14 April, 2011

သင်္ကြန်နေ့တွေ ကြတ်တယ်...

ပိတောက်မပါဘဲ
စိတ်ထဲမှာ ပွင့်တဲ့
ပန်းတွေ ရွှဲရွှဲစိုလို့...

မြူမှောင်ဝေကင်း
သင်္ကြန်ရေနဲ့
နွေလယ်ကောင် ချမ်းနေမိသေး..

ဟောလီးဝုဒ်မဏ္ဍပ်မှာတော့
ဘီယွန်းစေးတို့ ကနေပြီ တဲ့
တော်တော်နောက်တဲ့ တယ်လီဖုန်း...

ပုတီးကုံးလေး
ပျောက်နေတာလည်း
ရှာတုန်း..။

ဓမ္မဂင်္ဂါ
(၁၅-၀၄-၂၀၁၁)
သင်္ကြန်အကြတ်နေ့

1 comment:

ashin kusalasami said...

ခြေသံလေး ဖော့နင်းလာတဲ့ ကဗျာလေးလို့ ဆိုချင်တယ်။ သဘောကျမိပါတယ်။