27 November, 2010

ဗာရာဏသီဆောင်းအမီ

ဆောင်းတစ်ထပ်
နှင်းတစ်ထပ်
မညှာမတာ ဟိမ၀န္တာအလွမ်းတစ်ထပ်

သံသရာတစ်ခုလုံးချမ်းတော့
ပါရမီနွေးနွေးလေးကိုပဲ
ဆွဲခြုံမိ..

ဟိုနားဒီနားတိုးစရာမလို
စကားလုံးအငွေ့လေးတွေ
မီးညှိ ၀ိုင်းဖွဲ့လိုက်ရုံ..။

ဓမ္မဂင်္ဂါ
၂၇-၁၁-၂၀၁၀


1 comment:

Ashin Acara. said...

... ပလုံ။

(The old pond--
a frog jumps in,
sound of water.)

(အိုင်အိုကြီးပါလား
အလို ရွှေဖားခုန်ဆင်းသွား
ပလုံမြည်သံကြား)

:)