
ပိတောက်နဲ့ငြိရုံလေးပဲ
ဖြန်းပက်
တက်လာသမျှ
ဘာဝနာ
အသိတရားမပါဘဲ
ထိုင်ကြဖို့တော့
သဘောတူခဲ့ရပါတယ်
ဟူး ရိုးရာလေးကို
အ၀သောက်လိုက်ကြပြီကိုး
သီတင်းကျွတ်ဗျောက်အိုးလေးက
သင်္ကြန်ရေပြွတ်လေးကို
ပုခုံးပုတ်လိုက်ရဲ့
“တစ်နေ့နေ့”ဆိုတာ
လူသုံးအများဆုံးဝေါဟာရ
မဏ္ဍပ်တွေကို
စိတ်ထဲခင်းကျင်းလိုက်တော့
ရိပ်သာဝင်လက်စသီချင်းတွေ
နေပူခံဖို့ပဲ
ပြေးထွက်လာ
ရာသီစာအသစ်ကလည်း
မနှစ်ကအတိုင်း
ကတိတွေယိုင်ထိုးလို့
အမျိုးတွေချည်းပါပဲလေ
“သင်္ကြန်အစစ်လေးတော့
မြင်သွားချင်စမ်းပါဘိ”တဲ့
ဆယ်စုနှစ်မုန့်လုံးရေပေါ်သုံးနပ်စာ
ငါတို့သာ
အသည်းကွဲတော့တယ်။
ဓမ္မဂင်္ဂါ
၁၂-၀၄-၂၀၁၀
(သင်္ကြန်တော်အတွင်း စာတွေအများကြီးမဖတ်ချင်ဘူးဆိုတဲ့ အမျိုးတွေအတွက်)
ဖြန်းပက်
တက်လာသမျှ
ဘာဝနာ
အသိတရားမပါဘဲ
ထိုင်ကြဖို့တော့
သဘောတူခဲ့ရပါတယ်
ဟူး ရိုးရာလေးကို
အ၀သောက်လိုက်ကြပြီကိုး
သီတင်းကျွတ်ဗျောက်အိုးလေးက
သင်္ကြန်ရေပြွတ်လေးကို
ပုခုံးပုတ်လိုက်ရဲ့
“တစ်နေ့နေ့”ဆိုတာ
လူသုံးအများဆုံးဝေါဟာရ
မဏ္ဍပ်တွေကို
စိတ်ထဲခင်းကျင်းလိုက်တော့
ရိပ်သာဝင်လက်စသီချင်းတွေ
နေပူခံဖို့ပဲ
ပြေးထွက်လာ
ရာသီစာအသစ်ကလည်း
မနှစ်ကအတိုင်း
ကတိတွေယိုင်ထိုးလို့
အမျိုးတွေချည်းပါပဲလေ
“သင်္ကြန်အစစ်လေးတော့
မြင်သွားချင်စမ်းပါဘိ”တဲ့
ဆယ်စုနှစ်မုန့်လုံးရေပေါ်သုံးနပ်စာ
ငါတို့သာ
အသည်းကွဲတော့တယ်။
ဓမ္မဂင်္ဂါ
၁၂-၀၄-၂၀၁၀
(သင်္ကြန်တော်အတွင်း စာတွေအများကြီးမဖတ်ချင်ဘူးဆိုတဲ့ အမျိုးတွေအတွက်)
3 comments:
ဟူး..........။
မုန့်လုံးရေပေါ်ငတ်နေတာတောင် သုံးနှစ်သုံးမိုးကြာခဲ့ပကိုး။ ဟူး.........
သင်္ကြန်
တွေဂင်္ဂါမြစ်လည်း
စီးနေပါရော့လား
Post a Comment