25 April, 2010

ဒကာကိုကျော်သူ့အတွက်ဗုဒ္ဓအရှင်၏မှတ်ချက်စကား


ဣဓမောဒတိ ပေစ္စမောဒတိ၊
ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊
ဒိသွာ ကမ္မ၀ိသုဒ္ဓိမတ္တနော။

Here he rejoices, hereafter he rejoices; one who performs meritorious deeds rejoices in both existences. He rejoices and greatly rejoices when he sees the purity of his own deeds.

ခုဘ၀လည်း ပျော် နောင်ဘ၀လည်း ပျော်
ပြုသမျှကောင်းမှု ပေါင်းစု ဘ၀နှစ်ခုလုံးမှာပျော်
သူပျော် အလွန်ပျော်

သူ့ကံအလှမြင်မြင်ပြီးတော့ ပျော်။

ဗုဒ္ဓ
(ဓမ္မပဒ ၁၆ ၊ ဓမ္မိကဥပါသကာဝတ္ထု)

(ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ပြည်ပရောက် မြန်မာနိုင်ငံသားများ စုစည်း၍ မြန်မာနိုင်ငံအတွင်း လူမှုရေးလုပ်ငန်းများ၊ ထူးထူးချွန်ချွန် ဆောင်ရွက်နေကြသူများအား ကျေးဇူးတင် ဂုဏ်ပြုသည့် အခမ်းအနား တစ်ရပ်ကို လော့စ်အိန်ဂျယ်လိစ်မြို့၊ အမေရိကန်ပြည်ထောင်စုတွင် ၂၄.၄.၂၀၁၀ (စနေနေ့) ညနေ (၅း၀၀)နာရီမှ (၇း၀၀)နာရီအတွင်း ကျင်းပခဲ့ရာ ၂၀၁၀ ခုနှစ်ရဲ့ Citizen of Burma ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ရရှိသွားခဲ့ပါသည်။

ထိုသတင်းအတွက် ဗုဒ္ဓအရှင်၏ မှတ်ချက်စကားလေးဖြင့် ဒကာကိုကျော်သူအား ဂုဏ်ပြုလိုက်ပါသည်။ လူမှုရေးနှင့် ဘာသာရေးလုပ်ငန်းများကို အသင်းအဖွဲ့ဖြင့် စည်းရုံးလုပ်ဆောင်တတ်သော သာဝတ္ထိမြို့သား ဓမ္မိကဥပါသကာအတွက် မှတ်ချက်ပြုမိန့်မြွက်ခဲ့သောဓမ္မပဒဂါထာသည် ကိုကျော်သူအတွက်လည်း အကျုံးဝင် သွားသည်။ ဓမ္မိကဥပါသကာနှင့် ကိုကျော်သူတို့၏ ဖြစ်စဉ်တိုက်ဆိုင်မှုရှိနေသည်မှာလည်းအံ့သြဖွယ်ရာပင်။ အော် ဗြဟ္မစိုရ်ကိုကျော်သူအတွက် မုဒိတာစာမျက်နှာများပေတကား။)

ဓမ္မဂင်္ဂါ


2 comments:

မော်ကွန်းသစ် said...

အဟီး။ ဂုဏ်ယူပါတယ်။

Unknown said...

သာဓု သာဓု သပ္ပုရိသ။
သပ္ပုရိသ ဆိုတာ
ကိုကျော်သူ ကို ဂုဏ်ပြုလိုက်တာပါ။
တင်ပြရေးသူကိုလည်း...