21 February, 2010

ဘုရားဖူးကဗျာ


ခွင့်လွှတ်ပါအရှင်
ပြုမိမှားအပြစ်သုံးသွယ်....။

အရှင့်စံရာ
စကြာဝဠာမိုးမြေအနှံ့
မေ့လျော့
ဘုရားဖူးထွက်ခဲ့ခြင်းက အပြစ်တစ်သွယ်..။

အရှင်က
အတွေးများရဲ့အလွန်မှာ
မေ့လျော့
အရှင့်အကြောင်းတွေးမိတာက အပြစ်တစ်သွယ်..။

အရှင်က
စကားလုံးနယ်ပယ်ရဲ့ အလွန်မှာ
မေ့လျော့
အရှင့်ထံပါးဆုတောင်းစကားဆိုမိတာက အပြစ်တစ်သွယ်...။

အဒိ ရှန်ကာရာချာရယ
(ဘာသာပြန်)



No comments: