16 July, 2010

ထိုင်လျက် ကျကွဲခြင်း

တံခါးခေါက်တာက
အလွယ်လေး
ဖွင့်ပေးလိုက်ရတဲ့ အခန်းက
အကျယ်ကြီး...။

ဧည့်သည်ရောက်မှတော့
အခွံမဟုတ်တော့ဘူးပေါ့
ပြန်ထွက်သွားကာမှ
အခွံဖြစ်ကျန်ရသေး..။

“အားလုံးခရီးသွားတွေချည်းပါပဲလေ” တဲ့
ရသေ့ကြီးက ပုတီးမပါပဲ
ရွတ်တယ်

ငါကတော့
စိတ္တက္ခဏတိုင်း
ထိုင်လျက်ကျကွဲ...။

ဓမ္မဂင်္ဂါ
၁၇-၀၇-၂၀၁၀

2 comments:

မောင်စိတ်ကောင်း said...

ပုတီးမပါပဲ ခဏ ခဏမရွတ်မိစေနဲ့။

Crystal said...

ရောင်းရင်းတွေ ပြန်လို့ ကြေကွဲနေလေသလား...