29 March, 2010

ဓမ္မဂင်္ဂါရီပို့တ်


ဓမ္မဂင်္ဂါမော်ဒန်တောရ

၂၈-၃-၂၀၁၀ တနင်္ဂနွေနေ့ ဓမ္မဂင်္ဂါမော်ဒန်တောရသို့ အခြားသီတင်းသုံးဖော်နှစ်ပါးနှင့်အတူ ပြောင်းရွှေ့သီတင်းသုံးသည်။ အရှင်ကောဝိဒ(အရာတော်)နှင့် အရှင်လာဘသာမိ(ကန့်ဘလူ)။



ကလေးငယ်များနှင့် ရောရောပျော်ပျော် နောနှင့် မော်

၂၉-၃-၂၀၁၀ တနင်္လာနေ့တွင် နောက်ပါ(နောက်လိုက်မဟုတ်)ဘလော့ဂါကိုနောနှင့်အတူ ဗာရာဏသီခရိုင်၊ စောဠပူရ်နယ်၊ဣမိလိယာရွာစာသင်ကျောင်းလေးသို့ ကျောင်းအုပ်ဆရာမကြီး၏ ဖိတ်ကြားချက်အရ ကြွရောက်ကာ ဆရာဆရာမများ၊ကျောင်းသူကျောင်းသားများနှင့် တွေ့ဆုံ။(သတင်းအပြည့်အစုံဦးသူအရင်ရေးမည်)


ရွာကျောင်းလေးက ဘဂ၀န် ဗုဒ္ဓကို “အနေကဂျာတိ ဆံဆာရံ” ဖြင့် ပူဂျာကရိုး

ကလေးတွေက ကဗျာသီချင်းများဖြင့် ဧည့်ခံကြ
အေးဆေးလူစီရိပ်သာဆရာတော်နှင့် ဓမ္မဂင်္ဂါမော်ဒန်တောရဆရာတော်

ကျောင်းအုပ်ဆရာမကြီး အပ်နှင်းသည့်ဓမ္မလက်ဆောင်ဗုဒ္ဓရုပ်ပွားတော်မြတ်

အလှည့်ကျကဗျာစာဆိုငယ်လေးများ





ပုံများကို အဆက်မပြတ်တင်ပေးလျက်ရှိပါသည်။နောက်တစ်ခါကလစ်တိုင်း ပုံသစ်တွေ့ရမည်ဟူလို

6 comments:

မော်ကွန်းသစ် said...

မွှေတော်မူကြပါလား။ သတင်းအပြည့်အစုံ မျက်မှန်အသစ် ပါဝါအသစ်နဲ့  ဦးအောင် အရင်ဖတ်ပါမည်။

ကိုနော said...

ဓာတ်ပုံတွေ အတော်သားနားသားပဲ။
သတင်းကတော့ ဆရာမော်ပဲ ဦးမှာပါ။

မောင်စိတ်ကောင်း said...

စခန်းသာမော မော်ဒန်တောရ သောသောညံညံ ငြင်းသံခုန်သံ စကားသံကို အမှန်ခုများ လာချင်သားပေါ့ ခုတော့မအား အကြားဖြင့်သာ ၀မ်းသာနေရ အိုး....မော်ဒန်တောရ။

linnhtatshein said...

တောရ ဆရာတော်ကြီးများရဲ့ 
ဒေသစာရီ လှည့် သာသနာပြု
နေလိုက်ပုံများ ....
ဓာတ်ပုံကြည့်သိရပါတယ် ဘုရား။
ဆက်လက်ပြုနိုင်ပါစေ

Unknown said...

သြော်...သာသနာတော်အတွက် အလုအရတ်ပြုနေကြပါကလား....ဆာဓု ဆာဓု ဆာဓု. အဆင်လေးစားလျှက်...ဆေးရောင်ခြည်။

sawpan said...

သတင်းဟူသမျှ နောကမဦးဘဲ၊မော်ကဦးတာပါဘဲလေ။
အရမ်းအောင်မြင်တာဗျာ....ဆာဓု (၃)ကြိမ်ခေါ်လိုက်ပါသည်။