15 November, 2010



ဒေါ်စုကြည်ကား လွတ်လေပြီ။ ယခု အသို့ဖြစ်လေသနည်း

ထိုသူတို့က ကျွန်ုပ်အား မည်သို့ပြုမူကြသည် ဖြစ်စေ ထိုသူတို့နှင့် ကျွန်ုပ်၏ အရေးမျှသာ ဖြစ်လေရာ ကျွန်ုပ်သည်းခံပါအံ့၊ လွန်မင်းစွာ အရေးကြီးသော အကြောင်းတရားသည်ကား ထိုသူတို့က တိုင်းပြည်အတွက် မည်သို့ပြုမူနေကြနေကြလေသနည်း ဟူသည်ပင်တည်း။

ဒေါ်အောင်ဆန်းစုကြည် (၁၉၉၄)

ရန်ကုန်မြို့ရှိ သူမ၏ အိမ်ဝင်းတံခါးဝတွင် သူမအား ထောက်ခံကြလေသည့် ပြည်သူထောင်ပေါင်းများစွာတို့ကို နှုတ်ခွန်းဆက်သနေသော အောင်ဆန်းစုကြည်၏ ပုံရိပ်တို့သည် ကျွန်ုပ်အား မျက်ရည်စွပ်စိုလေတော့သည်တကား။ ဆံကေသာထက်ဝယ် ပန်ဆင်အပ်သည့် လှပသော ပန်းမြတ်မာလာနှင့် အတူ မြန်မာရွှေပြည်ကြီး၏ အနာဂတ်အတွက် လုံးဝယှဉ်တွဲသွားတော့မည့် ဘ၀ပုံရိပ်နှင့် လိုက်ဖက်ညီလှသော သူမ၏ အပြုံး၊ သူမစကားလုံးတို့ကို မြင်ရ ကြားရခြင်းသည် လွန်ကဲနှစ်ခြိုက်ဖွယ်သော နှစ်သက်မှုပီတိပါပေတည်း။

မြန်မာရွှေပြည်ကြီးနှင့် တကွသော အတိုင်းတိုင်းအပြည်ပြည်မှ သန်းပေါင်းများစွာသော သပ္ပုရိသအပေါင်းတို့သည် တစ်ခုတည်းသောအသံဖြင့် တုံပြန်ခဲ့ကြသည်ကို ကျွန်ုပ်သိပါ၏။ သူမသည် လွန်ခဲ့သော (၇)နှစ်တာကာလနှင့် စုစုပေါင်းအနှစ်နှစ်ဆယ်အတွင်း ဆယ့်ငါးနှစ်တာကာလမျှဝယ် သူမ၏ ပြုပြင်မှုကင်းကွာ နုံခြာလှသည့် အိမ်တွင် အထိန်းသိမ်ခံဘ၀ဖြင့် အကျဉ်းစံခဲ့လေသည်တည်း။ သူမ၏ သာငယ်များနှင့် တွေ့ဖို့ရန် အခွင့်အလမ်းများကို စွန့်လွှတ်ခဲ့ရ၏၊ လူမှုအဖွဲ့အစည်းနှင့်လည်း ဆက်သွယ်ခွင့် ဝေးခဲ့ရလေသည်တကား။

Daw Suu has been, in one sense, an icon. But she is a living, breathing icon who will never allow herself to be an object. Aung San Suu Kyi has work to do.

အဓိပ္ပါယ်တစ်ရပ်ဖြင့် ဆိုရသော် ဒေါ်စုသည် မြင့်မားသော ပုံရိပ်တစ်ခုဖြစ်ခဲ့လေပြီ။ သို့သော် သူမသည်ကား အသက်ရှင်တည်ရှိနေသော ၀င်လေထွက်လေရှိနေဆဲသော ပုံရိပ်သာ ဖြစ်ပါ၏။ သူမကိုယ် သူမ အရာဝတ္ထုတစ်ခုအဖြစ် ခွင့်ပြုလိမ့်မည်မဟုတ်။ သူမကား ရှင်သန်လုပ်ရှားရပေလိမ့်ဦးမည်။

For now it appears that her release is unconditional. Certainly that is Daw Suu’s firm determination. Burma’s SPDC junta and the new “government,” selected just days ago in a bogus election universally condemned by international advisers and governments around the world, may have very different intentions and conditions for her. Nonetheless, we pause to celebrate and shed tears of grief mingled with joy. Aung San Suu Kyi’s release creates a new opening for change — a gap in the apparently seamless wall of oppression through which freedom can emerge.

ယခုပစ္စက္ခတွင်မူ သူမ၏ လွတ်မြောက်မှုသည် နှောင်ကြိုးမဲ့လွတ်မြောက်မှုဟု ထင်မြင်ရပေ၏။ ဤသည်မှာလည်း သူမ၏ ခိုင်ကြည်စွာသော အဓိဋ္ဌာန်တရားပင် မုချ ဖြစ်ပေလိမ့်မည်။ မြန်မာရွှေပြည်ကြီး၏ (----) SPDC နှင့် အရွေးချယ်ခံအစိုးရသစ်တို့၏ စိတ်နှလုံးဝယ် ရည်ရွယ်ချက်အမျိုးမျိုး၊ အကြောင်းတရားအဖုံဖုံရှိကောင်း ရှိနိုင်ပါပေသည်။ မည်သို့ဆိုသော်ငြား ကျွန်ပ်တို့ကား ၀မ်သားပီတိလျှမ်းသော မျက်ရည်အပြည့်ဖြင့် အောင်ပွဲခံခဲ့ကြပေပြီတည်း။ အောင်ဆန်းစုကြည်၏ လွတ်မြောက်မှုသည် အပြောင်းအလဲတစ်ရပ်အတွက် (သိပ်သည်းထူထဲလှစွာသော ဖိနှိပ်မှုနံရံကြီး၏ အကြားအပေါက်လေးတစ်ခုသဖွယ် လွတ်မြောက်မှုပေါ်ထွက်လာနိုင်ပေသည့်) ၀င်ပေါက်တံခါးသစ်ကို ဖန်ဆင်းအပ်သည့်နှယ် ဖြစ်ပေသည်တကား။

It is up to our worldwide community of conscience, hand in hand with Burma’s democracy activists, to use this opportunity and Daw Suu’s political skills to best advantage. There are still more than 2200 political prisoners in facing torture and long years in Burma’s prisons, including student leader Min Ko Naing, labor rights activist Su Su Nway, Saffron Revolution leader U Gambira, comedian/social critic Zargana, and many, many others. Among these political prisoners we have identified nearly 250 monks and nuns. We demand their immediate release.

ဤသို့သော အခွင့်အလမ်းနှင့် ဒေါ်စု၏ နိုင်ငံရေးစွမ်းဆောင်ရည်ကို အသုံးပြုက အကောင်းဆုံးတိုးတက်မှုဆီသို့ ချီတက်ကြရန်မှာ ကမ္ဘာ့လူ့အဖွဲ့စည်းကြီး၏ အာရုံစူးစိုက်မှု၊ မြန်မာ့ဒီမိုကရေစီလှုပ်ရှားကြလေသူတို့၏ လက်တွဲခိုင်မာမှုနှင့် သက်ဆိုင်လှပေတော့သည်။

There must be an honest and irreversible process of dialogue involving Aung San Suu Kyi, the National League for Democracy, all the embattled ethnic groups, and the junta itself towards a clear goal of democracy and national reconciliation.

ဒီမိုကရေစီပန်းတိုင်နှင့် အမျိုးသားရင်ကြားစေ့ပေါင်းစည်းညီညွတ်ရေးသို့ ချီတက်ကြရာတွင် အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုက်ပွဲဝင်တိုင်းရင်းသားအစုအဖွဲ့အားလုံးနှင့် အစိုးရတို့ကြားတွင် ရိုးသားဖြောင့်မတ်၍ ဖောက်ပြန်မှုမရှိသော တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ် အမှန်တကယ်ရှိရပေလိမ့်မည်၊ ( Anything short of such deliberations is simply the continuation of the junta’s business as usual — the business of theft, fraud, impoverishment, and systematic violence. We cannot allow these policies to shadow the lives of our Burmese sisters and brothers.)

Twenty-five hundred years ago Shakyamuni Buddha included these verses in the “Metta Sutta.”

လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင့်ငါးရာခန့်က သကျမုနိဗုဒ္ဓအရှင်သည် ဤဂါထာများကို မေတ္တသုတ်တော်မြတ်တွင် ထည့်သွင်းဟောကြားခဲ့ပါ၏။

တစ်စုံတစ်ယောက်သည် တစ်ပါးသောသူ တစ်ယောက်လူကို မလှည့်ဖျားမငြူစူပါစေလင့်။ မည်သည့်အရပ်တွင်မဆို မထီမဲ့မြင် စော်ကားခြင်းနှင့် မယှဉ်ပါစေလင့်။ ဒေါသ အာဃာတထားကာ အချင်းချင်း ဆင်းရဲပွားအောင် မကြံဆောင်ပါလေလင့်။ တစ်ဦးတည်းသောသားကို စောင့်ရှောက်သည့် မိခင်မေတ္တာပမာ သတ္တ၀ါအားလုံးအား မေတ္တာတရားထား ကာ အကြိမ်ကြိမ်ပွားများကြစေသတည်း။

ဤဒေသနာတော်သည် ကျွန်ုပ်တို့၏ လမ်းညွှန်အဖြစ် ရှိနေလိမ့်ဦးမည်သာ ဖြစ်ပါ၏။ ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒသည်လည်း သက်ဝင်မှုရှိသော အကြမ်းမဖက်ရေးလမ်းစဉ်ပင် ဖြစ်ပါ၏။ သူမ၏ ရည်သန်ချက်သည်ကား သူ၏ တိုင်းပြည်ကို လွတ်မြောက်စေ၍ သတ္တ၀ါအားလုံးကို ကာကွယ်နိုင်ရေး အဆုံးစွန်အားဖြင့် သူမ၏ ပြိုင်ဘက်များကိုပင် အာဃာတနှင့် တရားမဲ့မှုမှ စောင့်ရှောက်နိုင်ရေးပင် ဖြစ်လေတော့သည်တည့်။ သူမ၏ ယခု လွတ်မြောက်မှုမှသည် အောင်မြင်မှုဆီ ရောက်သည်အထိ ဆုတောင်းပေးရုံသာ ကျွန်ုပ်တို့ စွမ်းနိုင်ကြပေသည်။ ထိုမျှသာမက မြတ်သောပန်းတိုင်သို့ ညွတ်သော ကျွန်ုပ်တို့ကိုယ်တိုင်၏ အားထုတ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အားစိုက်ကြရပေလိမ့်မည်၊ မြန်မာရွှေပြည်ကြီးကား လွတ်မြောက်ရမည် မလွဲတည်း။

------------
Hozan Alan Senauke is founder of the Clear View Project and vice-abbot of Berkeley Zen Center. His latest book — The Bodhisattva’s Embrace: Dispatches From Engaged Buddhism’s Front Lines — is available from Clear View Press.
http://www.clearviewproject.org/

No comments: