03 August, 2011

ဓမ္မဂင်္ဂါပါဠိသင်ခန်းစာ(၉)

ဒီနေ့အတွက် နပုံလိင်နာမ်ပုဒ်( Neuter nouns)လေးတွေ မိတ်ဆက်ပေးရမယ်..။ သင်ခန်းစာအသစ်မတက်မီ စကားလုံးအသစ်လေးတွေကို ဖတ်ထားလိုက်ဦး..။ ခပ်ဝါးဝါးဖြစ်နေလည်း ၀ါးပါများရင် ကြေညက်သွားလိမ့်မယ်..။ ခက်တာက မ၀ါးမှာပဲ ပူရပေတာပ..။

Vocabulary

အသရဆုံး နပုံလိင်နာမ်ပုဒ်များ (Neuter nouns ending in-a)

ဖလ (အသီး)

နယန/လောစန (မျက်လုံး)

ဥဒက/ဇလ (ရေ)

အရည/၀န (တော)

ပုပ္ဖ/ ကုသုမ (ပန်း)

ဂေဟ/ဃရ (အိမ်)

အာသန (နေရာ၊ထိုင်ခုံ)

ပဏ္ဏ (သစ်ရွက်)

တိဏ (မြက်)

ခီရ (နို့ရည်)

နဂရ (မြို့)

ဥယျာန(ပန်းခြံ၊ ဥယျာဉ်)

ခေတ္တ (လယ်ယာ)

ဘဏ္ဍ (ဥစ္စာထုပ်)

သီလ (ကိုယ်ကျင့်သီလ)

ဒါန (အလှူဒါန)

ရူပ (ရုပ်အဆင်း)

ဒွါရ (တံခါး)

ဝတ္ထ (အ၀တ်အထည်)

ပြီးတော့ ကြိယာလေးတွေလည်း ဆက်မှတ်ကြဦး...များနေပြီနော်...။

ပစ္စုပ္ပန်ကြိယာများ (Verbs in Present Tense)

ဝိ၀ရတိ (ဖွင့်၏)

နစ္စတိ (က၏)

နိက္ခမတိ (ထွက်၏)

ဥဋ္ဌဟတိ (တက်၏)

ဖုသတိ (ထိကိုင်၏)

အနုသာသတိ (ညွှန်ကြား၏)

သြ၀ဒတိ (ဆုံးမ၏)

သံဟရတိ (စုဆောင်း၏)

အာသိဉ္စတိ (သွန်းလောင်း၏)

အက္ကောသတိ (ဆဲ၏)

ဘိန္ဒတိ (ခွဲ၏)

ပိဗတိ/ပိဝတိ (သောက်၏)

နပုံလိင်နာမ်ပုဒ်တွေကို ကာရက (၈)မျိုးစဉ်တဲ့အခါ ပုလ္လိင်နဲ့ အလွန်နီးစပ်ပါတယ်။ထူးခြားတာဆိုလို့ သုံးမျိုးပဲ ရှိမယ်॥။ထူးခြားတဲ့ သုံးခုကို အနည်းကိန်းရော အများကိန်းရော ဒီလိုပဲ တွဲမှတ်ကြပေရော..။

ဖလ (အသီး)ဆိုတဲ့ ပါဠိစကားလုံးလေးကို ထူးခြားတဲ့ သုံးမျိုး စဉ်ကြည့်ကြရအောင်..

၁။ကတ္တုကာရက

ဖလံ ဖလာ ၊ဖလာနိ

၂။ကမ္မကာရက

ဖလံ ဖလေ၊ ဖလာနိ

၃၊အာလပနကာရက

ဖလ ဖလာ၊ဖလာနိ

ကျန်တဲ့ ကာရကတွေ တူပြီပေါ့..။

ဒီလိုလေး အကုန်စီချပြီး ရေးကြစို့

  1. ဖလံ ဖလာ၊ဖလာနိ
  2. ဖလံ ဖလေ၊ဖလာနိ
  3. ဖလေန ဖလေဟိ၊ဖလေဘိ
  4. ဖလသ္မာ၊ဖလမှာ၊ဖလာ ဖလေဟိ၊ဖလေဘိ
  5. ဖလဿ ဖလာနံ
  6. ဖလဿ ဖလာနံ
  7. ဖလသ္မိံ၊ဖလမှိ၊ဖလေ ဖလေသု
  8. ဖလ ဖလာ၊ဖလာနိ

လေ့ကျင့်ခန်းလုပ်တဲ့ အခါ ပါဠိပုဒ်တစ်ခုတွေ့တိုင်း ပုလ္လိင်လား၊ နပုံလိင်လား ခွဲခြားစဉ်းစားရမယ့် အလုပ်တစ်ခု ပိုလာပြီလို့ မှတ်ပေရော...။ တစ်ခြားလား ၊ ပိုမလာဘူးလား ပရိသတ်တို့ရေ...။

ပါဠိမှ မြန်မာသို့.................

  1. ဥပါသကော ပုပ္ဖာနိ အာဟရတိ။
  2. အရညေ မိဂါ ၀သန္တိ၊ ရုက္ခေသု မက္ကဋာ စရ န္တိ။
  3. ဂေါဏာ တိဏံ ခါဒန္တိ။
  4. မနုဿာ နယနေဟိ ပဿန္တိ။
  5. သမဏာ ၀ိဟာရသ္မိံ အာသနေ နိသီဒန္တိ။

မြန်မာမှ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ပါဠိသို့

  1. ကလေးတို့သည် ခွေးတစ်ကောင်နှင့် အတူ ရေထဲတွင် ကစားကြ၏။
  2. လူယုတ်မာသည် သစ်ပင်မှ သစ်ရွက်များကို ချိုးဖျက်၏။
  3. ဘုရင်မင်းမြတ်တို့သည် ၀န်ကြီးများနှင့် အတူ ဥယျာဉ်တော်သို့ ရထားများဖြင့် ကြွချီကြကုန်၏။
  4. ကုန်သည်တို့သည် ကုန်ပစ္စည်းများနှင့် အတူတကွ မြို့မှ ထွက်ခွာကြကုန်၏။
  5. သူတော်ကောင်းတို့သည် ရဟန်းတို့အား အလှူဒါနကို ပေးလှူကြကုန်၏။

အပျင်းပြေဖတ်ရန် (ပျင်းရင်လည်း မဖတ်ရန်)

ကာရကဆိုလို့ ပြောရဦးမယ်..။ ကာရကဆိုတာ ကြိယာကို ပြီးစေတတ်တဲ့ ပုဒ်တွေကို ခေါ်သတဲ့။။ ကြိယာနိပ္ဖာဒနသတ္တိ ရှီတဲ့ ပုဒ်တွေဖြစ်သတဲ့..။

ကတ္တားဆိုပါစို့ ယောကျာ်းသည် ......ရဲ့ နောက်မှာ ကြိယာတစ်ခု မဖြစ်မနေလိုအပ်တယ်..။ ကံဆိုလည်း ရွာသို့....ရဲ့ နောက်မှာ ကြိယာလိုတယ်..။ ပြောချင်တာက ကြိယာနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ပုဒ်မျိုးတွေပေါ့..။ကာရက(၆) မျိုးလို့ သဒ္ဒါဆရာတွေက ဆိုပါတယ်.။ ကတ္တား၊ ကံ၊ ကရိုဏ်း၊ သမ္ပဒါန်၊ အပါဒါန်၊ သြကာသ (၆)မျိုးပေါ့..။

ကြိယာနဲ့တိုက်ရိုက်မပတ်သက်တဲ့ ပိုင်ဆိုင်မှုပြသာမိကာရကနဲ့ အခေါ်အဝေါ်အာလုပ်ပုဒ်ဆိုတာ ကာရကမဟုတ်ဘူးတဲ့..။

ဦးဘယ်သူ၏ .... ဒေါ်ဘယ်သူ၏ ........ဆိုရင် နောက်မှာ ကြိယာတိုက်ရိုက်မလိုဘူးလေ॥။ ဦးဘယ်သူ၏ သား၊ ဒေါ်ဘယ်သူ၏ ခင်ပွန်း... စသည် ပိုင်ဆိုင်တဲ့ နာမ်ပုဒ်တွေပဲ လိုပေသကိုး..။ ဒီလိုပဲ တစ်စုံတစ်ယောက်ကို အာလုပ်ပြုပြီး မောင်ဘယ်သူရေ မဟ၀ှါရေ ကိုမိုးဒီကြီးရေ ကိုမော့စ်လားခင်ဗျာ့.. စသည်ရဲ့ နောက်မှာ ကြိယာတိုက်ရိုက်မလိုတဲ့အတွက် အာလုပ်ပုဒ်များဟာလည်း ကာရက မဟုတ်ပေဘူးတဲ့...။ ဒါတွေက သီအိုရီပိုင်းတွေပါ ..။ ပြန်ပြောစရာမလို ကျက်မှတ်စရာမလို.. ဖတ်မှတ်ရုံမျှသာပေတကား..။


ဓမ္မဂင်္ဂါ

(ဆက်လက်ပြီး ပါဠိသင်ခန်းစာများ ဒရောသောပါး လာတော့မည်॥ထွက်မပြေးကြေး..။ )

3 comments:

  1. Oh!Thank you acariya ashin.I will never run away from dhamma .

    Thanks again.

    May you be well and happy

    respect with
    sissa
    Thida Swe

    ReplyDelete
  2. တပည့်တော်လဲ ထွက်မပြေးပါဘူး အရှင်ဘုရား။ လောလောဆယ် ကျောင်းမဖွင့်ခင် အလုပ်ဝင်နေတာမို့ တပတ် တရက် အလုပ်အားတဲ့နေ့မှ အိမ်စာလုပ်နိုင်မယ် ဆိုတဲ့အကြောင်း ... လျှောက်ထားအပ်ပါတယ် ဘုရား။

    ဦးတင်လျက်

    ReplyDelete
  3. အ၇မ်း ကို ကျေးဇူး ဂါရ၀ တင်ရှိပါသည် ဘုရာ.

    ReplyDelete

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။