26 October, 2010

သီတင်းကျွတ်

ကရုဏာမီးပုံးလေးထဲ
သံသရာအမောတွေ
ထွန်းညှိ

နိုဝင်ဘာမှာ
တကယ်ပြန်လာလေမလား တဲ့
သားလည်း မပြောနိုင်သေးပါဘူး အမေရယ်...
အိပ်မက်နှစ်တစ်သန်းစာ
မုန်တိုင်းတွေ

ခြားပဲခြားနိုင်တတ်လွန်းလို့

ဘာပဲဖြစ်ဖြစ်
အဲဒီနေ့က
အမေ့အိမ်မှာ
လင်းသွားတဲ့ အလွမ်း
တယ်လီဖုန်းလေးက ထမ်းထားရရှာတယ်.....။

ဓမ္မဂင်္ဂါ
(၂၇-၁၀-၂၀၁၀)



2 comments:

vowel said...

အဲဒီနေ့က
အမေ့အိမ်မှာ
လင်းသွားတဲ့ အလွမ်း
တယ်လီဖုန်းလေးက ထမ်းထားရရှာတယ်.....။

မေဓာဝီ said...

ဦးဇင်း သီတင်းကျွတ် ကဗျာလေးက လွမ်းစရာကောင်းလိုက်တာ။ စကားလုံးတွေလဲ ဆန်းသစ်တယ်။ ဓမ္မဂင်္ဂါကို မကြာမကြာ လာဖတ်ဖြစ်ပါတယ်။

တပည့်တော်ကတော့ အဲဒီနေ့က အမေ့အိမ်ကို အင်တာနက်နဲ့ လွမ်းလိုက်ရတယ်။