14 July, 2010

ပဋိစ္စသမုပ္ပါဒ် Chatroom

အိမ်ပြန်ချိန်မဟုတ်ပေမယ့်
ဥသြတွန်သံ ကြားတယ်

ဝေဒနာက္ခန္ဓာပေါ်
တိမ်းမှောက်ပစ်လိုက်တဲ့
ဥပါဒါန်လေးရေ
လှိုင်းပုတ်သံတွေ
ချိုပါရဲ့လားကွယ်

ဒဏ်ရာပြင်းစရာမလိုဘူး
သွေးစက်ပြနိုင်ဖို့ပဲ တဲ့
ဒုက္ခသစ္စာဟာ
နာမည်တစ်မျိုးနဲ့ ရောက်လာတယ်

သံသရာဆိုတာကို
မယုံတော့ဘူးပေါ့
ငါပဲ အယူလွဲခဲ့တယ်။

ဓမ္မဂင်္ဂါ
၁၅-၀၇-၂၀၁၀

2 comments:

Unknown said...

မသေချာဘူးကိုယ့်ဆရာ ပစ္စုပ္ပန်ကို ရဲရဲယုံပစ်လိုက်။

Crystal said...

“ကံကို ယုံပြီး ဆူးပုံမနင်းရ”