01 June, 2010

မွန်ဘိုင်း(ဘုံဘေ)ကမြန်မာဘုရား


မွန်ဘိုင်း၊ မေ ၂၈၊ ၂၀၁၀

မွန်ဘိုင်းမြို့တော်က လူထောင်ပေါင်းများစွာဟာ ဗုဒ္ဓပုဏ္ဏိမာလို့ခေါ်တဲ့ ဗုဒ္ဓနေ့ကို ကြာသပတေးနေ့က ထူးကဲစွာ ကျင်းပခဲ့ကြပါတယ်။ ဂိုရိုင်းမှာ ရှိတဲ့ ကမ္ဘာ့ဝိပဿနာစေတီတော်မှာ စုဝေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီစေတီတော်မှာ ၀ိပဿနာဆရာကြီး အက်စ် (ဆတျ နာရာယန် )ဂိုအင်ကာက မြန်မာနိုင်ငံက ပေးပို့လှူဒါန်းလိုက်တဲ့ ၂၁ ပေအမြင့်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ တန် ၆၀ အလေးချိန်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်ကို စကျင်ကျောက်တုံး တစ်ခုတည်းကနေ မြန်မာနိုင်ငံ၊ ဦးတော်အုပ်စုက ထုဆစ်ပူ ဇော်ခဲ့ခြင်း ဖြစ်ပါတယ်။

အခမ်းအနားနဲ့ ပတ်သက်ပြီး ဂုရုကြီးအက်စ်ဂိုအင်ကာကို မေးမြန်းခဲ့ရာမှာ ကမ္ဘာမြေမှာ ပျောက်ဆုံး နေတဲ့ ၀ိပဿနာနည်းကို ပြန်လည်ဖော်ထုတ်တော်မူခဲ့တဲ့ ဂေါတမဗုဒ္ဓအရှင်ရဲ့ ကျေးဇူးတော်ကို ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟာ ဘယ်ဘာသာတရားကိုမှ မဟောကြားခဲ့ပါဘူး” “ဗုဒ္ဓအရှင်မြတ်အလိုတော်အရ ၀ိပဿနာတရားသာလျှင် လူသားတွေအတွက် သဘာဝတရားကို သဘာဝတရားအတိုင်း ရှုမြင်နိုင် တဲ့ တစ်ခုတည် သောနည်းလမ်းဖြစ်ပါတယ်”လို့ ဂုရုကြီးက ဆိုပါတယ်။

ဂုရုကြီးက ၀ိပဿနာရဲ့ သမိုင်းနဲ့ မြန်မာနိုင်ငံက ရဟန်းတော်အနည်းငယ်က ပြန်လည်မဖော်ထုတ်မီ ၀ိပဿနာတရားဟာ နှစ်ပေါင်းများစွာ ဘယ်လိုပျောက်ကွယ်သွားတယ်ဆိုတာကို ပြောပြပါ သေး တယ်။“ ၀ိပဿနာကို ဘယ်လိုဘာသာတရား၊ဘယ်လိုအမျိုးဇာတ်တွေကမှ ချည်နှောင်သိမ်း ပိုက်ထားလို့ မရပါဘူး။ လူတိုင်း ၀ိပဿနာကို အားထုတ်နိုင်ပါတယ်” ဟု ကမ္ဘာအနှံ့ ၀ိပဿနာ ပြန့်ပွားရေးအတွက် ဘ၀ကို မြှတ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းရှင်ဟောင်းကြီး တစ်ဦးဖြစ်သူ ဂုရုကြီးက ဖြည့်စွက်ပြောပြခဲ့ပါသေးတယ်။

ရွှေရောင်ဝင်းပနေတဲ့ ၃၂၅ ပေအမြင့်ရှိတဲ့ ကမ္ဘာ့ဝိပဿနာစေတီတော်ကြီးဟာ လွန်ခဲ့တဲ့နှစ်၊ ဖေဖော် ၀ါရီလက အိန္ဒိယသမ္မတကြီး ပရတိဘ ပတိလ်ကိုယ်တိုင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ က နာမည်ကျော်ရွှေတိဂုံစေတီတော်ကြီးရဲ့ ကိုယ်ပွားအဖြစ်တည်ထားခဲ့တာလည်း ဖြစ်ပါ တယ်။ စေတီတော်ကြီးရဲ့ အလယ်ဗဟိုမှာတော့ အကျယ် ၂၈၀ ပေ၊ အမြင့် ၉၀ ပေရှိတဲ့ ကမ္ဘာ့ ကျောက်သား တိုင်မဲ့ အမိုးခုံးကြီးတည်ရှိပါတယ်။အဲဒီအမိုးခုံးရဲ့အောက်မှာတော့ လူပေါင်း ၈၀၀၀ ထက် မနည်း တရားထိုင်နိုင်တဲ့ စကွဲယားမီတာ ၆,၀၀၀ ထုရှိတဲ့ ကျောက်သားတိုင်မဲ့ ၀ိပဿနာ ခန်းမကြီး တည်ရှိပါတယ်။

မူလစာမျက်နှာ
ဆက်စပ်သတင်း

No comments: