30 June, 2011

ဓမ္မဂင်္ဂါပါဠိသင်ခန်းစာ (၄)

(ကဲ ပါဠိစကားလေး ဘာလေး ပြောလို့ ရအောင် I တို့ you တို့လောက်တော့ သင်ပေးထားဦးမှ..

I (အဟံ)

We (မယံ)

ပထမပုဂ္ဂိုလ်(First Person) လို့ခေါ်တဲ့ မိမိကိုယ်ကိုယ် ရည်ညွှန်းပြောတော့မယ်ဆိုရင် ကြိယာ(Verb)ကိုလည်း ပြောင်းရလိမ့်မယ်။

ရှေ့မှာ သင်ခဲ့တာက တတိယပုဂ္ဂိုလ်( Third Person) အတွက် တိ(ti) နဲ့ အန္တိ(nti)

အဆုံးသတ်ရမယ် လို့ သင်ခဲ့တာ..။ ဒီလိုလေ

ပုရိသော ဂစ္ဆတိ

ပုရိသာ ဂစ္ဆန္တိ

ခု (First Person) အတွက်ဆိုရင်တော့

အနည်းကိန်းမှာ မိ(mi) ဆက်ပြီး အများကိန်းမှာ မ(ma)

ဆက်ရမယ်..။

အဟံ ဂစ္ဆာမိ။

မယံ ဂစ္ဆာမ။

ဒုတိယပုဂ္ဂိုလ်(Second person)အတွက်

You (တွံ)

You (တုမှေ)

ကြိယာပြောင်းတဲ့အခါမှာတော့ အနည်းကိန်းမှာ

သိ(si) နဲ့ အများကိန်းမှာ ထ(tha)

ဆက်ပေးရုံပါပဲ..။

တွံ ဂစ္ဆသိ။

တုမှေ ဂစ္ဆထ။

ဘုန်းကြီးကျောင်းမှာတော့ ကိုရင်လေးတွေက

တိ အန္တိ သိ ထ မိ မ

လို့ ကျက်ထားရတယ်..။ ဒီအစဉ်အတိုင်းလေး မှတ်ထားကြပေါ့..။

ပုရိသော ဂစ္ဆတိ

ပုရိသာ ဂစ္ဆန္တိ

တွံ ဂစ္ဆသိ။

တုမှေ ဂစ္ဆထ။

အဟံ ဂစ္ဆာမိ။

မယံ ဂစ္ဆာမ။)

သင်ခန်းစာအသစ်အတွက် စကားလုံးအသစ်တွေ တစ်ခေါက်လောက်ဖတ် (မမှတ်မိရင် နောက်တစ်ခေါက်လောက် နည်းနည်းအော်..)

Vocabulary

အသရဆုံး ပုလ္လိင်နာမ်ပုဒ်များ (Masculine nouns ending in-a)

ဓီဝရ(တံငါသည်)

မစ္ဆ(ငါး)

ပိဋက (ခြင်းတောင်း)

အမစ္စ(အမတ်၊၀န်ကြီး)

ဥပါသက (ဥပါသကာ)

ပါသာဒ(ပြသာဒ်၊နန်းတော်၊)

ဒါရက (ကလေးသူငယ်)

သာဋက (အ၀တ်ပုဆိုး)

ရဇက (ခ၀ါသည်၊ဒိုဘီသမား)

သပ္ပ(မြွေ)

ပဥှာ (မေးခွန်း၊ပြဿနာ)

သုက/သုဝ (ကြက်တူရွေး)

သောပါန(စောင်တန်း၊ စင်္ကြန်လမ်း)

သူကရ/၀ရာဟ (၀က်)

ပစ္စုပ္ပန်ကြိယာများ (Verbs in Present Tense)

ပတတိ (ကျ၏)

ဓေါဝတိ (လျှော်ဖွပ်၏)

္ဋ္ဌ္ဌicchati (အလိုရှိ၏) (မြန်မာလို အက္ခရာ အိ ပျောက်နေလို့...)

ဍသတိ (ကိုက်၏)

ပုစ္ဆတိ (မေးမြန်း၏)

ပက္ကောသတိ (ခေါ်၏)

ခါဒတိ (စား၏) (ဘုဉ္ဇတိလည်း စားတာပဲနော် အ၀စားတာ.. ;) ။ ဒီ ခါဒတိ စားတာက မုန့်ပဲသရေစာကို စား..)

ဟနတိ (သတ်၏)

သြတရတိ (ဆင်းသက်၏)

နိက္ခမတိ (ထွက်၏)

အပါဒါန် (Ablative Case) (အပါဒါနကာရက)

ပြီးခဲ့တဲ့ ၀ါကျတွေအလိုအရ ရွာကိုတော့ ရောက်သွားပြီ..။ ရွာလည်း ရောက်ရော ဟိုက မေးခွန်းတစ်ခု ကောက်မေးလိုက်တယ်..။ ကုတော အာဂစ္ဆသိ တွံ (Where do u come from?)...မင်း ဘယ်က လာသလဲ တဲ့..။

ကဲ လာတဲ့နေရာကို ဖြေရတော့မယ်..။ (အတိတ်တွေ အနာဂတ်တွေ မစဉ်းစားနဲ့ဦး ပစ္စုပ္ပန်တည့်တည့်ရှု ယောဂီ..)

