မြစ်ကတော့ စီးလာမယ် ပင်လယ်တွေ ကြိုကြ
ဟိမ၀ါနှင်းတွေ
မိဂဒါဝုန်လမ်းထဲ
မူးမူးမဲမဲ ၀င်တိုက်
ငါနောက်ဆုတ်ပေးလိုက်တယ်....။
ခြေလှမ်းပဲ မှားရတယ်ရှိသေးကွယ်
သံယောဇဉ်လေးမလုံမခြုံနဲ့တော့
ငါ့ဆောင်းကို ငါထမ်းပြီး
နွေလမ်းထိ လျှောက်ပါ့မယ်...
ဓမ္မဂင်္ဂါ
(၃-၁-၂၀၁၁)
နည်းနည်းတော့ ပြောကြဦး။ ပျင်းတယ်။
No comments:
Post a Comment
နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။