12 May, 2011

ဝဋ်နွေ ကံနွေ



ဘာတစ်ခုမှ မပွင့်ရင်
ဘာတစ်ခုမှ မကြွေတော့ဘူး...Align Center
ကဲ ဘာဖြစ်လဲ
ထပ်ပွင့်တယ်
ထပ်ကြွေတယ်

အပူဒီဂရီ ၁၀၈
ပုတီးပတ်ရေ ၁၀၈
သဘာဝလေးအတိုင်း
လွမ်းမိကြ။

ရင်ဘတ်ထဲက
ရေချမ်းစင်တွေ
ပျိုနေသမျှ
ငါမအိုသေး....။

နွေအစိုလေးကို
မချွတ်တမ်းဝတ်ထားမိပေါ့..။

ဓမ္မဂင်္ဂါ
(၁၂-၅-၂၀၁၁)
အိန္ဒိယစံတော်ချိန် ည ၉း၄၇ နာရီ

1 comment:

  1. ပွင့်တာ ကြွေတာ နောက်ထပ် (၁၀ဂ)ကြီမ်တော့ မဖြစ်ချင်တော့ပါ၊
    မဖြစ်ချင်တော့တာကို လျှောက်တာပါဘုရား :)

    ReplyDelete

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။