19 April, 2010

အကယ်ဒမီချိုပြုံးကွယ်လွန်ပြီတဲ့လား

နှစ်သစ်ကူး သင်္ကြန်တော်အခါသမယတွင် သူဆက်လိုက်သည့် ဖုန်းမှန်သမျှက “ဦးဇင်းမယ်တော်ကြီး အကယ်ဒမီ ဒေါ်ချိုပြုံးတော့ ကွယ်လွန်သွားရှာပြီတဲ့ ဘုရား”တဲ့။ လွန်ခဲ့သော မတ်လက သူ့ဆီကို မယ်တော်ချိုက ဘုရားဖူး လာသည့် တေးရေးဆရာကြီး ပုဏ္ဏကနှင့်အတူ စာတစ်စောင်နှင့် လှူဖွယ်ဝတ္ထုအချို့ပေးပို့လှူဒါန်း လိုက်သေးသည်။ သို့နှင့်သူက ချိုပြုံးလည်းလွမ်းနေရတဲ့ မစဉ်းစားခြင်းသေတ္တာ စာတိုတိုလေးပင် ရေးဖြစ်ခဲ့သေးသည်။

ခုတော့ နေပြည်တော်သင်္ကြန်တွင် ရုတ်တရက်ကွယ်လွန်သွားခြင်းတဲ့။ အော် သင်္ခါတရားတို့၏ ခြေသံကား တိုးတိတ်လွန်းပေစွ။ သင်္ကြန်မတိုင်မီကပင် သူ၏ တူလေးတစ်ယောက်အတွက် သောကမုန့်ညှင်းစေ့များကို ရှာဖွေခဲ့ရသေးသည်။ လောကီနယ်နိမိတ်မှာ ရပ်နေမိသောရဟန်းတစ်ပါးအတွက် အပူလှိုင်းများက ကျောင်းသင်္ခန်း လေးထိ ဖြတ်စီးတတ်လေသည်ပဲ။

ဘာပဲဖြစ်ဖြစ် ညနေခင်းဆီကတော့ ဖုန်းတစ်ချက် ကောက်ဆက်ရပြန်ပါလေသည်။ ကြားနေကျကြည်မြသော အသံကိုယ်တိုင်က ဖုန်းကိုင် သူဖြစ်နေသည်။ အော် သင်္ခါရတရားတို့၏ သတင်းထုတ်ပြန်မှု အမှားဖြစ်ကြောင်း သေချာသွားလေသည်။ မုဒိတာ ဖြစ်စွာ ကမ္ဘာမြေကျန်းမာပါစေ။ မော်ဒန်တောရသည် သောကရိပ်သာ မဟုတ်ခဲ့ကြောင်း။

2 comments:

linnhtatshein said...

အင်း
ဘယ်နေ့ မှန်းကို
မသိရဘူး
ဘယ်မှာ ဆိုတာလဲ
တကယ်မသိ
ဘယ်လို ဘယ်လို ဆိုတာတွေ
မသိသေးတော့
သတိလက်လွတ်မနေ သင့်ဘူးနော်...
ဘုရား

သုခုမလေဒီ said...

ရောက်ပါတယ် ဘုန်းဘုန်း။ အရှင်ဘုရားကျန်းမာပါစေ၊ နှစ်သစ်မှာ သာသနာအကျိုးများပို၍ ပို၍ ထမ်းဆောင်နိုင် ပါစေ။