26 January, 2013

အမေနေ့ ဓမ္မဂင်္ဂါစကား


အမေနေ့ ဓမ္မဂင်္ဂါစကား
-----------------
ငါသည် အမြတ်ဆုံး
ငါသည် အကြီးဆုံး
ငါသည် အချီးမွမ်းထိုက်ဆုံး...
(ဗုဒ္ဓ)

ဘုရားရှင်ကတော့ မွေးဖွားတော်မူတာနဲ့ ကိုယ်တော်တိုင် ရဲရဲရင့်ရင့်ကြွေးကြော်တော်မူပါတယ်..။

ငါ့သား အချောဆုံးငါ့သား အတော်ဆုံး
ငါ့သား အလိမ္မာဆုံး...
(အမေ)


အမေကတော့ သားကိုယ်စား ခပ်ကြွားကြွား ဟစ်ကြွေးခဲ့တာပါ...။
(သားက အဲဒီလို အော်ဖို့ သတ္တိ၊ ပညာ၊ သိက္ခာတွေ မွေးမြူရဦးမှာကိုး)

အမေကတော့ သားအတွက်ဆိုရင် ကမ္ဘာကြီးက တစ်ဘက် ...သားက တစ်ဘက်...။

ဓမ္မဂင်္ဂါ(၁၃၇၄ ခုနှစ်
ပြာသိုလပြည့်နေ့)
(အမေနေ့မှာ အဖေနေမကောင်းဘူးဆိုလို့ နေပြည်တော်တရားပွဲပြီးတာနဲ့ အညာကို ပြန်ဖို့ ဟိုင်းဝေးဘတ်စ်စောင့်ရင်း ...။)

1 comment:

ဝီရဓမ္မ( Brave The Dhamma) said...

လိုချင်တာလေးတစ်ခုသယ်သွားပါတယ်ဘုရား။ Cbox ရှာမတွေ့လို့ ကြုံတဲ့နေကပဲ... ကျန်းမာချမ်းသာပါစေ။