USA ကို တည်ထောင်သူ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကျွမ်းကျင်သူနှင့် မြန်မာနိုင်ငံတွင် (များသောအားဖြင့်) ရဟန်းဘ၀ဖြင့် ( ၈ )နှစ်တာ နေထိုင်ခဲ့ဖူးသည့် မစ္စတာ အလန် ကလီးမင့်ထ်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဖြစ်ခဲ့သည်များကို Comversation with Aung San Su Kyi ခေါင်းစဉ်ဖြင့် Shambhala Sun, September 1997 တွင် ရေးသားဖော်ပြခဲ့ပါသည်။ ထင်ရှားသည့် မြန်မာအမျိုးသမီးကြီးတစ်ဦး၏ ဗုဒ္ဓဘာသာအမြင်များကို သိရှိနိုင်စေရန် မိတ်ဆက်ဖော်ပြလိုက်ပါသည်။
အလန်ကလီးမင့်ထ်စ်
“ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးနှစ်ရပ်လုံးအတွက် ကျွန်တော်ပို့ ချနေခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော်နဲ့ တွေ့သမျှလူတွေအားလုံးက ခင်ဗျားကို သူရဲကောင်းဆိုတဲ့ ဝေါဟာရတွေနဲ့ တံဆိပ်တပ်ချင်နေကြတယ်ဗျ၊ ခင်ဗျားနဲ့ အင်တာဗျူးတဲ့ Vanity Fair ကတော့ ခင်ဗျားကို “မြန်မာ့စိန့်ဂျုန်း” လို့တောင် မျက်နှာဖုံးကမ္ဗည်းထိုးထားပါပကော။”
ဒေါ်အောင်ဆန်းစုကြည် “ဘုရား ဘုရား၊ ကျွန်မ အဲလိုမမျှော်လင့်ရပါလားရှင်။”
အလန်ကလီးမင့်ထ်စ် “တိတိကျကျဗုဒ္ဓဘာသာဝေါဟာရနဲ့ ပြောရင်တော့ ခင်ဗျားဟာ ဗုဒ္ဓဘုရားအဖြစ် ရောက်ရှိဖို့အတွက် အခြားသူတွေ လွတ်မြောက်မှုရရှိကြပါစေ ဆိုတဲ့ စေတနာဆန္ဒတွေနဲ့ ပညာပါရမီ၊ ကရုဏာပါရမီ၊ မေတ္တာပါရမီတွေကို ဖြည့်ဆည်းအားထုတ်နေတဲ့ ဘုရားအလောင်း မဟာဣတ္ထိယ တစ်ယောက်လို့တောင် ရည်ညွှန်းပြောဆိုနေကြတာ ကြားရတယ်ဗျ။”
ဒေါ်အောင်ဆန်းစုကြည် “အိုး ကျွန်မကတော့ ဘုရားပဲ တနေမိတော့တာပါပဲ။ ကျွန်မက အဲဒီအဆင့်နဲ့ အလှမ်း ဝေးလွန်းပါတယ်ရှင်။ လူတွေက ကျွန်မကို အဲလိုမျိုးတစ်စုံတစ်ယောက် ဖြစ်နိုင်တယ်လို့ ထင်နေကြတာကို အံ့သြလို့ မဆုံးအောင်ပါပဲ။
ကျွန်မကသာ အဲဒီလိုမြင့်မားတဲ့စွမ်းရည်မျိုးရှိနိုင်ပြီလို့ ထင်မိတဲ့အချိန် တစ်နေ့နေ့မှာတော့ ဗောဓိသတ္တ (ဘုရားလောင်း) တစ်ဆူတော့ ကျွန်မ ဖြစ်ချင်ပါရဲ့ရှင်။ တကယ်တော့ ကျွန်မက မိမိကိုယ်ကိုယ်မိမိ တိုးတက်အောင် ဆောင်ရွက်ကြိုးပမ်းနေကြတဲ့ လူတွေထဲက လူတစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဗောဓိသတ္တဖြစ်ရေး အဓိဋ္ဌာန်ပြုဖို့ (ဘုရားဆုပန်ဖို့) သင်လျော်တဲ့ လူလို့တော့ ကျွန်မကိုယ် ကျွန်မ မတွေးမိ မထင်မိ၊ မပြုလုပ်မိသေးပါဘူး။
ကျွန်မက ကောင်းအောင် လုပ်ဖို့ပဲ အားစိုက်ကြိုးစားဖြစ်ပါတယ်။(ရယ်လျက်) ဒါကလည်း ကျွန်မအမေက ကျွန်မကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းပါပဲလေ။ ပြောရရင်တော့ ကောင်းမှုရဲ့ ကောင်းကျိုးကို ကျွန်မအမေက အလေးထားခဲ့တာကိုး။ အချိန်တိုင်း ကောင်းအောင်နေနိုင်တယ်လို့တော့ ကျွန်မမပြောလိုပါဘူး၊ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်မကြိုးစားဖြစ်ပါတယ်။
ကျွန်မက စိတ်တိုတတ်တယ်ရှင့်။ ဒါပေမယ့် အခု အရင်လောက်စိတ်မတိုတော့ဘူးလို့ ပြောရမယ်။ ၀ိပဿနာက အများကြီး အထောက်အကူပြုတယ်လေ။ ဒါပေမယ့် တစ်စုံတစ်ယောက်ဟာ သူတော်ယောင်တစ်ယောက်၊ သီလကြောင်တစ်ယောက်လို့ ထင်မိတဲ့အချိန်မှာတော့ ကျွန်မစိတ်တိုမိတုန်းဆိုတာ ကျွန်မ၀န်ခံပါတယ်။
မသိနားမလည်တာ၊ ရိုးရိုးသားသားမှားမိတာလေးတွေကို ကျွန်မက နားလည်ပေးနိုင်ပေမယ့် သီလကြောင် သဘောမျိုးကိုတော့ ကျွန်မ နည်းနည်းလေးမှ သည်းမခံနိုင်ဘူး။ ဒီတော့ ကျွန်မ သတိပဋ္ဌာန် တရားပွားများမှ ဖြစ်မယ်လေ။ ကျွန်မ စိတ်တိုနေပြီဆိုရင် “အော် ငါစိတ်တိုနေပါလား ”လို့ သိနေရမယ်။ ကွန်မကတော့ စိတ်တို နေတဲ့ ကျွန်မကိုယ်ကို ရှုမှတ်လိုက်တာပါပဲ။ ပြီးတော့ “ငါစိတ်တိုနေတယ် ငါစိတ်တိုနေတယ်” လို့ ကျွန်မဘာသာ ကျွန်မ ရွတ်ဆိုဖြစ်တယ်၊ အဲဒီလို ကျွန်မရဲ့ ဒေါသကို ကျွန်မထိန်းချုပ်ပါတယ်။ ဒီလိုမျိုး ဒေါသကို ဆက်မပွားအောင် ထိန်းချုပ်ပါတယ်။
အလန်ကလီးမင့်ထ် လွန်ခဲ့တဲ့နှစ်တော်တော်ကြာက ဘုရားဆုပန်ထားတယ် ဆိုတဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အင်တာဗျူးခဲ့တယ်ဗျ၊ သူ့ကို ကျွန်တော်က “ တပ်မတော်ကို ထိန်းချုပ် အမိန့်ပေးခွင့်ရှိတဲ့ ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ဗောဓိသတ္တအဖြစ် ဘုရားဆုပန်ထားတာ ဘယ်လိုမျိုးဖြစ်လေမလဲ ” လို့ မေးတော့ ဦးနုက (ကျွန်တော်အမှတ်မမှားဘူးဆိုရင်) “ အဲဒါဟာ ၀န်ထုပ်ဝန်ပိုးကြီးတစ်ခု၊ အမြဲတမ်း သီလပိုင်းဆိုင်ရာ အကြပ်အတည်းကြီး တစ်ခုလောက်နီးနီးပဲ”လို့ ဖြေခဲ့တယ်ဗျ။ သူပြောတာက ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးပြုဖို့ တာဝန်ရှိနေတဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်နေတာဟာ သဟဇာတမဖြစ်လှဘူးတဲ့ဗျ။ ခင်ဗျားအနေနဲ့ရော အဲဒီလို အကြပ်အတည်းမျိုး ခံစားရပါသလား။