နေရာပြပုဒ်ကို အပါဒါန်လို့ မှတ်ထား..။ စာပေအသုံးကတော့ အပါဒါနကာရက(Ablative Case) ပေါ့..။

မြန်မာစကားမှာ မှ၊ အောက်၊ ထက်၊ စသည် ဘာသာပြန်ဆိုရေးသားရတဲ့ စကားလုံးတွေကို ပြောတာပါ..။

ဥပမာဝါကျလေးတွေ ဖတ်ကြည့်ပေါ့။

ရန်ကုန်မှ လာသည်။

သူ့အောက်ငယ်သည်။

သူ့ထက် ကြီးသည်။

စကားပြောမြန်မာစာမှာတော့ ကတ္တားနဲ့ အတူတူ

သူက ရန်ကုန်က လာတာ..။(သူသည် ရန်ကုန်မှ လာ၏)

သူမက စင်ကာပူက လာတာပါ။(သူမသည် စင်ကာပူမှ လာ၏။) က ဆိုတာလေးကို သုံးကြတာ လူတိုင်းသိပြီးသားဖြစ်မယ်..။

ပါဠိလို အပါဒါန်ပုဒ်လေးတွေ ရေးမယ်ဆိုတော့

ယောက်ျားက ဘယ်က လာတာလဲ..။

ကျောင်းက လာတယ်ပေါ့ ..

ကျောင်းဆိုတော့ ၀ိဟာရ

ဝိဟာရ (vihāra ) နောက်မှာ အာ၊ (ā)သ္မာ၊(smā ) မှာ (mhā) သုံးမျိုးထဲက တစ်မျိုးမျိုး ဆက်ပေးလိုက်ရုံပဲ ..လွယ်ပါ့..။

ဝိဟာရ+အာ=၀ိဟာရာ (ကျောင်းမှ)

vihāra+ā=vihārā

ဝိဟာရ+သ္မာ=၀ိဟာရသ္မာ (ကျောင်းမှ)

vihāra+smā=vihārasmā

ဝိဟာရ+မှာ=၀ိဟာရမှာ (ကျောင်းမှ)

vihāra+mhā=vihāramhā

နောက်ဆက်စကားလုံးသုံးမျိုးရှိတယ်ဆိုတာ သတိပြုခဲ့ပေရော..

ဝါကျအပြည့်အစုံလေး ရေးကြစို့..။

ယောက်ျားသည် ကျောင်းမှ ရွာသို့ လာ၏။

ပုရိသော ၀ိဟာရသ္မာ(၀ိဟာရာ/၀ိဟာရမှာ) ဂါမံ အာဂစ္ဆတိ။

အများကိန်းနောက်ဆက်ကတော့ ကရိုဏ်းနဲ့ အတူတူပဲ။ ဧဟိ(ehi) သို့မဟုတ် ဧဘိ (ebhi) သာဆက်ပေးလိုက်..။

ယောက်ျားတို့သည် ကျောင်းတို့မှ ရွာတို့သို့ လာကြကုန်၏။

ပုရိသာ ၀ိဟာရေဟိ (ဘိ) ဂါမေ အာဂစ္တန္တိ။

မြန်မာဝါကျတွေ ပါဠိဝါကျပြောင်း...။

  1. မြင်းတို့သည် ရွာမှ တောင်ပေါ်သို့ ပြေးကြ၏။
  2. ကုန်သည်တို့သည် ကျွန်းမှ ဘုန်းတော်ကြီးကျောင်းသို့ သာဝကများနှင့်အတူ လာကြ၏။
  3. သူခိုးတို့သည် ၀က်တို့ကို မြားတို့ဖြင့် ပစ်ခတ်ကြ၏။
  4. ဥပါသကာသည် ရဟန်းထံမှ တရားစကားကို မေးမြန်း၏။
  5. ကလေးငယ်သည် သူငယ်ချင်းနှင့်အတူ ကျောက်ဆောင်ပေါ်မှ လိမ့်ကျ၏။
  6. ခွေးသည် ကလေးငယ်ကို ကိုက်၏။
  7. ၀န်ကြီးများသည် ဘုရင်မင်းမြတ်နှင့်အတူ နန်းတော်မှ ထွက်ကြ၏။
  8. ယောက်ျားတစ်ယောက်သည် ကျွန်းမှ သမင်ကို ယူဆောင်လာ၏။
  9. လယ်သမားသည် သစ်ပင်ပေါ်မှ ဆင်း၏။
  10. ခွေးများသည် မြင်းများနှင့်အတူ လမ်းအတိုင်း(လမ်းဖြင့်) ပြေးကြ၏။

ခက်ရင် ခက်တယ်မှတ်..လွယ်သွားလိမ့်မယ်..;)...

No comments: