အမင်္ဂလာငှက်တွေကမှ
ဘုရားသွားကျောင်းတက်အုတ်အုတ်
ငါတို့မနက်ဖြန်တွေ
ဗန်မော်ကြောင်းချီသွားပြီ...။
မီးခိုးက ဆုံးသွားပေမယ့်
မိုးက မဆုံးတော့ဘူး....မျက်ရည်ပြပွဲတွေထဲ
ငါတို့ သောကတွေ ရွာပဲရွာနိုင်လွန်းတယ်...။
ငါတို့ဟာ
သံကိုတောင် ပန်းဖြစ်စေနိုင်သေးရင်
ပန်းတွေရဲ့ အိပ်မက်မှာ
ဗြဟ္မစိုရ်အဆင်အသွေး
ဘာဖြစ်လို့ များ
ဖျော့တော့ကြုံလှီနေရပါလိမ့်....
နံနက်ခင်းကို ဖွင့်ကြည့်လိုက်တော့
စန်တာကလော့ရဲ့ တံခါးချပ်ကြီးက လေးလံ
မနောမြေက ကလေးတို့ရေ
ကျည်ဆံထဲက လွတ်ကျသွားတဲ့ အာဃာတဟာ
ငါတို့ လက်ဆောင်မဟုတ်ရပါဘူးကွယ်....။
အာမင်....ဓမ္မဂင်္ဂါ
(၂၅-၁၂-၂၀၁၂)
ခရစ္စမတ်စ်နေ့
No comments:
Post a Comment
နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။