ဒေါ်အောင်ဆန်းစုကြည် မခံစားရပါဘူး၊ ကျွန်မအနေနဲ့ အကြပ်အတည်းမမြင်ပါဘူး၊ ကျွန်မက ဘုရားဆုပန်နိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ မထင်ဘူးလေ။ ကျွန်မရဲ့ ပထမရည်သန်ချက်က လောကရေးရာများမှာ ဗုဒ္ဓအရှင်ရဲ့ ဥပဒေသတွေအတိုင်း လိုက်နာကျင့်သုံးဖို့ပါပဲ။ တကယ်လည်း ကျွန်မ တရားအားထုတ်ဖြစ်ပါတယ်။ ဒါကလည်း ကျွန်မတို့ လူသားအားလုံးမှာ မျက်ကွယ်ပြုလို့မရတဲ့ ဘာသာရေးအတိုင်းအတာ တစ်ခုတော့ ရှိရမယ်လို့ ကျွန်မကိုယ်တိုင်က ယုံကြည်နေလို့ပါ။ ပြောရရင်တော့ အသက်အရွယ်ထောက်လာတဲ့ နောက်ပိုင်း အချိန်တွေမှာ ဘာသာရေးထဲမှာ နှစ်ပြီး အားထုတ်ရမယ့် သာမန်ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ကျွန်မကိုယ်ကျွန်မ စဉ်းစားထားပါတယ်။


အလန်ကလီးမင့်ထ် ခင်ဗျားရဲ့ ဘ၀ကို နောက်ကြောင်း ပြန်လိုက်ရင် ခင်ဗျားရဲ့ ပုဂ္ဂလိကတိုးတက်မှုအပေါ်မှာ ထူးခြားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေတဲ့ အလွန်အရေးကြီးတဲ့ အတွေ့အကြုံတွေ၊ ပုဂ္ဂိုလ်ရေး သင်ခန်းစာတွေက ဘာတွေများဖြစ်မလဲ။

ဒေါ်အောင်ဆန်းစုကြည် ရိုးရိုးလေးပါပဲ။ ဘ၀မှာ ကျွန်မဘာလေ့လာပြီးပြီလဲဆိုတော့ “အကြီးမားဆုံးဆင်းရဲမှုကို ပေးတာဟာ မိမိတို့ကိုယ်တိုင်ရဲ့ မှားယွင်းတဲ့ အပြုအမူပဲ” ဆိုတာပါ။ တစ်ခြားလူက လုပ်လို့မရပါဘူး။ ဒါကလည်း ကျွန်မကြီးပြင်းလာရတဲ့ ဘ၀အခြေအနေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မအမေက ကျွန်မကို “အမှားလုပ်တာဟာ ဘာကောင်းကျိုးမှ မပေးဘူး ” ဆိုတဲ့ ဥပဒေသကိုပဲ ကျွန်မကို သွန်သင်ပေးခဲ့တာပါ။

ကျွန်မကိုယ်တိုင်ရဲ့ အတွေ့အကြုံအရလည်း အဲဒီအတိုင်းပဲ အမှန်ဖြစ်ခဲ့ပါတယ်။ “အခြားလူတွေက ရှင့်ကို ဆိုးကျိုးဖြစ်အောင် လုပ်လို့မရဘူး ” ဆိုတဲ့ အပြုသဘောဆောင်တဲ့ အမြင်မျိုး ရှင့်မှာ ရှိမယ်ဆိုရင်တော့ သူတို့က ရှင့်ကို ခြိမ်းခြောက်လို့လည်း မရဘူးပေါ့။ ရှင့်အနေနဲ့ အခြားလူတွေအပေါ်မှာ မေတ္တာတရား မထားတော့ဘူးဆိုရင် ရှင်လည်း ချမ်းသားမယ်လို့တော့ မထင်ပါဘူးရှင်။

အလန်ကလီမင့်ထ်
ခင်ဗျားကိုယ်ခင်ဗျား ဘယ်လိုလူစားမျိုးလို့ သတ်မှတ်မလဲ

ဒေါ်အောင်ဆန်းစုကြည် အင်း တစ်ခါတစ်ရံမှာ တစ်ခြားလူတွေက ကျွန်မကို မြင်တာနဲ့ ကျွန်မကိုယ်ကျွန်မမြင်တာ မတူတတ်ဘူးရှင့်။ ဆိုကြပါစို့ ကျွန်မကို သတ္တိကောင်းလိုက်တာလို့ ပြောကြတဲ့ကိစ္စလေ၊ ကျွန်မကိုယ်ကျွန်မ “သတ္တိကောင်းကြီး”လို့ တစ်ခါမှ မတွေးမိပါဘူး (---------) ကျွန်မကိုယ်ကျွန်မ ထူးခြားတဲ့ပုဂ္ဂိုလ်အဖြစ်လည်း မမြင်မိပါဘူး၊ ကျွန်မကိုယ် ကျွန်မမြင်မိတာကတော့ ကြိုးစားနေသူတစ်ယောက်အဖြစ်ပါ။ ကျွန်မ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်မက “အရှုံးမပေးဘူး ” လို့ ပြောတဲ့အခါ ဒီမိုကရေစီရေးအတွက် အလျှော့မပေးဘူး လို့ ပြောနေတာမျိုး မဟုတ်ပါဘူး၊ အဓိကအခြေခံအားဖြင့် ကျွန်မဟာ ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ နေရာမှာ အရှုံးမပေးဘူး လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အလန်ကလီမင့်ထ် ဆိုတော့ စိတ်ဓါတ်ကြံ့ခိုင်မှု သို့မဟုတ် ပါရမီအဓိဋ္ဌာန်တရားလို့ ပြောရမယ့် ဒီအဇ္ဈတ္တမောင်းနှင်အားကပဲ ခင်ဗျားကို ဘာဆိုတာ သတ်မှတ်ကြမှာပေါ့။

