19 May, 2010

လနဲ့ ကြယ်ကိုစားတဲ့နွေ


ရေငတ်နေတဲ့
အသက်ရှုသံတွေဆီ
ဟောဒီမှာ
မြစ်ကြီးငါးသွယ်လက်ဆောင်

ခေါင်းပါးခဲ့သမျှ
ဘ၀ဖုန်းဆိုးတောတွေ
ရယ်ဒီမိတ်ကမ္မဿကာထဲ
တွန်းချ
လွယ်လွန်းပ

ရေဆာတယ်
ရေဆာနေတယ်
ကရုဏာလေး
တစ်စက်လောက်ရွာပါ

တရားမမဲ့ချင်ပေမယ့်
တရားသေနေတဲ့ ရိုးသွားခွင့်လေးတွေသာ
တိမ်ဝင်သွားခဲ့ကြ

ကောင်းကင်မှာ
ကြယ်တွေ ဆုတ်ပြေးရင်း
လနဲ့တိုးမိတိုက်မိ
ဒီလိုနဲ့
ဝေးခဲ့ကြဖူးသတဲ့။

နွေကိုမွေးထားမိတဲ့ညမှာ
အိပ်မက်တွေပဲ
ပွက်ပွက်ဆူခဲ့တယ်။

ဓမ္မဂင်္ဂါ
(၂၀-၀၅-၂၀၁၀)

No comments:

Post a Comment

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။