13 August, 2010

အမေရိကားမှ စာတစ်စောင်

သို့ 
အရှင်ဘုရား တပည့်တော် အရှင်ခမာဝုဓ ပါ။ တပည့်တော် တို့ အမေရိကန်နိုင်ငံ ဟာ့မွန်းဗေးမြို့  ဓမ္မာနန္ဒ၀ိဟာရကျောင်းတိုက် ဆရာတော်များ၊ ဘေးဧရိယာမှ ဒကာဒကာမများ စုပေါင်း၍ အိန္ဒိယနိုင်ငံတွင် အရေးပေါ်ဆေးကုသမူခံယူနေသော ဦးဇောတိက အတွက် ဆေးဖိုးနဲ့ အထွေထွေ အသုံးပြုရန် န၀ကမ္မ အမေရိကန်ဒေါ်လာ ၁၂၅၀ (တစ်ထောင့်နှစ်ရာ့ငါးဆယ်) နဲ့ ညီမျှတဲ့ ရူပီး ၅၇၁၃၀ (ငါးသောင်းခုနှစ် ထောင့်တစ်ရာ့သုံးဆယ်) ကို ဦးဝဇီရဗုဒ္ဓိ (နယူးဒေလီတက္ကသိုလ်) နဲ့ မနေ့ က လှူဒါန်းလိုက်ပါတယ်ဘုရား။ ဦးဝဇီရဗုဒ္ဓိနဲ့ လည်း အခုပဲ အွန်လိုင်းကနေ စကားပြောပြီးပါပြီးဘုရား။

တပည့်တော် အခုလို နိုင်သလောက် အခွင့်အရေးကြုံကြိုက်လို့ ကူလိုက်ရတဲ့ အတွက် ဂိလာနရဟန်းတော် ဦးဇောတိက အတွက်လည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်တာကို သိရတဲ့ အတွက် ၀မ်းမြောက် ပီတိဖြစ်မိပါတယ်ဘုရား။ တပည့်တော်ပြုသမျှ ကုသိုလ်များကိုလည်း ဘုန်းကြီးတို့ကို အမျှပေးဝေပါတယ် ဘုရား။
ဘုန်းကြီးတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝပါစေ လို့ တပည့်တော် မေတ္တာပို့သလိုက်ပါတယ် အရှင်ဘုရား။
မေတ္တာဖြင့် အရှင်ခမာဝုဓ ( ဓမ္မပီတိ )

1 comment:

VOS said...

လိုအပ်နေတဲ့နေရာမှာ လှူလိုက်ရတဲ့ အရသာထက် ပိုကောင်းတဲ့ အရသာမျိုး ရှိမယ်မထင်ပါဘူးဗျာ..။
ဒါဟာ ဆရာကြီးဦးရွှေအောင်ပြောတဲ့အတိုင်း ပါရမီမြောက်တဲ့ ဒါနမျိုးပါ..။
သာဓု သာဓု သာဓု...။