ဒေါ်အောင်ဆန်းစုကြည် ဟုတ်ပါတယ်။ လူတွေကတော့ ကျွန်မရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး အများကြီးပြောနေကြတာပါပဲ။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ စိတ်ဓါတ်ကြံ့ခိုင်သူကြီးရယ်လို့လည်း မထင်မိပါဘူး၊ ကျွန်မဟာ “ကြိုးစားနေသူတစ်ယောက်”လို့ပဲ ထင်ပါတယ်ရှင်။

အလန်ကလီးမင့်ထ် ဗုဒ္ဓ၀ိပဿနာတရားက ခင်ဗျားအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည် စိတ်ပျိုးထောင်မှုပုံစံတစ်မျိုးပါပဲ။ စိတ်ပိုင်းဆိုင်ရာ ပညာရေးနဲ့ ဖြူစင်ရေးလမ်စဉ်တစ်ခုပါ။ အခြေခံအားဖြင့်တော့ သတိလေ့ကျင့်မှုပါပဲ။ ရှင်ဘာလုပ်နေတယ်ဆိုတာ သတိရှိရှိ သိနေရင် ရှင့်အနေနဲ့ မစင်ကြယ်တာတွေကို ရှောင်ကြဉ်နိုင်တာပေါ့။

အလန်ကလီမင့်ထ် နေ့စဉ် ကျင့်ဝတ်တစ်ခုအဖြစ် တရားထိုင်ဖြစ်အောင် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးသလဲဗျ။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မ တရားထိုင်ဖြစ်တဲ့ အဓိက အကြောင်းကတော “ကျွန်မလုပ်သင့်တယ်လို့ ထင်တာကို ( မမြဲမှု အနိစ္စသဘောကို ကိုယ်တိုင်ကိုယ်ကျ နားလည်ဖို့ သတိပဋ္ဌာန်ပွားများမှုလိုမျိုး ) လုပ်နေတယ် ” လို့ သိတဲ့ အသိက ရလာတဲ့ စိတ်ကျေနပ်မှုလေးပါပဲ။ ကျွန်မမှာ ဘ၀နဲ့ပတ်သက်ပြီးတော့ အလွန်ရိုးရှင်းတဲ့ စိတ်သဘောထားတွေပဲ ရှိပါတယ်။ ကျွန်မအနေနဲ့ တရားမျှတမှု သို့မဟုတ် မေတ္တာတရားဆိုတဲ့ နာမည်နဲ့ ကျွန်မ လုပ်သင့်တယ်လို့ ထင်တဲ့ တစ်စုံတစ်ရာရှိရင် အဲဒါကို ကျွန်မလုပ်မှာပါ။

အလန်ကလီမင့်ထ် ခင်ဗျားရဲ့ အဇ္ဈတ္တအတွင်းသားအသစ်တွေကို ရှာဖွေတဲ့နေရာမှာ ၀ိပဿနာက ဘယ်လို အထောက်အကူပြုသလဲ။ ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ် ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်မျိုးလား။

ဒေါ်အောင်ဆန်းစုကြည် ၀ိပဿနာဆိုတာ မိမိကိုယ်ကိုယ်ရှာဖွေခြင်းလား စိတ်သန်စွမ်းရေးလား ဆိုတာ ကျွန်မမသိပါဘူး။ ကျွန်မကို သင်ကြားပေးတာကတော့ ကိုယ့်ကိုယ်ကို ရိုးသားဖို့ပါပဲ။ ငယ်ငယ်လေးကတည်းက ကျွန်မမှာ ကိုယ့်အလုပ်နဲ့ ကိုယ့်ခံစားချက်ကို ခွဲခြမ်းစိတ်ဖြာတဲ့ အလေ့အကျင့် ရှိခဲ့ဖူးပါတယ်။ ဒီတော့ ကျွန်မမှာ ကျွန်မကိုယ်တိုင်နဲ့ ပတ်သက်ပြီး အသစ်တွေ့ရှိချက် တစ်စုံတစ်ရာမရှိပါဘူး၊ ဒါပေမယ့် ၀ိပဿနာကတော့ မှန်ကန်တဲ့(သမ္မာမဂ္ဂင်)လမ်းကို လိုက်ဖို့ လောကုတ္တရာခွန်အားကို ပေးပါတယ်။

ပြီးတော့ ကျွန်မအတွက် ၀ိပဿနာဆိုတာ ဘ၀နေနည်းတစ်ခုပါပဲ။ ဘာဖြစ်လို့ဆိုတော့ ၀ိပဿနာအားထုတ်တယ်ဆိုတာက သတိတရားကို ပွားများပြီး စိတ်ကို ထိန်းချုပ်ဖို့ သင်ယူနေရတာမို့ပါ။ ဒီသတိတရားက နေ့စဉ်ဘ၀ထဲမှာ အထောက်အကူ ဖြစ်နေမှာပါ။ ကျွန်မအတွက်တော့ ဒါဟာ ၀ိပဿနာတရားရဲ့ လက်တွေ့အကျဆုံး အကျိုးကျေးဇူးတစ်ခုပါပဲ။ ကျွန်မရဲ့ သတိအာရုံတွေ မြင့်မားလာတယ်လေ။ ခုဆို ကျွန်မဟာ အလုပ်လုပ်တဲ့ နေရာမှာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ လုပ်မိ ကိုင်မိတာတွေ နည်းလာပါတယ်။

အလန်ကလီမင့်ထ် ၀ိပဿနာကို ခင်ဗျား ဘယ်လိုသင်ယူလေ့လာခဲ့ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ကျွန်မ မဟာစည်သာသနာ့ရိပ်သာကို သွားခဲ့တယ်ရှင့်။ ဒါပေမယ့် ဒါကလည်း ဟိုလွန်ခဲ့တဲ့ ကျွန်မ အသက်နှစ်ဆယ်ကျော် အရွယ် မြန်မာပြည်ကို ပြန်လာတဲ့ တစ်ခေါက်ကပါ။ ပြောရရင်တော့ ထိထိရောက်ရောက် တရားမထိုင်ဖြစ်ပါဘူး။ တကယ်တမ်း ၀ိပဿနာကို အားစိုက်ပွားများဖြစ်တာကတော့ နေအိမ်အကျယ်ချုပ် ကာလနှစ်တွေမှာပါ။ စာအုပ်တွေကို အမှီပြုပြီး အားထုတ်ခဲ့ရပါတယ်၊ ဆရာတော် ဦးပဏ္ဍိတရဲ့ “ ဒီဘ၀ဒီခန္ဓာမှာ” ဆိုတဲ့ စာအုပ်က အများကြီး အထောက်အကူပေးခဲ့ပါတယ်။

အလန်ကလီမင့်ထ် “အခါအားလျော်စွာ ခင်ဗျားဟာ ရန်ကုန်မှာရှိတဲ့ ဆရာတော်ဦးပဏ္ဍိတရဲ့ ကျောင်းကိုသွားပြီး ဆရာတော့်ကို ဂါရ၀ပြုလေ့ရှိတယ် လို့ သိရပါတယ်။ ခင်ဗျားအတွက် အထောက်အကူပြုတဲ့ ဆရာတော်ရဲ့ တရားအချို့ကို မျှဝေပေးပါလား။”

ဒေါ်အောင်ဆန်းစုကြည် “ဆရာတော်က ကျွန်မကို ဟောကြားခဲ့သမျှ မှတ်မိနေတယ်ရှင့်။ အရေးကြီးဆုံးဒေသနာတစ်ခုကတော့ သတိတရားကို အပိုလုပ်မရဘူးဆိုတာပဲ။ ဆရာတော် မိန့်တာက “ကျွန်မတို့အနေနဲ့ ပညာတွေ ၀ီရိယတွေ အများကြီး ရှိလို့ရတယ်။ ဒါပေမယ့် သတိကိုတော့ အပို လုပ်မရဘူး”တဲ့။ အင်း ကျွန်မလည်း ဒီလွန်ခဲ့တဲ့ (၇)နှစ်အတွင်း (ရယ်လျက်) တကယ့်ကို သတိတရား ပွားများဖြစ်ပါတယ်။ ပြီးတော့ ဆရာတော်က ကျွန်မကို စကားပြောတဲ့အခါ စေ့စပ်ငြိမ်းချမ်းမှုကို ဦးတည်မယ့် စကားကိုပဲ စူးစိုက်ပြောဆိုဖို့ အကြံပြုခဲ့ပါသေးတယ်။ ကျွန်မပြောသင့်တဲ့ စကားဟာ နားထောင်သူအတွက် အမှန်လည်း ဖြစ်မယ်။ အကျိုးလည်း ရှိမယ်။ နားဝင်လည်း ချိုရမယ်ပေါ့လေ။ ဆရာတော်က ဗုဒ္ဓအလိုတော်ကျ စကားနှစ်ခွန်းရှိပါတယ် တဲ့။ မှန်လည်းမှန်၊ အကျိုးလည်းရှိ ၊လက်ခံဖွယ်လည်း ဖြစ်တဲ့ စကားနဲ့ မှန်လည်း မှန်၊ အကျိုးလည်း ရှိ သို့သော် လက်ခံနိုင်ဖွယ် မရှိတဲ့ နားဝင်မချိုတဲ့ စကားတွေပေါ့ရှင်။

