18 August, 2010

သဘောတူထားရတဲ့ဝေါဟာရ

ညနေခင်းကို ချဲ့ပေးပါ
အတွေးက ကျယ်နေလို့

အုတ်ရောရောကျောက်ရောရော
အိပ်မက်တွေ စီချနေမိသေး

အရူးက အရူး
အကောင်းက အကောင်း
တစ်ဝက်တစ်ပျက်စာရွက်တွေ လက်မှတ်မထိုးဘူး

ပုဒ်ထီးမချမိတဲ့ အမှားလေးတွေမှာမှ
ပုဒ်မတွေက ၀ဲလာတယ်

ခုရော နောင်ရောစကားလုံးတွေ
လှတော့ လှတယ်
ဘာသာဗေဒနယ်နိမိတ်ထဲ
ကန့်လန့်

မီးပျက်တဲ့ည
မီးခလုတ်ရှာစရာမလိုတော့ဘူးတဲ့
ကောင်းဘွိုင်တွေ ခြင်ယောင်ဆောင်လာတယ်



ဓမ္မဂင်္ဂါ

1 comment:

Unknown said...

ဟေ့ လူတွေ...
မီးပျက် နေပါတယ်ဆို...