11 May, 2010

သင်္ခါရအလင်းဈေး


အလင်းငတ်ပေမယ့်
မှောင်လက်စလေး
အမိအရ

မီးပျက်သွားတဲ့ညမှာတော့
ရေစိုနေတဲ့မီးခြစ်လေးနဲ့
လရောင်ကို
ညှိမိသေးရဲ့

သင်္ခါရအချင်းချင်း
ကော်နက်ရှင်းကိစ္စမှာ
နိရောဓသစ္စာက
သွေးကြီးကြီး

ကမ္ဘာဦးအက္ခရာနဲ့ရေးတဲ့
သိုးဆောင်းတို့ရဲ့ဝါကျ
ရေစက်ချပြီးသာ
လှူလိုက်တယ်

ပုတီးလေးတွေ
အပျော့ထည်ဖြစ်သွားရင်
စိတ်ကိုအမာထည်အဖြစ်
ဈေးတင်လိုက်ရုံ။

ဓမ္မဂင်္ဂါ
(၁၁-၀၅-၂၀၁၀)



5 comments:

  1. ဘာလဲတော့မသိ
    ကိုမန်ထရီ ကယ်မှ
    ရမယ်။
    ပါဠိတွေက ခက်တယ်။
    အနက်မြုပ်တယ်။
    ကိုယ်မတတ်တော့
    ကောင်းလိုက်တာ လို့ ပြောရင်
    အပြောခံရတဲ့ကဗျာ နာမစိုးလို့ ...

    ReplyDelete
  2. ထိုထိုသောရေစက်များအတွက်...
    သာဓုဝိုင်းဝန်းခေါ်ဆိုကြလော့...
    အသင်လောက။ ။

    ReplyDelete
  3. တိဝူး...ဖတ်လို့ တော့ကောင်းတယ်...။

    ReplyDelete
  4. ကဗျာလေးကြိုက်တယ် ဘုရား။

    ReplyDelete
  5. ကဗျာလေးကြိုက်တယ်ဘုရား

    ReplyDelete

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။