08 July, 2010

လင်းဆေးလိုဟန် ၀ိပဿနာပွားလေပြီ


(၁)
တံခါးခေါက်သံကြားလိုက်ရ၏။ “ဟဲလို လင်းဆေးလိုဟန်လား ၀င်ခဲ့လေ”
ဗုဒ္ဓဓမ္မ၏ ငြိမ်းအေးသောရင်ခွင်က ပူလောင်မှုနှင့် ချုပ်နှောင်မှုများအတွက် အေးမြပွင့်လင်းနေပါသည်။

(၂)
ယမန်နေ့ထုတ် သတင်းစာများနှင့် ရုပ်သံသတင်းများတွင် တရှုံ့ရှုံ့ငိုကျွေးနေလေသည့် မာတုဂါမလေးကို ကရုဏာသက်မိရသေး၏။ အော် ဟောလိဝုဒ်က မျိုးဆက်သစ်အနုပညာရှင်မင်းသမီးလေး။ ခက်လည်း ခက်ပါ့။ မူးယစ်ဆေးဝါးတဲ့၊ အလ်ကိုဟောတဲ့၊ ၀တ်လစ်စလစ်တဲ့။ လင်းဆေးလိုဟန်နှင့် တွဲစပ်ကျော်ကြားသော ဝေါဟာရများ။

ပြောမရဆိုမရ ဖုံးဖိမရ မင်းသမီးလေးကို ထောင်ဒဏ် ရက်ကိုးဆယ်သတ်မှတ်လိုက်တော့ ခမျာလေးက သနားစဖွယ်ငိုရှာလေသည်။ ရက်ကိုးဆယ် အကျဉ်းစံရက်များကို နုနယ်သော မင်းသမီးငယ်လေး ဘယ်လိုဖြတ် သန်းပါ့။

ခုတော့ သိပြီ တဲ့။ ဗုဒ္ဓစကား လိုက်နာပွားကာ ၀ိပဿနာတရား အားထုတ်တော့မည်တဲ့။ အကျဉ်းစံရက်များ အတွင်းမှာ အာနာပါနကမ္မဋ္ဌာန်းဖြစ်သည့် ၀င်လေထွက်လေရှုမှတ်ခြင်းဖြင့် စိတ်ငြိမ်းချမ်းအောင် ကြိုးစားမည်တဲ့။ ကောင်းလေစွ။

ဟောလိဝုဒ်အနုပညာရှင်လောကတွင် စိတ်ကျဉ်းကြပ်မှုနှင့် ကြုံတွေ့ကာ သောကပွားကြရလေတိုင်း ဗုဒ္ဓဓမ္မအရိပ်ကို ခိုလေ့ ရှိကြပါသတဲ့။ ကီ နူး ရိဗ်၊(၄၅) အောလန်ဒို ဘလွန်း (၃၃) နှင့် ဂျေလို (၄၀)တို့သည် ထင်ရှားသော ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါသတဲ့။

ဗုဒ္ဓရှင်လက်ထက်တော်ကလည်း ဝေသာလီမှ အမ္ဗပါလီ၊ ရာဇဂြိုဟ်မှ သီရိမာတို့သည် ထင်ရှားသည့် ဗုဒ္ဓဘာသာဝင်ဆယ်လီဘရစ်တီများဖြစ်ကြသည်။

ဒကာမလေး လင်းဆေးလိုဟန်အနေဖြင့် အကျဉ်းထောင်နံရံတစ်ဘက်တွင် အာနာပါနကမ္မဋ္ဌာန်းနည်းအတိုင်း ၀င်လေထွက်လေကို ရှုမှတ်၊ သတိကပ်ရင်း အရှုပ်တွေ ရှင်း၊ စိတ်အလင်းပေါက်အောင် ကျင့်နိုင်ပါစေသတည်း။

ဓမ္မဂင်္ဂါ ၀၈-၀၇-၂၀၁၀

2 comments:

  1. သောက ဟူသမျှ မြူမျှမထင်၊
    တရားရေအေး တိုက်ကျွေးခြင်းကြောင့်ပင်။

    ReplyDelete
  2. Ofcos,everybody should know
    how to make themselves to recover
    from their hurts.
    Me too, need to meditate.
    Thanks for ur sharing such a good knowledge.

    ReplyDelete

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။