09 March, 2010

ဧဟိသွာဂတံ မမဝေ

အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံဖြိုးရေးအဖွဲ့ကြီး၏ ၀က်ဘ်ဆိုဒ်စာမျက်နှာများကို ဓမ္မဒါနကုသိုလ်ရှင်The Bliss Foundation ၏ ပံ့ပိုးမှုဖြင့် မကြာမီအဆက်မပြတ်တင်ဆက်ပေးနိုင်တော့မည် ဖြစ်ပါသည်။ ပထမဆုံးတင်ဆက်မှုအနေဖြင့် အဖွဲ့ကြီး၏ ဆယ်နှစ်မြောက်နှစ်ပတ်လည် အထူးထုတ်စာစောင် ကို ဖတ်ရှုနိုင် တော့မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အဖွဲ့ရဟန်းတော်များအနေဖြင့် ၀က်ဘ်ဆိုဒ်သတင်းကို သီတင်းသုံး ဖော်အချင်းချင်းဖြန့်ဝေပေး တော်မူကြပါ ရန်နှင့် ဤ၀က်ဘ်ဆိုဒ်စာမျက်နှာတွင် ဖော်ပြရန် အရှင်တို့ အနေဖြင့် လောကရေး ဓမ္မရေး အတွေး အမြင်၊ကဗျာ ဆောင်းပါးများနှင့် သာသနာရေးဘာသာရေးဆိုင်ရာ သတင်းများကိုလည်း ပေးပို့ကြပါရန် လျှောက်ထားအပ် သည် အရှင်တို့ဘုရား။

ဒီမှာပါဘုရား ဧဟိသွာဂတံ

မေတ္တာဖြင့်
အရှင်ဝိစိတ္တသာရ (အယ်ဒီတာချုပ်)
အထွေထွေအတွင်းရေးမှူး


No comments: