17 April, 2010

ဓမ္မဂင်္ဂါနှစ်သစ်ဧည့်ခံစကား


မိတ်ဆွေကောင်းဟူသည်
အကျိုးတစ်ဝက်ပြီးစေနိုင်ကြောင်း
အရှင်အာနန္ဒာက လျှောက်ထားသည်။
ဗုဒ္ဓက
ခရီးပန်းတိုင် ဆုံးခန်းတိုင်အောင်
အကျိုးများသည် ဟု မိန့်မြွက်၏။

ထိုသို့ဖြင့်-
ကမ္ဘာ့ရွာဦးထိပ်
ဂလိုဘယ်လိုက်ဇေးရှင်းကုက္ကိုရိပ်တွင်
မိတ်ဆွေများအတွက်
သစ္စာရေချမ်းစင်
အစဉ်အလာမပျက်တည်ထားမည်။

မဇ္ဈိမလမ်းဖုံဖုံတွင်
မှုန်နေအောင်လှနေမည့်
သန္တရသသပြေညိုဖြင့် ကြိုမည်။

ဓမ္မဂင်္ဂါတွင်
သစ်လွင်သောအတွေးသင်္ခါရတို့သာ
လှိုင်းတံပိုးရှိနေမည်။

ဆိုဖူးသောစကားအတိုင်း မြစ်ကတော့ စီးလာမယ် ပင်လယ်တွေကြိုကြ”ဟူလိုသော်ဝ်။

ဓမ္မဂင်္ဂါ

4 comments:

  1. နှစ်သစ်မှာ ကျန်းမာပျော်ရွှင် အစစအရာရာ အောင်မြင်ပါစေ ဆရာတော်။
    ချောင်းကလေးတွေစီးလာတာကိုလည်း မြစ်ပြင်ကြီးက
    ဆီးကြိုနိုင်ပါစေ ဘုရား။

    ReplyDelete
  2. နှစ်ဆန်းတစ်ရက် အထွတ်တပ်ကာ ကုန်ကြမ်းတွေ အတော်ရလိုတ်တယ်ဆိုတာ မုဒိတာအတာရေဖြင့် ဆွတ်ဖြန်းနှုတ်ဆက် မေတ္တာသပြေညိုကမ်းလင့်လိုက်ပါတယ်။

    ReplyDelete
  3. ဓမ္မ ရေစင်
    တသွင်သွင်
    စီးနိုင်ပါစေ ဘုရား

    ReplyDelete

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။