ငယ်ငယ်တုန်းက စာတွေ ဖတ်ခဲ့ဖူးမှာပေါ့။ အထက်တန်းကျောင်းပြဌာန်းစာမှာ စမ်းချောင်းလေးဆိုတာ တွေ့ခဲ့ဖူးတယ်။ သူကလည်း ဘုန်းတော်ကြီးရဲ့ မန်လည်ဆရာတော့် မဃဒေ၀လင်္ကာနဲ့ လယ်တီဆရာတော့် ဒီပနီသင်ရိုးတွေကြောင့်သာ မြန်မာစာပေတီးမိခေါက်မိလေးဖြစ်ခဲ့ရတာကလား။ အမှန်တကယ်တော့ ဘုန်းတော်ကြီးရဲ့ သင်ရိုးညွှန်းတမ်းမှာ မြန်မာစာတွေ မပါတာကြာပေါ့။ ဘုန်းတော်ကြီးတွေကလည်း အ-မလိုလိုနဲ့ အ-တာကိုး။
ရွှေပြည်ကြီးမှာ စာဝါပို့ချခဲ့စဉ် တပည့် ရှင်ငယ် ရဟန်းငယ်လေးတွေကို မအအောင် မြန်မာစာ စာစီစာကုံး အနှုံးအဖွဲ့လေးတွေလုပ်ပေးခဲ့လေသပေါ့။ ယုတ်စွအဆုံး မေတ္တာစာလေးလောက်တော့ ရေးတတ်ရမယ်လေ။
ခုရေးနေတဲ့စာဟာ သူ့ဘေးနားက သူ့ကို ထမင်း အဲ ဆွမ်းချက်ကျွေးနေတဲ့ မိတ်ဆွေရဟန်းတော်က စမ်းချောင်းဆိုတဲ့ စကားမပါပဲ စာရေးခွင့်မပြုဆိုလို့ စမ်းချောင်းလေးအကြောင်း ထည့်ရေးနေမိတာ။
ဒီနေ့တော့ ရွှေကျင်ဆရာတော်ကြီးအကြောင်းလည်း ပြောဖြစ်တယ်။ ဆရာတော်ကြီးက ၀ိနည်းဓိုရ်လွန်းတော့ ကိုယ့်အဖေကိုတောင် ကိုယ်မယုံတာတဲ့။ အိမ်ကို ကြွပြီး တစ်ခုခု အလှူခံတိုင်း အမေနဲ့ မတွေ့ရင် အလှူမခံဘူးတဲ့။ အဲဒါကို အဖေက ဖီလင်ဖြစ်နေတာပါ။ ၀ိနည်းတရားတော်အရ ဆွေမျိုးမတော်ရင် အလှူမခံရဆိုတော့ ရွှေကျင်ဆရာတော်လောင်းလျာမောင်ပဇင်းလေးကလည်း သူ့ဖခင်ဆီမှာ ဘယ်တော့မှ အလှူမခံတာတဲ့။ ဆရာတော်လေးက အမေကတော့ သေချာတယ်။ အဖေက မရေရာဘူးလို့ ကြံတော်မူသကိုး။ ဆရာတော်လေးရဲ့ ခမည်းတော်ကလည်း ဒီလောက်တောင် ၀ိနည်းသည်းလွန်းတာ “ မယုံရင် ကိုယ်တော့်အမေကို မေးဗျား“တဲ့။
အဟတ်။ ဆရာတော်ကြီး မေးမမေးတော့ မသိပေါင်။ ရတနာပုံနေပြည်တော်ကြီးမှာတော့ မင်းဆရာဖြစ်ခဲ့လေသပေါ့။
အဲဒီဆရာတော်ကြီးကြောင့်ပဲ ရွှေပြည်ကြီးမှာ ရွှေကျင်ဂိုဏ်းကြီးရယ်လို့ ပေါ်ထွန်းခဲ့လေသပေါ့။
ရေးချင်တာက စမ်းချောင်းလေး အကြောင်းပါ။ ရေးမိတာက စပ်မိစပ်ရာ။
No comments:
Post a Comment