24 March, 2010

အ၀ိဇ္ဇာကဖေး


သောက်နေကျဆိုတိုင်း
မခါးဘူးလုပ်ပစ်ချင်သေး
ချို့တဲ့ချို
လက်စလက်နအပြုံးလေး
အားနာတာတစ်ခုတည်း

အမူအရာပျက်တာကိုက
သေချာလေ့ကျင့်ပြီးသား
နံရံပေါ်က
စကားလုံးတွေဖတ်ချင်ရင်တော့ဖတ်
တံခါးတွန်းဖွင့်ပြီးရင်
အဟောင်းနံ့တွေ ရှိုက်ပြီးသား

ဒါဗင်စီရဲ့ကုဒ်တွေ
ငါ့ခေါင်းအုံးအောက်မှာ
ရေးထားကြောင်း
ရှာရှာဖွေဖွေ

လက်တွဲဖော်ဆိုတာနဲ့
သံသရာသီချင်းက
ပိတောက်ပွင့်ချင်မှပွင့်မယ်
ဒီလိုနဲ့
နာမည်မပါတဲ့ အနှစ်သုံးဆယ်

ဖော်မဲ့ဟင်္သာဝတ္ထုကို
မဖတ်တော့ဘူး
ပါရီမြို့ကြီးတွေ
ရဟန်းတစ်ပါးရဲ့ကဗျာတွေပေါ်
ခဏခဏ
မှောက်ကျတတ်လွန်းလို့။

ဓမ္မဂင်္ဂါ ၂၄-၃-၂၀၁၀


6 comments:

မော်ကွန်းသစ် said...

ဟူး....မော်ဒန်စစ်စစ်ပဲ ဖြစ်မှာပါ။

သကျသွေးကို said...

သောက်နေမိပါသေးတယ်။

Unknown said...

ဂင်္ဂါကြီး နီရဲ လို့ပါလား ပင်လည်တွေ ငိုနေအုံးမယ်နော်

WHITEROSE said...

ပင်လယ်တွေ ငိုနေပြီ။

မောင်စိတ်ကောင်း said...

လက်တွဲဖော်ဆိုတာနဲ့
သံသရာသီချင်းက
ပိတောက်ပွင့်ချင်မှပွင့်မယ်
ဒီလိုနဲ့
နာမည်မပါတဲ့ အနှစ်သုံးဆယ်

ဥာဏ်လင်းထက် said...

ဒီရက်အတွင်း အချိုတွေချည်းဖတ်နေရပြန်သေး။ ချဉ်ချဉ်တူးတူး အလှည့်ဘယ်တော့