15 April, 2010

ရန်ကုန်ဗုံးပေါက်ကွဲမှုဗုဒ္ဓအလိုတော်မကျ

န ဟိ ဝေရေန ဝေရာနိ၊
သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊
ဧသ ဓမ္မော သနန္တနော။

Hatred is never appeased by hatred in this world;
it is appeased by love. This is an eternal law.

ဤကမ္ဘာတွင် အကြမ်းဖက်မှုကို
အကြမ်ဖက်မှုဖြင့် ဘယ်သောအခါမှ မငြိမ်းသတ်နိုင်၊
မေတ္တာတရားဖြင့်သာ ငြိမ်းနိုင်၏။
ဤသည်လျှင် ထာဝရဥပဒေဖြစ်တော့၏။

ဗုဒ္ဓ
(ဓမ္မပဒ-၅)

မင်္ဂလာယူရမည့် နှစ်ကူးသင်္ကြန်တော်အခါသမယတွင် ကြေကွဲဖွယ်ရာအဖြစ်ဆိုးကြုံ၍ ဘ၀ကူးကြရ၊ ဘ၀နာကြရသူများအတွက် ထပ်တူစာနာမိပါကြောင်းနှင့် လိုရင်းပန်းတိုင်မရောက်နိုင်သော အကြမ်းဖက်မှုမှန်သမျှအား ကန့်ကွက်ရှုံ့ချလိုက်ပါကြောင်း။

ဓမ္မဂင်္ဂါ

ကန်တော်ကြီး ဗုံးပေါက်၊ အနည်းဆုံး ၉ ဦး သေဆုံး

9 comments:

  1. ဘင်လာဒင်လက်ချက်တော့ မဟုတ်နိုင်ဘူးထင်တယ်နော်

    ReplyDelete
  2. ဘယ်သူလက်ချက်ဖြစ်ဖြစ်ပေါ့။ ခက်ကုန်ပီ။ ၇ူးချက်ကတော့ ကမ်းကုန်နေကြပီ။ ထပ်တူထပ်မျှ ၀မ်းနည်းမိပါကြောင်း။

    ReplyDelete
  3. အေးဗျာ ဘယ်ခွေးသူတောင်းစားတွေလုပ်လဲမသိပါဘူး

    ReplyDelete
  4. lovechelsea ရယ်.....။အလကား...trick တွေပါဗျာ...။လူတွေသေတာတော့စိတ်မကောင်းပါဘူး။ဒါပေမဲ့..ခံရပေါင်းများတော့..ဘယ်သူ့လက်ချက်ဆိုတာ...“ဒါမျိုးတွေ..ရိုး....ဟိုး..ဟိုးနေဘီ” ....။ “တိုင်းပြည်ချောက်ထဲမကျမီလက်တလုံးအလိုတွင်.....ဘာဘာညာညာ”...မကြာမီ..လာမည်...မျှော်....

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. ကြားက
    ငထွား ခါးနာ
    ဖြစ်တာပေါ့လေ။
    သတိ ထားသင့်ပါတယ်။
    သေသူအတွက်တော့ ၀မ်းနည်းစရာပါဘဲ
    စိတ်မကောင်းမိပါဘူး

    ReplyDelete
  7. :-( အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းပါစေ။း-(

    ReplyDelete
  8. အဟမ်း ကိုယ်သာ မြေအောက်အဖျက်သမား မသမာသူဆိုရင် ဘယ်မှာ ဗုံးကို ခွဲရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းကြီးကို သိပါတယ် ခင်ညာ။

    ReplyDelete
  9. ဗုံးထောင်တဲ့သူကလည်း ရဲ မှ ရဲ ဗျာ..........
    ပေါက်တဲ့ဗုံးကလည်း စစ် မှ စစ်ဗျာ........
    ကဲ ဘယ်လိုလုပ်ကြမလဲ

    ReplyDelete

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။