09 April, 2010

ဘ၀ကော်နက်ရှင်း


တယ်လီဖုန်းလိုင်းကောင်းရုံနဲ့
ဘ၀က
ဆက်စပ်မှုမကောင်းဘူး

ငါတို့မြို့လေးရဲ့
ကံတရားဆိုတဲ့ကွမ်းယာဆိုင်မှာ
ဝါးပြီးထွေးထုတ်ပစ်ခဲ့တာ
ငါတို့ရဲ့ နာကျင်မှုတွေမဟုတ်ပြန်ဘူး

အပျော်တွေကိုတော့
အားလုံးက
ရယ်မောပစ်လိုက်ကြပြန်ရော

“ဒီလိုပါပဲ”ဆိုရုံနဲ့
ခုတ်မောင်းနေကျသက်ပြင်းတွေက
သစ်ရိပ်ဝါးရိပ်နဲ့
နီးမလာခဲ့

တရားသိသူတွေချည်းပါပဲ
ကျောပိုးအိပ်လွယ်ရင်းနဲ့
အခန်းဆက်ဇာတ်လမ်းတော့
ကြည့်မိသေး

ဓမ္မဂင်္ဂါ

6 comments:

  1. “ဒီလိုပါပဲ”ဆိုရုံနဲ့
    ခုတ်မောင်းနေကျသက်ပြင်းတွေက
    သစ်ရိပ်ဝါးရိပ်နဲ့
    နီးမလာခဲ့

    ဘ၀ကော်နက်ရှင်း
    ကောင်းပါစေ
    သစ်ရိပ်ဝါးရိပ် နီးပါစေ...

    ReplyDelete
  2. အဲဒီမှာစတွေ့တာပဲ။
    “ဒီလိုပါပဲ”လေ...။

    ReplyDelete
  3. ဘဝလား ဒီလိုပါပဲ...

    ReplyDelete
  4. ပြောင်းပြန်ရေးကြည့်စမ်း..ဘ၀ကို။

    ReplyDelete
  5. ဒွေး နဲ့ ကျော်ရဲအောင် တို့ရဲ့ Senoda ကြော်ငြာလေးသတိရမိပါတယ်။ တောင်ချောက်တံတား ပြတ်ကျလို့ တောင်ချောက်ထဲ ကြိုးတန်းလန်းလေးနဲ့ တည်းတည်းလေးဖြစ်နေတုန်း ဝိတ်လေးပြီး ကြိုးပြတ်မှာစိုးလို့ ကျောပိုးအိတ်တွေဘာတွေ လွှတ်ပြစ်နေတုန်း ကျော်ရဲအောင်ပြောလိုက်တဲ့ စကားလေးလေ။ ဟေးရောင် ဒါလေးတော့ချန်ထားမယ်၊ ငါကြိုက်လို့ကွ တဲ့။ ဘုန်းဘုန်းဘုရား ဇာတ်လမ်းတွဲ၊ Senoda အပြင် တပည့်တော်မှာ တခြား ငါကြိုက်လို့ကွတွေ ချန်ထားတာအများကြီးရှိနေပါသေးတယ်... ဒီလိုပါပဲ။

    ReplyDelete
  6. ဒီလိုပါပဲ ...!!!

    ReplyDelete

နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။