02 July, 2011

ဓမ္မဂင်္ဂါပါဠိသင်ခန်းစာ (၅)

Vocabulary
အသရဆုံး ပုလ္လိင်နာမ်ပုဒ်များ (Masculine nouns ending in-a)

တာပသ (ရသေ့)
အာစရိယ (ဆရာ)
ဝေဇ္ဇ (ဆေးဆရာဝန်)
သီဟ (ခြင်္သေ့)
လုဒ္ဒက (မုဆိုး)
အဇ (ဆိတ်)
ဝါနရ/မက္ကဋ (မျောက်)
လာဘ (လာဘ်၊ အမြတ်အစွန်း)
မဉ္စ(အိပ်ရာ)
ကုဒ္ဒါလ (တူရွင်း)

ပစ္စုပ္ပန်ကြိယာများ (Verbs in Present Tense)
ရောဒတိ (ငို၏)
ဟသတိ (ရယ်၏)
လဘတိ (ရ၏)
ပ၀ိသတိ (၀င်၏)
ဒဒါတိ (ပေး၏)
အာဒဒါတိ (ယူ၏)
ကီဠတိ (ကစား၏)
နှဟာယတိ (ရေချိုး၏)
ākaḍḍhati(ဆွဲ၏)
ပဇဟတိ (ပယ်စွန့်၏)

သမ္ပဒါန် (Dative Case) (သမ္ပဒါနကာရက)

ဗုဒ္ဓဘာသာဝင်တပည့်တွေကတော့ ရဟန်းသံဃာများကို ဆွမ်းပဲ ကပ်ကပ် ..သင်္ကန်းပဲ ကပ်ကပ် မကြာခဏဆိုရတဲ့ ပါဠိစကားလေးရှိတယ်..။
ဣမံ ပိဏ္ဍပါတံ သံဃဿ ဒေမ။
ဣမံ စီဝရံ သံဃဿ ဒေမ ။
ဤဆွမ်းကို သံဃာတော်အား (သံဃာတော်အတွက်) လှူဒါန်းကြပါ၏။
ဤသင်္ကန်းကို သံဃာတော်အား (သံဃာတော်အတွက်) လှူဒါန်းကြပါ၏ ။

ခု အဲဒါ သင်ပေးရမှာ။
''အား၊ အတွက် (အကျိုးငှါ)'' လို့ မြန်မာဘာသာစကားနဲ့ ပြန်ဆိုရေးသားရတဲ့ ဝေါဟာရပုဒ်လေးတွေကို သမ္ပဒါန်လို့ ခေါ်ရတယ်।။


အနည်းကိန်းမှာ ဿ(ssa) သို့မဟုတ် အာယ (āya) အများကိန်းမှာ အာနံ (ānaṃ) ဆက်ပေးလိုက်ရုံနဲ့ ပါဠိသမ္ပဒါန်ပုဒ်တွေ ရေးကြပေရော..။

ဘုန်းကြီးကျောင်းရောက်တိုင်း ဆိုနေရတာမို့လွယ်ပါသကွယ် ။ ပြီးတော့ နမော တဿ .... သမ္မာသမ္ဗုဒ္ဓဿ လည်း ရပြီးသားမဟုတ်လားကွယ်ရို့။

ကဲ ရေးကြစို့....
အနည်းကိန်း

Buddha+ssa=Buddhassa (Buddha+ āya=Buddhāya)
ဗုဒ္ဓဿ/ဗုဒ္ဓါယ (ဘုရားရှင်အား၊ ဘုရားရှင့်အတွက်)
ācariya+ssa=ācariyassa ( ācariya+ āya= ācariyāya)
အာစရိယဿ/အာစရိယာယ(ဆရာအား၊ဆရာ့အတွက်)

အများကိန်း
Buddha+ānaṃ=Buddhānaṃ ဗုဒ္ဓါနံ (ဘုရားရှင်တို့အား၊ ဘုရားရှင်တို့အတွက်)
ācariya+ānaṃ=ācariyānaṃ အာစရိယာနံ(ဆရာတို့အား၊ဆရာတို့အတွက်)

အရိပ်ပြရင် အကောင်ထင်ကြပေတော့॥ လက်တွေ ညောင်းတယ်။ ခါးတွေ အောင့်တယ် စာရိုက်ရတာ။;)လေ့ကျင့်ခန်းလုပ်ရင်းနဲ့ သဘောပေါက်သွားမယ်။

မြန်မာမှ ပါဠိဘာသာပြန်ဆိုဖို့ လေ့ကျင့်ခန်းလေးတွေ ပေးလိုက်မယ်..

1. ကုန်သည်တို့သည် ၀န်ကြီးများအတွက် မြင်းမျာကို သယ်ဆောင်လာကြ၏။
2. မုဆိုးသည် ကုန်သည်အတွက် ဆိတ်ကို သတ်၏။
3. အမျိုးသားတစ်ယောက်သည် လယ်သမားအတွက် သစ်ပင်များကို လွှဖြင့် ဖြတ်ပေး၏။
4. သမင်တို့သည် ခြင်္သေ့ထံမှ ပြေးကြ၏။
5. ဘုရင်မင်းမြတ်သည် ဥပါသကာတို့နှင့်အတူ ဘုရားရှင်အား ရှိခိုး၏။
6. သူခိုးတို့သည် ရွာများမှ တောင်များပေါ်သို့ ပြေးကြ၏။
7. ခ၀ါသည်သည် ဘုရင်မင်းမြတ်အတွက် အ၀တ်များကို လျှော်ဖွပ်၏။
8. တံငါသည်သည် လယ်သမားအတွက် ငါးများကို ခြင်းတောင်းများဖြင့် သယ်ဆောင်လာ၏။
9. ဆရာသည် ကျောင်းသို ၀င်လာ၏။
10. မြွေသည် မျောက်ကို ကိုက်၏။
11. လူကလေးတို့သည် ပုဏ္ဏားကြီးအတွက် အိပ်ရာကို ဆွဲလာကြ၏။
12. သူခိုးတို့သည် လူများနှင့်အတူ နန်းတော်ထဲသို့ ၀င်လာကြ၏။
13. လယ်သမားတို့သည် တံငါသည်ထံမှ ငါးများကို ရရှိကြ၏။
14. ၀က်တို့သည် ကျွန်းမှ တောင်ကုန်းဆီသို့ သွားကြ၏။
15. ဘုရင်သည် နန်းတော်ကို စွန့်၏။ သားတော်သည် ကျောင်းတော်သို့ ၀င်၏။

သင်ခန်းစာအသစ်တစ်ခုတည်းနဲ့ ဆိုင်တာမဟုတ်တော့ဘူးနော်.. အဟောင်းလေးတွေ ကြေညက်ခဲ့ကြရဲ့လား စမ်းသပ်မှုတွေလည်း ပါဝင်ပေလိမ့်မယ်..။ ဘာပဲဖြစ်ဖြစ် ရဲရဲသာ မှားကြပေရော..။

''The word 'Mistake' is not found in my dictionary'' (Mr Bean's Johnny English)

''ကျနော့်အဘိဓာန်မှာ အမှားဆိုတဲ့ စကားလုံးမရှိဘူး'' ဟု ဂျော်နီအင်္ဂလိပ်မည်သော စုံထောက်ကျော် မစ္စတာဘိန်းက ဗြိတိသျှထောက်လှမ်းရေးအကြီးအကဲအား ခပ်တည်တည် ပြောချလိုက်ပြီးနောက်တွင်မူ....(သိချင်ရင် ဗီဒီယိုဖန်သားပြင်တွင် ရှုစားကြပေရော။ လေ့ကျင့်ခန်းလေးတော့ ပြီးအောင် လုပ်ဦးလေ .. ချက်ချင်းကြီး..)

1 comment:

Crystal said...

သိပ်တန်ဖိုးရှိတာပဲ။
စာအုပ်တစ်အုပ်လို သိမ်းပြီး ဖတ်ကြည့် လေ့ကျင့်ခန်းလုပ်ရရင်ကောင်းမယ်နော်။

စာတွေ သင်ပေးတဲ့ ဆရာတော်လည်း ပင်ပန်းလှရော့မယ်။