အလန်ကလီမင့်ထ် “ထေရ၀ါဒဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားသော ဂိုဏ်းဂဏ ဘာသာတရားတွေဆီကနေ သင်ယူ လေ့လာဖို့ စိတ်ကို ဖွင့်ထားတာမျိုး။ မျှမျှတတ ဖြစ်အောင် ဆောက်တည် ထားတာမျိုး ရှိပါသလား။”


ဒေါ်အောင်ဆန်းစုကြည် “ကျွန်မက ထေရ၀ါဒဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့် မဟာယာနဗုဒ္ဓဘာသာနဲ့ ၀ဇိရယာန ဗုဒ္ဓဘာသာတွေကိုလည်း လေးစားပါတယ်။ ပြီးတော့ ကျွန်မက အခြားသော ဘာသာတရားများကိုလည်း နှစ်နှစ်ကာကာ လေးစားပါတယ်။ ကျွန်မစိတ်ထဲမှာ လူတစ်ဦးတစ်ယောက်က အခြားလူတစ်ဦးတစ်ယောက်ရဲ့ ဘာသာတရားကို အထင်အမြင်သေးခွင့်ရှိတယ်လို့ မမြင်မိပါဘူး။ ကျွန်မက တစ်ခြားလူတွေရဲ့ ဘာသာရေးအတွေ့အကြုံနဲ့ အမြင်တွေကို နားထောင်ဖို့ အလွန်စိတ်ဝင်စားပါတယ်။ ကျွန်မကို သင်ကြားပေးဖို့ အသင့်ဖြစ်နေတဲ့ လူတွေများစွာဆီက ကျွန်မ အများကြီး သင်ယူရပါဦးမယ်။”


အလန်ကလီမင့်ထ် “ ခင်ဗျားလေးစားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ အသွင်လက္ခဏာတွေက ဘာတွေများဖြစ်မလဲဗျ”

ဒေါ်အောင်ဆန်းစုကြည် “ မဟာယာနဗုဒ္ဓဘာသာမှာ ထေရ၀ါဒထက် ပိုပြီး ကရုဏာတရား အကြောင်းပြောကြတယ်။ ကျွန်မအဲဒါလေးကို သဘောကျတယ်။ ကျွန်မတို့ ဒီနေ့ကမ္ဘာမှာ ကရုဏာတရား အများကြီး လိုနေတာဆိုတော့လေ။ တကယ်တော့ ကရုဏာတရားဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ သွန်သင်ချက် အစိတ်အပိုင်း တစ်ခုပါပဲ၊ ဒါပေမယ့် ကျွန်မက ကရုဏာတရားတွေ တကယ်လက်တွေ့ အကောင်အထည် ပေါ်လာအောင် ကျွန်မတို့ကမ္ဘာ့ပြည်သူတွေ ဆောင်ရွက်ကြတာကို ပိုပြီး မြင်ချင်တာပါပဲရှင်။

ဓမ္မဂင်္ဂါ
(ဘာသာပြန်သည်... :D )

မူရင်းစာမျက်နှာ

05 November, 2010

ဒေလီ

တနင်္လာနေ့ ဗာရာဏသီ KV အထူးရထားဖြင့် ဒေလီ....
နယူးဒေလီတက္ကသိုလ်မှ မိတ်ဆွေရဟန်းတော်များ

03 November, 2010

ဘလက်ခ်ဘယ်ရီ၊ဂျင်းပင်နှင့် ယမုံနာယဉ်ကျေးမှု

ဒေလီမြို့တော်သည် မကြာမီက ကျင်းပခဲ့ပြီးသော ဓနသဟာယအားကစားပွဲတော်ဝတ်စုံကို မချွတ်ရသေး သည့်ဟန် ကျော့မော့နေဆဲပင်။ မြင်ကွင်းများ အသစ်ဖြစ်သွားသည်။ ယခင်ဒေလီမဟုတ်တော့တာ သေချာသည်။ ကြိမ်ဖန်များစွာ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော ဒေလီသည် ရှုပ်ထွေးညစ်ပတ်မှုတို့ဖြင့်သာ ကြိုဆိုတတ်လေ့ရှိခဲ့သည်။ ယခုတော့ ရှင်းလင်းတောက်ပနေလေသည်။

ဒေလီမီးရထားဘူတာရုံကြီးထဲမှ သူ ထွက်လိုက်သည် မြို့ပြအငွေ့ကို ရှိုက်လိုက်ရ၏။ ဟီးရိုးဟွန်ဒါမီးခိုးငွေ့ များထဲမှ သူ့အသက်ရှူသံကို ခပ်သုတ်သုတ်ဆွဲဖယ်ထားလိုက်ရသည်။ နယူးဒေလီ မြေအောက်ရထား ဘူတာရုံလေးထဲသို့ ဆင်းလာခဲ့သည်။ ရူပီးအကြွေစေ့များကို ထုတ်ကာ လက်မှတ်ကောင်တာမှ တိုကင်ပြားလေးတစ်ခုကို ၀ယ်ယူလိုက်သည်။

ထို့နောက် အမျိုးသားဝင်ပေါက် စစ်ဆေးရေးတံခါးတွင် သူတန်းစီရပ်လိုက်သည်။ တစ်ခါတုန်းဆီကတော့ ဤအမျိုးသားဝင်ပေါက်တွင် ရောထွေးရပ်နေမိသော သူ့ကို လုံခြုံရေးဝန်းထမ်းတစ်ဦးက '' No Lady ' No Lady '' ဟု ကျယ်လောင်စွာ အော်ဟစ် သတိပေးခံရဖူးသည်။ သင်္ကန်းဝတ်စုံနှင့် ဆာရီသင်တိုင်းကို အမြင်မှားယွင်းသွားခြင်းဖြစ်သည်။ သူ့မျက်နှာကို မြင်မှ ထိုဝန်ထမ်းက ရှက်ကိုးရှက်ကန်းဖြင့် ဆောရီးလုပ်သည်။

ဒေလီမြို့တော်၏ မြေအောက်မက်ထရိုရထားခရီးစဉ်တိုင်းသည် ရဟန်းတစ်ပါး၏ အာရုံခံကိရိယာများအတွက် အမြဲစိန်ခေါ်မှု ရှိနေတတ်မြဲပင်ဖြစ်သည်။ သတိလက်လွတ်သွားသည်နှင့် မျက်မှန်ကျွတ်သွားနိုင်သည်။ ငှက်တစ်ကောင်ဆိုလျှင်တော့ ငှက်တောင်ကျွတ်သွားနိုင်လေသည်။ ပိဋကတ်မှတ်တမ်းတွင် ဗုဒ္ဓအရှင်က သတိပဋ္ဌာန်ဒေသနာတရားကို ဒေလီမှာ ဟောကြားခဲ့သည်ဟု လေ့လာရဖူးသည်။

ထိုစဉ်က ကုရုတိုင်း ကမ္မာသဒမ္မရွာနိဂုံးလေးတစ်ခုမျှသာ ဖြစ်သော ဒေလီသည် ယခုတော့ နည်းပညာနှင့် ရိုးရာဝတ်စုံကို တွဲဖက်ဝတ်ဆင်ထားသည့် မယုံကြည်နိုင်ဖွယ်အိန္ဒိယ(Incredible India)၏ အမြင်ထူးခြားသော ပြခန်း တစ်ခုဖြစ်နေသည်။ ဗာရာဏသီနှင့် ယဉ်ကျေးမှုယူဇနာများစွာ အကာအဝေးတွင် သူရောက်ရှိသွားသည်။ ဂျင်းဘောင်းဘီ၊ဆင်စွယ်ရောင်အာရယန်အလှနှင့် ဘလက်ခ်ဘယ်ရီမိုဘိုင်းဖုန်းများ........

ဝိဿဝိဇ္ဇာလယ(၀ိရွှဝိဒျာလယ) မက်ထရိုဘူတာရုံတွင် သူဆင်းလိုက်သည်။ ၀ိဿဝိဇ္ဇာလယဆိုသည်က ကမ္ဘာ့တက္ကသိုလ်ဟု အဓိပ္ပါယ်ရသည်။ နာမည်ကျော်နယူးဒေလီတက္ကသိုလ်ကြီး၏ ၀င်ပေါက်တွင် သူရပ်နေ မိခြင်းဖြစ်သည်။ မြေအောက်ဘူတာရုံမှ ထွက်လိုက်သည်နှင့် နတ်သမီးတိုင်းပြည်သို့ ဘွားကနဲ ရောက်ရှိသွား သည့် ညီတော်မင်းနန်လို ဗာရာဏသီကို မေ့သွားသည်။ ညစ်ထေးဆူညံသော လမ်းမများ၊ လမ်းကြိုလမ်းကြား ဥဒဟိုသွားလာနေကြသော ဘေးမဲ့နွားများ၊ညှီဟောက် စူးဝါးသော အနံ့များမှ တဒင်္ဂလွတ်မြောက်သွားသည်။ နောက်တစ်ခေါက် အသက်ကို ပြန်ရှိုက်လိုက်တော့ နောက်တစ်ခါ အသက်ကို ပြန်ရ၏။

ဗာရာဏသီတွင် အလှကို ဆာရီဖြင့် ထုတ်ပိုး ကွယ်ဝှက်ထားလေ့ရှိသည့်အတွက် ရဟန်းတစ်ပါး၏ စက္ခုနြေ္ဒကို တခုတ်တရ ထိန်းကျောင်းရန်မလို...။ ဒေလီမြို့တော်၏ ၀ိဿဝိဇ္ဇာလယမြေအောက်ရထားဘူတာရုံကတော့ ဘာသာရပ်အသစ်ဖြစ်သည်။ ဒေလီတက္ကသိုလ်ကျောင်းတော်ကြီးတွင် ၀င်ထွက်သွားလာနေကြသည့် အာရယန်နွယ်ဖွားမိန်းမပျိုတို့က ရွေ့လျားနေသော နတ်ဘုရားမရုပ်တုများဖြစ်နေကြသည် ။ တကယ်ဆိုတော့ ဒေလီသည် မဇ္ဈိမ၏ အလှတရားကို ဖော်ကျူးထားနိုင်သည့် ပြယုဂ်ကောင်းတစ်ခုဖြစ်သည်။

မဇ္ဈိမ၏ အဓိပ္ပါယ်ကို ဒေလီရောက်မှ သူနားလည်သွားသည်။ အာရှ၏ ဆင်စွယ်နှစ်ရောင်အသားအရေဖြင့် ထုဆစ်ထားသော ဥရောပမျက်နှာကောက်ကြောင်းထင်းထင်းများ ။ ရဟန်းတစ်ပါး၏ စက္ခုအကြည်ဓါတ်တွင် သတိမျက်စဉ်းခတ်လိုက်ရသည်။ ဒေလီတွင် ဟောကြားထားသည့် ဗုဒ္ဓအရှင်၏ သတိမူရေးလမ်းစဉ်သည် ဒေလီ၏ အာရုံငါးပါးနားမကျန်းမှုအတွက် ပဋိဇီဝဆေးတစ်လက်ဖြစ်မည်။

ဗုဒ္ဓအရှင်ပွင့်ထွန်းရသော နေရာမြတ်သည် မဇ္ဈိမမှ လွဲ၍ အခြားနေရာမဖြစ်နိုင်..။ ဘုရားတစ်ဆူပွင့်ဖို့အတွက် ပြည့်စုံရသည့် ကာလ ဒီပ ဒေသ ကုလ မာတုအာယုပရိစ္ဆေဒ အခြေခံအချက်ငါးမျိုးတွင် အမျိုးအနွယ်ပြည့်စုံမှု သည်လည်း အရေးကြီးသည့် အကြောင်းတရားဖြစ်သည်။ ဘုရားအလောင်းအတွက် ထိုက်တန်သော ခတ္တိယသတို့သမီးသည် မဇ္ဈိမသူပဲ ဖြစ်ရပေမည်။ ကြံဖန်တွေးမိခြင်းပါပဲ...။ ငါးရာငါးဆယ်ဇာတကတွင် အလှထိပ်ခေါင်တင်မိန်းမမြတ်များသည် ဒေလီနှင့် ပန်ဂျပ်ပြည်နယ်များမှ ဖြစ်နေတတ်သည်။

ဒေလီမြို့တော်၏ မြစ်မှာ လှပသော အမည်ဖြင့် ထင်ရှားသည့် ယမုံနာဖြစ်သည်။