အက်စ်ပီရီတို၊ဇွန်လ ၁၊၂၀၁၀
ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း ၊အက်စ်ပီရီတိုဆန်တိုပြည်နယ်အစိုးရဟာ တပ်ထိန်းရဲများအတွက် လေ့ကျင့်ခန်း လမ်းကြောင်းအသစ်တစ်ခုကို စမ်းသပ်လျက်ရှိပါတယ်။ တိုက်ပွဲဝင်စခန်းသွင်းလေ့ကျင့်ခန်းများအစား တပ်ထိန်း အရာရှိများဟာ ဗီတိုရီယယ်လ်မြို့တော်နဲ့ ကီလိုမီတာ၇၀ခန့်ဝေးတဲ့ ဇင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ အချင်းချင်းဆက်ဆံမှုအရည်အသွေး၊ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မျှတမှုနဲ့ စည်းကမ်းတွေကို လေ့ကျင့်အားထုတ်နေကြရတာပါ။
စစ်တပ်ရဲ့ အဆင့်အဆင့်ဒေါင်လိုက်သံမဏိစည်းမျဉ်းတွေနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ တပ်ထိန်းအရာရှိတွေဟာ ရုတ်တရက်ဆိုသလိုပဲ ဘုန်းတော်ကြီးတွေရဲ့ ပြင်ညီဖြစ်တဲ့ အကျင့်စခန်းကို ရောက်သွားခဲ့ကြတာပါ။ အထက် အရာရှိနဲ့ လက်အောက်ငယ်သားဆိုတာတွေ မရှိတော့ဘဲ အားလုံးတစ်ပြေးညီပဲ ကျင့်ဝတ်တွေကို တိတိကျကျ လိုက်နာကျင့်သုံးကြရတာပါ။
တပ်ထိန်းရဲအရာရှိတွေအားလုံးဟာ သူတို့ရဲ့တစ်နေ့တာကို ကြုံတွေ့နေကျ တပ်ထိန်းဌာနချုပ်မနက်ခင်းတွေနဲ့ ကွဲပြားခြားနားစွာပဲ ဆိတ်ငြိမ်စွာ ကမ္မဋ္ဌာန်းဘာဝနာပွားများခြင်းနဲ့ စတင်ကြရပါတယ်။ ကမ္မဋ္ဌာန်းထိုင်ပြီးတဲ့ နောက်မှာလည်း အိကေဘာနာပန်းအလှပြင်ခြင်း၊ကြွေထည်မြေထည်အတတ်ပညာ၊ တိုက်ချိချွန်နဲ့ လက်ဘက် ရည်ဝိုင်းဖွဲ့မှုအထိ လေ့ကျင့်ခန်းအမျိုးမျိုးကို လှုပ်ရှားဆောင်ရွက်ကြရတာပါ။
တရားစခန်းဝင်ခွင့်ရခဲ့ပြီးဖြစ်တဲ့ တပ်ထိန်းအရာရှိတွေက သူတို့အနေနဲ့ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ ဖြေရှင်းနိုင်စွမ်းရှိလာတယ်လို့ ခံစားရကြောင်းပြောပြကြပါတယ်။
သူတို့ကိုယ်တိုင်နဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ ပိုမိုနားလည်လာပြီး ဗုဒ္ဓရဲ့တရားဓမ္မနဲ့အညီ အရာရာတိုင်းဟာ ဘယ်လိုဖြစ်ပျက်ဆက်စပ်နေသလဲဆိုတာကို သိလာတာတွေက တပ်ထိန်းရဲတွေကို သူတို့ရဲ့ လုပ်ငန်းတာဝန်တွေမှာ စိတ်တင်းမာမှုတွေကို လျှော့ချစေနိုင်ခဲ့တဲ့အတွက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းတဲ့နေရာ မှာ ပိုမိုအကျိုး သက်ရောက်မှုရှိလာကြောင်း ပြောပြကြပါတယ်။
မူရင်းစာမျက်နှာ

No comments:
Post a Comment
နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။