23 August, 2011

လူဖြူတွေကြား ပေါ်ပြူလာဖြစ်တဲ့ ရဟန်း


သက်တော်(၈၄)နှစ်ရှိပြီး ဘွဲ့တော်နဲ့ ထင်ရှားတဲ့ ဗီယက်နမ်ဆရာတော်ကြီးပါ..။
အဖြူတွေ သဲသဲလှုပ်နောက်ကနေ လိုက်နေကြတာ မိဂဒါဝုန်မှာ တွေ့ဖူးပါတယ်..။ သီတဂူဆရာတော်ကြီးနဲ့ အတူတူ နာလန္ဒာတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ဆက်ကပ်တဲ့ပွဲမှာလည်း ဖူးခွင့်ရပါတယ်..။

ဆရာတော်ကြီးနှစ်ပါးကို တစ်ပြိုင်တည်းဘွဲ့တံဆိပ်ဆက်ကပ်တဲ့ ပွဲမှာ အဖြူတပည့်ယောဂီတွေ ခြံရံပြီး ကြွလာခဲ့တာပါ..။ သက်တော်ရှစ်ဆယ်ကျော်ဆိုပေမယ့် ခြောက်ဆယ်လောက်ပဲ ထင်ရပါတယ်.။ ဒီဆရာတော်ကြီးကလည်း သတိပဋ္ဌာန်ကမ္မဋ္ဌာန်းကိုပဲ ပြသနည်းပေးလေ့ရှိတာပါ..။ သေချာမလေ့လာရသေးတော့ ထေရ၀ါဒနည်းနဲ့ တူမတူ မသိရပါ။ နိုင်ငံတကာပြယုဂ်မှာတော့ ဒလိုင်လားမားပြီးရင် ဒုတိယနေရာလောက်ရှိတယ် လို့ ဆိုပါတယ်..။


ပြည်တွင်းကအမျိုးတွေနဲ့ ပြည်ပရောက်အမျိုးတွေကြားမှာပဲ ပြည်တွင်းပြည်ပသာသနာပြုအမည်ခံနေကြတဲ့ ဓမ္မဂင်္ဂါတို့ကိုယ်တိုင် နှိုင်းယှဉ်လေ့လာဖို့ လင့်ခ်လေးတွေ တင်ပေးလိုက်ပါတယ်..။

(၁)လူဖြူတွေ ကြည်ညိုတဲ့ ဗုဒ္ဓဘာသာရဟန်း
(၂)အင်္ဂလိကန်ဘုန်းတော်ကြီးက ချီးမွမ်းခံရသူ
(၃)ဆရာတော်ကြီးရဲ့ ထေရုပ္ပတ်

(ယနေ့ဗုဒ္ဓဘာသာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပို့စ်မတင်နိုင်တာကြာပါပြီ.။ ကျမ်းတင်ပြီးရင်တော့ ဘလော့ဂ်လေးဆီ ပုံမှန်လှည့်နိုင်မယ်ထင်ပါတယ်..။)

3 comments:

  1. မတွေ့ဘူးသေးဘူးဘုရား...

    ReplyDelete
  2. Acariya Ashin ,
    Thank you for your article to get a big knowledge about the other country Sayadaw Gyi's Biography.I homage to this Sayadaw gyi.
    Thank you again .
    May you be well and happy.
    With respect
    Sissa
    Thida Swe

    ReplyDelete
  3. ကိုယ်ပြုခဲ့သမျှအကြောင်းကံလောက်သာ အကျိုးခံစားခွင့်ရှိတာကြောင့် ထူးထူးကဲကဲဖူးခွင့်ရတဲ့ ပါရမီရှင်တွေကို အားကျမိပါတယ် ဘုရား။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေသား။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။