အလင်းငတ်ပေမယ့်
မှောင်လက်စလေး
အမိအရ
မီးပျက်သွားတဲ့ညမှာတော့
ရေစိုနေတဲ့မီးခြစ်လေးနဲ့
လရောင်ကို
ညှိမိသေးရဲ့
သင်္ခါရအချင်းချင်း
ကော်နက်ရှင်းကိစ္စမှာ
နိရောဓသစ္စာက
သွေးကြီးကြီး
ကမ္ဘာဦးအက္ခရာနဲ့ရေးတဲ့
သိုးဆောင်းတို့ရဲ့ဝါကျ
ရေစက်ချပြီးသာ
လှူလိုက်တယ်
ပုတီးလေးတွေ
အပျော့ထည်ဖြစ်သွားရင်
စိတ်ကိုအမာထည်အဖြစ်
ဈေးတင်လိုက်ရုံ။
ဓမ္မဂင်္ဂါ
(၁၁-၀၅-၂၀၁၀)
မှောင်လက်စလေး
အမိအရ
မီးပျက်သွားတဲ့ညမှာတော့
ရေစိုနေတဲ့မီးခြစ်လေးနဲ့
လရောင်ကို
ညှိမိသေးရဲ့
သင်္ခါရအချင်းချင်း
ကော်နက်ရှင်းကိစ္စမှာ
နိရောဓသစ္စာက
သွေးကြီးကြီး
ကမ္ဘာဦးအက္ခရာနဲ့ရေးတဲ့
သိုးဆောင်းတို့ရဲ့ဝါကျ
ရေစက်ချပြီးသာ
လှူလိုက်တယ်
ပုတီးလေးတွေ
အပျော့ထည်ဖြစ်သွားရင်
စိတ်ကိုအမာထည်အဖြစ်
ဈေးတင်လိုက်ရုံ။
ဓမ္မဂင်္ဂါ
(၁၁-၀၅-၂၀၁၀)
5 comments:
ဘာလဲတော့မသိ
ကိုမန်ထရီ ကယ်မှ
ရမယ်။
ပါဠိတွေက ခက်တယ်။
အနက်မြုပ်တယ်။
ကိုယ်မတတ်တော့
ကောင်းလိုက်တာ လို့ ပြောရင်
အပြောခံရတဲ့ကဗျာ နာမစိုးလို့ ...
ထိုထိုသောရေစက်များအတွက်...
သာဓုဝိုင်းဝန်းခေါ်ဆိုကြလော့...
အသင်လောက။ ။
တိဝူး...ဖတ်လို့ တော့ကောင်းတယ်...။
ကဗျာလေးကြိုက်တယ် ဘုရား။
ကဗျာလေးကြိုက်တယ်ဘုရား
Post a Comment