16 June, 2012

ရဟန်း၊ဟောလီဝုဒ်မင်းသမီးနှင့် အော်စလိုနေမ၀င်ညချမ်းများ(ဓါတ်ပုံ)

 

နော်ဝေပါလီမန်ရှေ့မှာ အမေအလာကို စောင့်နေသူများနဲ့ အတူ

 

တကယ်လို့သာ နိုဘယ်ဆုပေးပွဲ တက်ခွင့်မရဘူးဆိုရင် ဒီနိုဘယ်ငြိမ်းချမ်းရေးစင်တာရှေ့မှာ ဟိုငေးဒီငေးနဲ့ပိတ်ကားထောင်ကြီးကိုပဲ ကြည့်နေရရှာမှာ ၊ တင်ကြိုဖိတ်ကြားထားတဲ့သူတွေသာ တက်ရောက်ခွင့်ရမှာမို့ မျှော်လင့်ချက်တော့ နည်းလှပါတယ် (ဒါပေမယ့် ကံကောင်းချင်တော့ ပရဟိတစိတ်ကြီးမားလွန်းတဲ့ ဒိန်မတ်အမျိုးသမီးတစ်ယောက်က ဟိုးအဝေးကြီးက လာခဲ့ရတာဆိုတော့ ကူညီပါရစေ ဆိုပြီး ခမျာမှာ သမီးငယ်ပုလုကွေးလေးကို ချီပြီး တာဝန်ရှိတဲ့သူအဆင့်ဆင့် လိုက်ပြောပေးရှာတာ...နောက်ဆုံးတန်းက ခုံနံပါတ် (၂၆) မှာ တက်ရောက်ခွင့်ရခဲ့တာ ကျေးဇူးကြီးလှပေါ့..မယ်မင်းကြီးမ ချမ်းသာပါစေ...

ဒီမိုကရေစီမယ်တော်ကြီးနဲ့အတူ

နိုဘယ်လ်ဆုပေးမယ့် အော်စလိုမြို့တော်ခန်းမထဲမှာ ပွဲမစမီ

ရဟန်းနှင့် ဟောလီဝုဒ်မင်းသမီး (နိုဘယ်ဆုပေးမယ့် ခန်းမကြီးထဲ လိုက်ငေးရင်း The Lady မင်းသမီး မီရှဲယိုကိုတွေ့တာနဲ့ ငါက မြန်မာပါ လို့ မိတ်ဆက်လိုက်တော့ I know တဲ့..။  ပြုံးပြုံးပျော်ပျော်ပဲ .။

 

 ပွဲစပြီ 

 

 နိုဘယ်လ်ဆုရှင်ရဲ့ နိုဘယ်လက်ချာ

နိုဘယ်ဆုရှင်တွေ ဆုယူမိန့်ခွန်း( Nobel Lecture) ပေးတဲ့ နေရာမှာ အမှတ်တရလေးတော့ လုပ်ထားမှ (ကိုယ်ဆုယူတဲ့အချိန်ကျတော့ ဒီလောက်လွတ်လပ်ချင်မှ လွတ်လပ်မှာကိုး..းD.....)

  နိုဘယ်ဆုပေးပွဲအပြီး မြို့တော်ခန်းမကြီးရှေ့မှာ


 (ဆောင်းပါးတွေကိုတော့ နောက်မှ အေးအေးဆေးဆေးေ၇းနိုင်မှာပါ။  )
 ဓမ္မဂင်္ဂါ 
(၁၇၊၆၊၂၀၁၂)


2 comments:

  1. Ashin Phayar, Kyay Zu Bar Phayar. U shared both international & religious knowledge which I cannot experience by myself. Let me read ur post regularly Phayar.

    ReplyDelete
  2. ဘယ်လိုကြည့်ကြည့် ခန့်မှခန့်။

    ReplyDelete

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။