05 October, 2010

မနေ့က စာဖြေခန်းများ

သံသရာသင်ရိုး မညက်ခဲ့သူတွေပဲပေါ့
ကိုယ့်ပါရမီလေး
ကိုယ်ထွန်ယက်
မိုးသုံးဆယ်
လေသုံးဆယ်....

နောက်တော့ ကမ္ဘာတစ်သိန်း တဲ့

ကြိုးတန်းလေးသွယ်မိတော့လည်း
ခပ်ကန်းကန်းပဲ လျှောက်ခဲ့ကြတာပ....။

ဓမ္မဂင်္ဂါ
၆-၁၀-၂၀၁၀


1 comment:

Ashin Acara. said...

“မနက်ဖန်အောင်စာရင်း”

ဆန်အိုးတိုးနိုးနိုး
ဝူးတူးဝါးတား တွန်လိုက်ပါလိမ့်အုံးမယ်

သဲတွေသဲတွေ စုပြီးရင်း စု

မနက်ဖန်ဆို
အိုး သုံးဆယ့်တစ်လုံး
ချိုး သုံးဆယ့်တစ်ကောင်
သုံးဆယ့်တစ်ဘုံအတွက် ချစ်သက်လက်ဆောင်။

:)