01 April, 2010

၂၀၁၀ ဧပရယ်လိပ်စာသစ်


တောင်ပံတွေချွတ်ချလိုက်တဲ့
သိက္ခာ
ဒီနှစ်ဧပရယ်လ်ဟာ
သူ့လိပ်စာနဲ့ သူလာတယ်

ရေစိုအောင်သာ
လွမ်းကြပေရော
အိပ်မက်တိတ္တုံကျမ်းဟောင်းအတိုင်း

ငါ့အိမ်တံခါးမှာမှ
ငါ့နာမည်အော်ခေါ်ရသေးပေါ့
အသံတွေ တိုးတာထက်
အသိတွေ တိမ်သွားတဲ့အထိ

ဝဋ်ကျွေးရှိသမျှ
ရက်ပေါင်းသုံးဆယ်ကိုပဲ
အငမ်းမရ
ထပ်ပြီးပွားလိုက်တော့
နှစ်ပေါင်းခြောက်ဆယ်

မိဂဒါဝုန်မှာ
ဥဒေါင်းတွန်သံတွေ
ပိုကြားတယ်

ရာစုသစ်ရိုးပြတ်တောက
အမေ့ရွာလေး
ပိတောက်အကြွေနဲ့
သီချင်းအသေတွေ
အမှတ်တရသိမ်းထားပေးပါနော်

အရိုးစုကမ္မဋ္ဌာန်းအလုပ်ရုံလေးဖြိုချ
ငါ့ကိုယ်ငါပဲ
လွှင့်တင်လိုက်တော့တယ်။

ဓမ္မဂင်္ဂါ ၁-၄-၂၀၁၀

3 comments:

  1. ပြန်ပါ ပြန်ပါ ရွှေဟသာင်္ရယ်
    ပြန်ပါ ပြန်ပါတော့...
    ဆောရီး ဆာ
    ဥဒေါင်း လေး မြင်ပြီးတော့
    စာမဖတ်ပဲ ရေးမိသွားလို့ ။
    ခု ပြန်ဖတ်လိုက်ပြီ
    အော်...
    ဘက်ပေါင်းစုံက စီးနေတာပါ့လား
    ဘုရား

    ReplyDelete
  2. ရှင်မော်ဒန်ရေ ကောင်းလိုက်တဲ့ကဗျာလေးပါ။
    နှစ်သစ်မှာ ညစ်ချင်စရာ ဥပဒေသတွေ ကင်းစင်ကြပါစေ။

    ReplyDelete
  3. နေရာသစ်မှာ ဥဒေါင်းတွန်သံကို နားစဉ်၊ ပိတောက်ရနံ့ကို နမ်းရငိက်ရင်း ပျော်ရွင်ချမ်းမြေ့ပါစေ...

    ReplyDelete

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။