07 April, 2010

အနာဂတ၀င်သင်္ကြန်



ရှောင်တော့ရှောင်လိုက်တာပဲ
လမ်းလေးကိုက
ကျဉ်းလွန်းတယ်
ခုတော့
စိုပေါ့

ရေပက်ခံထွက်လာမယ့်
ဒုက္ခသစ္စာရေ
ငါ့သင်္ကြန်စာနဲ့ငါ
ငါ့ရွာလေးပါပဲ

အဝေးရောက်
ရှုမှတ်မိတော့
လွမ်းတယ်
(နှမျောမိသေးရဲ့)

နှစ်ဦးမှာ
လရောင်ကစူးချင်သေး
ကျောင်းသင်္ခန်းလေးက
ငိုက်လို့

သံသရာရိုးကို
လျှောက်မိမှတော့
ပိတောက်မပါလည်း
ရူးတော့တယ်။

ဓမ္မဂင်္ဂါ

8 comments:

မော်ကွန်းသစ် said...

လမ်းလေးကိုက
ကျဉ်းလွန်းတယ်
နှစ်ဦးမှာ
လရောင်ကစူးချင်သေး
ပိတောက်မပါလည်း
ရူးတော့တယ်။

မော်ကွန်းသစ် said...

လှုပ်လီ၊ လှုပ်လဲ့ပလီ။
ရူးချင်တယ် ဒီတစ်လလုံး။

linnhtatshein said...

ရွှဲစိုအောင် ပတ်လိုက်တော့ကွယ်
ကိုဂင်္ဂါရယ်

ရှင်သစ္စာ said...

နှစ်သစ်မှာ ဖြူစင်ဖို့အရေး
ဂင်္ဂါရေနဲ့ ဆေးပါ့မယ်..
မထွေးအသားခါးလား ဂင်္ဂါဂျီးရေ..

zarchi said...

သံသရာဟာ...ပွိုင့်လေးတခုဆို..
သိပ်ကောင်းမှာပဲလို့...
ကိုယ့်အတ္တနဲ့ကိုယ်...
ရူးတော့တယ်။

mouse said...

ဒီကဗျာလေး သဘောကျလို့ fb မှာ link share ဖို့ ခွင့်ပြုပါ ဘုရား... comment မရေးဖြစ်ပေမယ့် အမြဲရောက်ပါတယ် ... အရှင်ဘုရား ကျန်းမာချမ်းသာပြီး သာသနာအကျိုးဆထက်တပိုး ထမ်းရွက်နိုင်ပါစေဘုရား...

ko said...

ပြောလွန်းမက ပြောလွန်းလို့
ပြန်ပြောလိုက်ပါတယ်။

ရှောင်တော့ရှောင်လိုက်တာပဲ
လမ်းလေးကိုက
ကျဉ်းလွန်းတယ်
ခုတော့
စိုပေါ့

တတ်နိုင်ဘူး စိုပေါ့

မမင်း said...

ဒါမျိုးမကြောက်လို့
ရွာရိုးလျှောက်တာ
စိုချင်လည်း ...
စိုပေါ့