30 May, 2010

မလေးရှားဝန်ကြီးချုပ်ဗုဒ္ဓနေ့ပါဝင်ဆင်နွှဲ


မလေးရှားဝန်ကြီးချုပ်နှင့်ဇနီးဗုဒ္ဓနေ့တွင် ညောင်ရေးသွန်းနေစဉ်

မလေးရှားနိုင်ငံမှာ ထောင်ပေါင်းများစွာသောဗုဒ္ဓဘာသာဝင်တွေဟာ ဝေသာခလို့ခေါ်တဲ့ ဗုဒ္ဓနေ့ကို ၀ှဲချီးကျင်းပ ခဲ့ကြပါတယ်။ ကွာလာလမ်ပူမြို့တော်၊ဘရစ်ခ်ဖီးလ်မှာတည်ရှိတဲ့ ဗုဒ္ဓဘာသာမဟာဝိဟာရကျောင်း တော်မှာ ကျင်းပတဲ့ ဗုဒ္ဓနေ့ကို မလေးရှားဝန်ကြီးချုပ် ဒါတုခ် ဆရီ နာဂျစ် တွန် ရာဇတ်နဲ့ ဇနီး ဒါတင် ဆရီ ရိုစ်မာ မန်ဆာတို့ တက်ရောက်ခဲ့ကြတာပါ။ နိုင်ငံအနှံ့မှာ ကျင်းပတဲ့ ဗုဒ္ဓနေ့ပွဲတော်တွေမှာလည်း မလေးရှားဝန်ကြီး တွေနဲ့ အထူးဧည့်သည်တော်တွေ တက်ရောက်ဆင်နွှဲခဲ့ကြပါတယ်။
မူလစာမျက်နှာ သို့

No comments:

Post a Comment

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။