ခုတစ်လော ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးရဲ့ ၀က်ဘ်ဆိုဒ်တစ်ခုမှာ ဆဲသံတွေ ညံနေတယ်လို့ ဆိုပါတယ်။ ဆဲတဲ့ သူတွေကတော့ ၀ါသနာအရ ဆဲကြမှာပဲ။ ကိုယ့်အထုပ်ကို ကိုယ်ထုပ်နေကြတာကိုး၊ အဆဲခံရတဲ့ ဗုဒ္ဓဘာသာဝင်အချို့ကတော့ နာကျင်ကြေကွဲရမှာ လိုလို။ ထင်ယောင် ထင်မှား ဖြစ်ရမှာ လိုလို ယောင်ဝါးဝါးဖြစ်သွားကြရတာတွေလည်း ရှိနိုင်တာပဲ။ ဘုရားချင်းမှားနေကြလို့လေ။
တန်းလန်းကိုယ်တော်ကြီးကို ကိုယ့်ဘုရားလုပ်ခံရတာကိုး။ မဇ္ဈိမကို မရောက်ဖူးတဲ့ သူတွေအဖို့တော့ မှားလည်း မှားစရာ၊ အားလည်းငယ်စရာပေပ။ ဟုတ်များဟုတ်လေမလားပေါ့။ ဂေါတမဗုဒ္ဓအရှင်ရဲ့ ပုံတွေကို တုပပြီး ဂျိန်းဘုရားကို ထုဆစ် ကိုးကွယ်ကြတာကိုး။ ဂျိန်းဘုရားအပါအ၀င် ယနေ့ခေတ်ဂျိန်းကိုယ်တော်ကြီးတွေက “တွဲလွဲရယ်နေပါဦး မုန့်လုံး၊ မုန့်လုံး စက္ကူကပ်” ပုံတွေဖြစ်နေကြလေရဲ့။ ဒီလိုနဲ့ ဘုရားချင်းမှားခဲ့ကြရ တော့တာပါ။
အရင်တုန်းက မမှားအောင် ရေးခဲ့ဖူးပါတယ်။ ပြန်ဖတ်ကြပေါ့။

No comments:
Post a Comment
နည်းနည်းတော့ ပြောကြဦး။
ပျင်းတယ်။