15 February, 2013

မေးလ်ထဲမှာတော့ အမေက မရှိ...


အသက်သိက္ခာဆိုတာတွေကို ငဲ့ပေမယ့်
အမေကို လွမ်းတဲ့ စိတ်နဲ့ အိမ်ပြန်လမ်းဆီ...........
မေးလ်ထဲမှာ အမေမရှိ...
ဒါပေမယ့် စိတ်နှလုံးထဲမှာ
ဗိုင်းရပ်စ်တွေ မဖျက်ဆီးနိုင်တဲ့ ထာဝရအပျော့ထည်...
လည်ချောင်းတွေနာနေတယ်...
အာကောင်တွေ ခြောက်နေတယ်....။
ဘာပဲဖြစ်ဖြစ်..
ရွှေပြည်ကြီးမှာ ပထမဆုံးဒဗလျူစီပါတဲ့ ကားကိုစီးခွင့်ရတာမို့
စိတ်လက်ပေါ့ပါးပါရဲ့...။

ဓမ္မဂင်္ဂါ
(၁၅-၂-၂၀၁၃)

No comments: