08 October, 2010

သင်တန်းဖွင့်ပွဲ ဆွမ်းကျွေးမှတ်တမ်းဓါတ်ပုံများ

(၇-၁၀-၂၀၁၀)နေ့က အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးရဲ့ ပညာရေးကော်မတီက ဖွင့်လှစ်ခဲ့တဲ့ ဒေါက်တာနေဇင်လတ်ရဲ့ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု အတတ် ပညာသင်တန်းဖွင့်ပွဲမှာ သင်တန်းတက်ရောက်လာတဲ့ ပညာသင်ရဟန်းတော်တွေကို ဆွမ်းဆက်ကပ် လှူဒါန်းနေတဲ့ မှတ်တမ်းဓါတ်ပုံတွေပါ။

တစ်နေ့တာဆွမ်းအလှူရှင်ကတော့ ဖခင်ကြီး ဦးကျော်ငြိမ်းအားရည်စူး၍ သားရဟန်း အရှင်ဇာဂရာလင်္ကာရ (ဒေလီ) မယ်တော်ကြီး ဒေါ်ခင်လေးညို၊ သမီး မမိုးစန္ဒာကျော် ရန်ကုန်ဖြစ်ပါတယ်။

သင်တန်းတက်ရောက်လာကြတဲ့ ပညာသင်ရဟန်းတော်တွေ စုစုပေါင်း (၁၀၅) ပါး ရှိပါတယ်။ သိုက်သိုက်ဝိုင်းဝိုင်း စုစုစည်းစည်းမို့ အားတက်စရာကြီးပါပဲ။ ရွှေပြည်ကြီးမှာတော့ ခုလို သံဃာတော်တွေ စုဝေးပွဲမှာ ဆွမ်းအလှူရှင်တွေ စည်ကားတတ်ပေမယ့် ဘာသာရပ်ခြား တိုင်းတစ်ပါးမှာတော့ ကိုယ့်စရိတ်ကိုယ်ရှင်း၊ ကိုယ့်ဝေယျာဝစ္စကိုယ်ဆောင်ရွက်၊ ကိုယ်ဆွမ်းကိုယ်ချက်မို့ ခုမှပဲ Team Work ရဲ့ သဘောကို စောကြောမိကြတော့တာပါ။ ကောင်းလေစွ။

သင်တန်းနဲ့ ပတ်သတ်လို့ စုံစမ်းဆက်သွယ်မယ်ဆိုရင်တော့
ဥက္ကဌဆရာတော် ဦးပညာသာမိ
Ph. 00-91-9934266298
Email; pannasami2005@gmail.com

No comments: