17 July, 2010

မောင်ချောနွယ်တည်းခိုမသွားဖူးတဲ့ဟိုတယ်လ်

လောဘကြီးတာကမှ
အကြွေးလေးတွေ ဆပ်လို့ ရသေးတယ်
ဒေါသနဲ့ မာနကတော့
လူမုန်းတာပဲ အဖတ်တင်သတဲ့...

အဲဒီလိုဆောင့်ကြွားကြွား
ဟိုတယ်လ်ထဲ
အ၀ိဇ္ဇာကဒ်နဲ့
တည်းခိုခဲ့...

ခုတော့
သောက၀န်စည်စလွယ်တွေ
အခွန်အခများလှတယ်

ကဗျာမရေးဘဲ
ဂါထာတွေပဲ
တတွတ်တွတ်ရွတ်နေဖို့ကောင်းတော့ရဲ့....။

ဓမ္မဂင်္ဂါ
၁၇-၀၇-၂၀၁၀

1 comment:

  1. မရွတ်ခဲ့လို့ ဖတ်နေရတဲ့ ဒီကဗျာ
    ဒီကဗျာ ဖတ်ချိန်တော့ ရွတ်နေလောက်ပြီ
    မရွတ်ဖို့တော့ ဆုမတောင်းလိုဘူး
    တောင်းချင်တာက ဖတ်ချင်သေးတာ

    ReplyDelete

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။