30 May, 2010

သီရိလင်္ကာရေတပ်မတော်ဗုဒ္ဓနေ့ကျင်းပ

သီရိလင်္ကာရေတပ်မတော်ဟာ ဗုဒ္ဓအရှင်မွေးဖွားသန့်စင်တော်မူခြင်း၊ ဘုရားအဖြစ်သို့ရောက်တော်မူခြင်းနဲ့ မဟာပရိနိဗ္ဗာန်ပြုတော်မူခြင်းများအထိမ်းအမှတ် ဝေသာခနေ့ထူ့နေ့မြတ်ပွဲတော်ကို သီရိလင်္ကာကျွန်းလုံး အနှံ့ ရေတပ်အခြေစိုက်စခန်းတွေမှာ ကျင်းပခဲ့ပါတယ်။

ရေတပ်မတော်သားများဟာ ဝေသာခပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့ကြပြီး ရတနာသုံးပါး ပူဇော်ခြင်း၊ သီလ ဆောက်တည်ခြင်းနဲ့ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းစတဲ့ ကုသိုလ်ရေးလုပ်ငန်းများကို ရေတပ်မတော် အခြေစိုက် စခန်းများစွာမှာ အလိုအလျောက်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ရောင်မျိုးစုံဝေသာခ မီးပုံးများ ထွန်းညှိခဲ့ကြပြီး လာရောက်ကြည့်ရှုတဲ့ ပြည်သူလူထုကိုလည်း အစားအစာများနှင့် ဧည့်ဝတ်ပြုခဲ့ကြပါတယ်။

ဘာသာရေးအဆုံးအမကနေ ရရှိတဲ့ ပုဂ္ဂလိကအရည်အသွေးများဟာ ရေတပ်မတော်သားများရဲ့ ဘ၀မှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ဘာသာရေးလိုက်စားတဲ့အနေနဲ့ ဝေသာခနေ့မြတ်မှာ ဗုဒ္ဓယဉ်ကျေးမှု များကို ဆောင်ရွက်ကြဖို့ ရေတပ်မတော်သားများဟာ ပုံမှန်တာဝန်က ခွင့်ယူခဲ့ကြပါတယ်။ အ၀တ်ဖြူဝတ်ထားတဲ့ ရေတပ်မတော်သားများဟာ အချို့က သီတင်းသီလဆောက်တည်ကြပြီး အချို့ကတော့ ဗုဒ္ဓအရှင်ရဲ့ ရှေ့တော် မှောက်မှာ ဆီမီးညှိထွန်းခြင်း အမွေးနံ့သာနဲ့ ပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

ပွဲတော်ကျင်းပရာနေရာများရဲ့ တည်ငြိမ်လေးနက်မှုဟာ ဝေသာခပွဲတော်ဆင်နွှဲကြသူများရဲ့ ရင်ထဲမှာ ဘာသာရေးစိတ်အားထက်သန်မှုကို မြင့်မားအောင် ဖန်တီးပေးခဲ့ပါတယ်။ ဆရာတော်သံဃာတော်တွေ ဟောကြားတဲ့ ဗုဒ္ဓအရှင်ရဲ့ တရားဓမ္မကို နာယူခွင့်ရတဲ့အတွက် အသိဉာဏ်အမြင်တွေလည်း တိုးခဲ့ကြပါတယ်။ တိုင်းပြည် တာဝန်အတွက် အသက်စွန့်ထမ်းဆောင်နေကြတဲ့ ရေတပ်မတော်သားကြီးများဟာလည်း ကုသိုလ်ကောင်းမှုမှာ မွေ့ပျော်ကာ ဆုတောင်းပတ္ထနာတွေ ပြုခဲ့ကြတာပါ။

မူလစာမျက်နှာ သို့


Western Naval Area





Northern Naval Area





Eastern Naval Area




No comments: