10 February, 2010

တိဘက်တက္ကသိုလ်ဒိုင်ယာရီ


၀၈-၀၂-၂၀၁၀ တနင်္လာနေ့ နံနက် တိဘက်တက္ကသိုလ်ကြော်ငြာသင်ပုန်းများတွင် တက္ကသိုလ်ဒုတိယအဓိပတိ လားမားကြီးကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ကြေငြာချက်များကို ဖတ်ရသည်။ မြန်မာလို ဖော်ပြရမှာ်မျက်နှာပူ၍ မူရင်းအတိုင်းဖော်ပြလိုက်ပါသည်။


CENTRAL UNIVERSITY OF TIBETAN STUDIES
SARNATH,VARANASI
TU/VC/Adm/51/2010
Date 06.02. 2010

CIRCULAR

The University has invited Ven.Vicittasara to teach Pali Language for the desirous students who are interested in learning Pali language. The University has ambitious plans for the translation of Pali canonical works into Tibetan language for which there is requirement of number of scholars devoted to accomplish this project. Therefore, students are to be trained in Pali Language so that they could become competent in such scholarly works of translation.

Ven.Vicittasara who is from Myanmar has his traditional degree of Dharmacariya. This degree is given after the students obtain authoritative knowledge in the Pali Tripitaka and Pali Language. He will be teaching Pali language through English Medium. He will start a course for beginners in Pali from 22.02.2010.

Therefore, students and staff who are desirous to learn Pali Language from beginning may submit their name to the office of the undersigned latest by the evening of 19.02.2010.


(Pro. Geshe N Samtan)
Vice Chancellor

ထေရ၀ါဒပိဋကတ်တော်များကို တိဘက်ဘာသာပြန်ဆိုရေးဟူသောရည်မှန်းချက်ကြီးလှသည့်လုပ်ငန်းစဉ်ကြီး၏ ပဏာမအုတ်မြစ်တွင် တာဝန်ကြိးစွာ ရပ်နေမိပြီဖြစ်ကြောင်း သေချာသွားပါသည်။ ဓမ္မာစရိယမြန်မာရဟန်းတော် တစ်ပါး၏ ၀န်ကို သူဆောင်ရပေတော့မည်။ မြန်မာနိုင်ငံနှင့် ဓမ္မာစရိယဟူသောစကားလုံးများကို လင်းလင်း ချင်းချင်းမဖြစ်တောင် မှိန်ပျမသွားဖို့တော့ သူ့မှာ ရှိသမျှ ကိုယ်ရောင်ကိုယ်ဝါများကို ညှစ်ထုတ်ရပေမည်။ မဟာယာနတိဘက်တက္ကသိုလ်၏ နွေးထွေးသောကြိုဆိုမှုကို ထေရ၀ါဒအပြုံးစစ်စစ်ဖြင့် နှုတ်ဆက်ရပေမည်။ ဗုဒ္ဓဟူသော ကြီးမားသောအရိပ်ထုထည်အောက်တွင် ဂိုဏ်းဂဏဆိုသည်မှာ ပါးလျလွန်းပါသည်။

ထို့နောက် တွဲဘက်ပါမောက္ခခရီးထွက်နေစဉ်အတွင်း (၀၉-၀၂-၂၀၁၀-မှ ၁၉-၀၂-၂၀၁၀ အထိ) တက္ကသိုလ် ဥပစာတန်းများနှင့် ၀ိဇ္ဇာတန်းများကိုမြန်မာရဟန်းတော်ကပင် တာဝန်ယူသင်ကြားပေးမည်ဖြစ်ကြောင်း ကြေငြာ ချက်ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည် ။

ပါဠိဘာသာသင်ကြားရေး တွဲဘက်ပါမောက္ခ ဒေါက်တာဆူရိန္ဒြာ ကူးမားရ်ထံမှ ပုံမှန်သင်တန်းများလွှဲပြောင်း ယူရသည်။တာဝန်ယူရမည့်အတန်းများက ဘာသာရပ်မတူသဖြင့် စာနှင့် မျက်နှာပြတ်၍ မရနိုင်ကြောင်း ရိပ်စား မိခဲ့၏။ ၀ိဇ္ဇာ(ပထမနှစ်)တွင် မဟာပရိနိဗ္ဗာနသုတ္တ၊ ၀ိဇ္ဇာ(ဒုတိယနှစ်)တွင် အဘိဓမ္မာ(အဘိဓမ္မတ္ထသင်္ဂဟ)၊ ဥပစာတန်း(က)တွင် ပါဠိပါဌသင်္ဂဟ။ ဥပစာ(ခ)တန်းတွင် ပါဠိပါဌမာလာ။ဥပစာအောက်တန်းများတွင်တော့ အခြေခံပါဠိဘာသာရပ်ဆိုသည်လည်း သင်ရချေဦးမည်။

No comments: