04 August, 2012

လပြည့်ညအွန်လိုင်း

အလွမ်းအေးအေးလေး
တယ်လီဖုန်းခွက်ထဲ လောင်းထည့်
အဖေတစ်ခွက်
အမေတစ်ခွက်
ကော်နက်ရှင်ကြောင့် ပျက်ရတဲ့ သံယောဇဉ်ရယ်လို့ မရှိစကောင်းချင်...

သာကြောင်းမာကြောင်းလေးတွေပဲမေးကြ.....
အဆင်မပြေတာတွေတော့
ပြောမပြပါနဲ့ သားကိုတဲ့..။
အမေ့အသံက
အဖေ့ဌာန်ကရိုဏ်းကို
စီးမိုးထားရဲ့....။

တကယ်တော့
ဒါဟာ
ရွှေပြည်တော်နဲ့မဇ္ဈိမကြား
အိပ်မက်တံတားလေးပါ...

ခုထိ
ဟလို
ဟလိုက မတက်....
ဆက်မရသေး...။

ဓမ္မဂင်္ဂါ
(ဒုတိယ၀ါဆိုလပြည့်ည)



No comments:

Post a Comment

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။